ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 22:26-30 Common Language Bible (BCL)

26. ထို​စ​ကား​ကို​ကြား​လျှင်​တပ်​ခွဲ​မှူး​သည်​တပ်​မှူး ထံ​သို့​သွား​၍ ``အ​ရှင်၊ အ​သို့​ပြု​ဘိ​သ​နည်း။ ထို သူ​သည်​ရော​မ​နိုင်​ငံ​သား​ဖြစ်​ပါ​၏'' ဟု လျှောက်​၏။

27. ထို​အ​ခါ​တပ်​မှူး​သည်​ပေါ​လု​ထံ​လာ​၍ ``သင် သည်​ရော​မ​နိုင်​ငံ​သား​ပေ​လော။ ငါ့​အား​ပြော ပါ'' ဟု​ဆို​လျှင်​ပေါ​လု​က ``ဟုတ်​ပါ​၏'' ဟု ဆို​၏။

28. တပ်​မှူး​က ``ငါ​သည်​ငွေ​အ​မြောက်​အ​မြား​ပေး​၍ ရော​မ​နိုင်​ငံ​သား​အ​ဖြစ်​ကို​ရ​ရှိ​၏'' ဟု​ဆို​လျှင် ပေါ​လု​က ``ငါ​မူ​ကား​ဇာ​တိ​အား​ဖြင့်​ရော​မ နိုင်​ငံ​သား​ဖြစ်​ပါ​၏'' ဟု​ပြန်​ပြော​၏။

29. သူ့​ကို​စစ်​ဆေး​မေး​မြန်း​မည့်​သူ​တို့​သည်​လည်း ချက်​ချင်း​ပင်​နောက်​သို့​ဆုတ်​ခွာ​သွား​ကြ​လေ သည်။ ပေါ​လု​သည်​ရော​မ​နိုင်​ငံ​သား​ဖြစ်​သည် ကို​လည်း​ကောင်း၊ သူ့​အား​သံ​ကြိုး​ဖြင့်​ချည်​နှောင် မိ​သည်​ကို​လည်း​ကောင်း​သိ​မြင်​သော​အ​ခါ တပ်​မှူး​သည်​ကြောက်​လန့်​လေ​၏။

30. တပ်​မှူး​သည်​ပေါ​လု​အား​ယု​ဒ​အ​မျိုး​သား​တို့ က အ​ဘယ်​ပြစ်​မှု​ဖြင့်​စွပ်​စွဲ​ကြ​သည်​ကို​အ​သေ အ​ချာ​သိ​လို​၏။ သို့​ဖြစ်​၍​နောက်​တစ်​နေ့​၌ ပေါ​လု​အား​ချည်​နှောင်​ထား​သည့်​သံ​ကြိုး​ကို ဖယ်​ရှား​စေ​ပြီး​လျှင် ယဇ်​ပု​ရော​ဟိတ်​ကြီး များ​နှင့်​ယု​ဒ​တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင် အ​ပေါင်း​တို့​ကို​စု​ဝေး​ကြ​ရန်​အ​မိန့်​ပေး လေ​သည်။ ထို​နောက်​ပေါ​လု​ကို​ခေါ်​ဆောင်​ကာ ထို​သူ​တို့​ရှေ့​တွင်​ရပ်​စေ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 22