ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 24:1-14 Common Language Bible (BCL)

1. နောက်​ငါး​ရက်​ကြာ​သော​အ​ခါ​ယဇ်​ပု​ရော​ဟိတ် မင်း​အာ​န​နိ​သည် ဘာ​သာ​ရေး​ခေါင်း​ဆောင်​အ​ချို့ တို့​လိုက်​ပါ​လျက် တေ​ရ​တု​လု​နာ​မည်​ရှိ​သော ရှေ့​နေ​နှင့်​အ​တူ​ကဲ​သ​ရိ​မြို့​သို့​ရောက်​ရှိ​လာ​၏။ ထို​သူ​တို့​သည်​ဘု​ရင်​ခံ​ဖေ​လဇ်​၏​ရှေ့​တော်​သို့ ဝင်​၍​ပေါ​လု​အ​ကြောင်း​နှင့်​ပတ်​သက်​၍​စွဲ​ချက် တင်​ကြ​၏။-

2. ဘု​ရင်​ခံ​မင်း​သည်​ပေါ​လု​ကို​ရှေ့​တော်​သို့​ခေါ် ယူ​ပြီး​သော​အ​ခါ ရှေ့​နေ​တေ​ရ​တု​လု​က ``အ​ရှင် ဖေ​လဇ်​မင်း၊ အ​ရှင်​၏​အ​မြော်​အ​မြင်​ကြီး​မှု ကြောင့် အ​ကျွန်ုပ်​တို့​သည်​အ​လွန်​အေး​ချမ်း​သာ ယာ​စွာ​နေ​ထိုင်​နိုင်​ကြ​ပါ​၏။ အ​ရှင်​သည် အ​ကျွန်ုပ်​တို့​၏​တိုင်း​ပြည်​အ​ကျိုး​အ​တွက် လို​အပ်​သော​အ​သစ်​ပြု​ပြင်​ပြောင်း​လဲ​မှု များ​ကို​ပြု​လုပ်​ပေး​လျက်​ရှိ​ပါ​၏။-

3. ဤ​ဆောင်​ရွက်​ချက်​များ​ကို​အ​ကျွန်ုပ်​တို့​သည် အ​ရပ်​တ​ကာ​တွင် အ​ခါ​ခပ်​သိမ်း​အ​ထူး ကျေး​ဇူး​တင်​စွာ​ဖြင့်​ကြို​ဆို​ကြ​ပါ​၏။-

4. အ​ကျွန်ုပ်​သည်​အ​ရှင်​၏​အ​ချိန်​ကို​များ​စွာ မ​ယူ​လို​ပါ။ သို့​ဖြစ်​၍​အ​ကျဉ်း​ချုပ်​အား​ဖြင့် အ​ကျွန်ုပ်​တို့​လျှောက်​လဲ​သည်​ကို​နား​ထောင် ပါ​ရန်​ပန်​ကြား​ပါ​၏။-

5. ဤ​သူ​သည်​အ​နှောင့်​အ​ယှက်​အ​လွန်​ပေး​တတ် သူ၊ တိုင်း​ပြည်​အ​တွက်​အန္တ​ရာယ်​ရှိ​သူ​ဖြစ်​ကြောင်း အ​ကျွန်ုပ်​တို့​တွေ့​ရှိ​ရ​ပါ​သည်။ သူ​သည်​ကမ္ဘာ အ​ရပ်​ရပ်​ရှိ​ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့ ကို ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​အောင်​လှုံ့​ဆော်​ပေး ပါ​၏။ နာ​ဇ​ရက်​ဂိုဏ်း​သား​တို့​၏​ခေါင်း​ဆောင် တစ်​ယောက်​ဖြစ်​ပါ​၏။-

6. ဗိ​မာန်​တော်​ကို​လည်း​ညစ်​ညမ်း​စေ​ရန်​ကြိုး​စား အား​ထုတ်​သ​ဖြင့် သူ့​အား​အ​ကျွန်ုပ်​တို့​ဖမ်း​ဆီး ခဲ့​ကြ​ပါ​၏။ (သူ့​အား​အ​ကျွန်ုပ်​တို့​သည်​ပ​ညတ် တ​ရား​အ​ရ​စစ်​ဆေး​စီ​ရင်​ရန်​အ​လို​ရှိ​သော် လည်း၊-

7. တပ်​မှူး​လု​သိ​သည်​လာ​၍​အ​ကျွန်ုပ်​တို့​လက် မှ​အ​တင်း​အ​ဋ္ဌမ္မ​ခေါ်​ယူ​သွား​ပါ​၏။-

8. သူ့​အား​ပြစ်​တင်​ပြော​ဆို​သူ​တို့​ကို​လည်း​အ​ရှင် ၏​ထံ​သို့​လာ​ကြ​ရန်​အ​မိန့်​ပေး​ခဲ့​ပါ​၏။) အ​ရှင်​ကိုယ်​တိုင်​သူ့​အား​စစ်​ဆေး​မေး​မြန်း​ကြည့် ပါ​လျှင်​သူ့​အား​အ​ကျွန်ုပ်​တို့​စွပ်​စွဲ​သည့်​အ​ချက် အား​လုံး​ကို​ကြား​သိ​ရ​ပါ​လိမ့်​မည်'' ဟု​လျှောက်​၏။-

9. ယု​ဒ​အ​မျိုး​သား​တို့​က​လည်း ``ဤ​စ​ကား​များ သည်​ဟုတ်​မှန်​ပါ​၏'' ဟု​ဆို​ကာ​ပေါ​လု​ကို​ဝိုင်း ၍​စွပ်​စွဲ​ပြော​ဆို​ကြ​လေ​သည်။

10. ဘု​ရင်​ခံ​မင်း​သည်​လက်​ရိပ်​ပြ​၍​ပေါ​လု​အား တင်​လျှောက်​ခွင့်​ပြု​သော​အ​ခါ​ပေါ​လု​က၊``အ​ရှင်​သည်​ဤ​လူ​မျိုး​အ​ပေါ်​၌​နှစ်​ပေါင်း များ​စွာ တ​ရား​စီ​ရင်​လျက်​နေ​ခဲ့​သူ​ဖြစ်​ကြောင်း အ​ကျွန်ုပ်​သိ​ပါ​၏။ ထို့​ကြောင့်​အ​ကျွန်ုပ်​မှာ​အ​ပြစ် မ​ရှိ​ကြောင်း​ကို အ​ရှင်​အား​လျှောက်​လဲ​ရ​သည့် အ​တွက်​ဝမ်း​မြောက်​ပါ​၏။-

11. အ​ကျွန်ုပ်​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ဘု​ရား သ​ခင်​ကို ဝတ်​ပြု​ကိုး​ကွယ်​ရန်​သွား​ရောက်​ခဲ့ သည်​မှာ​တစ်​ဆယ့်​နှစ်​ရက်​မျှ​သာ​ရှိ​ပါ​သေး သည်။ ဤ​အ​ချက်​များ​ကို​အ​ရှင်​စုံ​စမ်း​သိ ရှိ​နိုင်​ပါ​၏။-

12. ဗိ​မာန်​တော်​တွင်​ဖြစ်​စေ၊ တ​ရား​ဇ​ရပ်​များ တွင်​ဖြစ်​စေ၊ မြို့​ထဲ​တွင်​ဖြစ်​စေ​လူ​တို့​ဆူ​ပူ လှုပ်​ရှား​အောင် အ​ကျွန်ုပ်​လှုံ့​ဆော်​ပေး​သည် ကို​ယု​ဒ​အ​မျိုး​သား​တို့​မ​တွေ့​မ​ရှိ​ခဲ့ ကြ​ပါ။-

13. ယ​ခု​အ​ကျွန်ုပ်​အား​စွပ်​စွဲ​ပြော​ဆို​ကြ​သည့် အ​ချက်​များ​ကို သူ​တို့​သည်​သက်​သေ​မ​ပြ နိုင်​ကြ​ပါ။-

14. သို့​သော်​လည်း​ထို​သူ​တို့​က​လွဲ​မှား​သည်​ဟု ယူ​ဆ​သည့်​လမ်း​စဉ်​တော်​အ​ရ အ​ကျွန်ုပ်​သည် ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ကို​ကိုး​ကွယ် ကြောင်း​ကို​မူ​အ​ရှင်​အား​ဝန်​ခံ​ပါ​၏။ သို့​ရာ တွင်​အ​ကျွန်ုပ်​သည်​မော​ရှေ​၏​ပ​ညတ်​ကျမ်း နှင့်​ပ​ရော​ဖက်​ကျမ်း​များ​တွင်​ဖော်​ပြ​ပါ​ရှိ သ​မျှ​သော​အ​ရာ​တို့​ကို​ယုံ​ကြည်​ပါ​သည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 24