ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 22:17-24 Common Language Bible (BCL)

17. ``အ​ကျွန်ုပ်​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​ရောက် ၍ ဗိ​မာန်​တော်​တွင်​ဆု​တောင်း​လျက်​နေ​စဉ်​ဗျာ ဒိတ်​ရူ​ပါ​ရုံ​ကို​မြင်​ရ​ပါ​၏။-

18. ထို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​သ​ခင်​ဘု​ရား​သည် ထင်​ရှား​၍ `သင်​သည်​ဆိုင်း​ငံ့​၍​မ​နေ​ဘဲ​ယေ​ရု ရှ​လင်​မြို့​မှ အ​လျင်​အ​မြန်​ထွက်​ခွာ​သွား​လော့။ ဤ​မြို့​သား​တို့​သည်​ငါ​၏​အ​ကြောင်း​သင်​သက် သေ​ခံ​ချက်​ကို​လက်​ခံ​ကြ​လိမ့်​မည်​မ​ဟုတ်' ဟု​မိန့်​တော်​မူ​၏။-

19. အ​ကျွန်ုပ်​က `သ​ခင်​ဘု​ရား၊ တ​ရား​ဇ​ရပ်​တစ်​ခု မှ​တစ်​ခု​သို့​သွား​၍ အ​ရှင့်​ကို​ယုံ​ကြည်​ကြ​သူ တို့​အား​ဖမ်း​ဆီး​ရိုက်​နှက်​သူ​မှာ အ​ကျွန်ုပ်​ပင် ဖြစ်​ကြောင်း​ထို​သူ​တို့​သိ​ကြ​ပါ​၏။-

20. အ​ရှင်​၏​အ​ကြောင်း​သက်​သေ​ခံ​သူ​သ​တေ​ဖန် ကို​သတ်​ကြ​သော​အ​ခါ​၌​လည်း အ​ကျွန်ုပ်​သည် အ​နီး​တွင်​ရပ်​လျက်​အ​လို​တူ​အ​လို​ပါ​ပြု ခဲ့​ပါ​၏။ သူ့​ကို​သတ်​ကြ​သော​သူ​တို့​၏​အ​ဝတ် များ​ကို​စောင့်​ထိန်း​ပေး​ခဲ့​ပါ​၏' ဟု​ပြန်​လျှောက် သော်၊-

21. သ​ခင်​ဘု​ရား​က `သွား​လော့။ ရပ်​ဝေး​ရှိ​လူ​မျိုး ခြား​တို့​ထံ​သို့​သင့်​အား​ငါ​စေ​လွှတ်​မည်' မိန့် တော်​မူ​၏'' ဟု​ဆို​၏။

22. လူ​တို့​သည်​ဤ​မျှ​ကြာ​အောင်​နား​ထောင်​နေ ကြ​ပြီး​နောက် ဤ​သို့​ပေါ​လု​ပြော​ဆို​သည်​ကို ကြား​သော​အ​ခါ ``ဤ​သူ​အား​ကမ္ဘာ​မြေ​ကြီး ပေါ်​မှ​သုတ်​သင်​ပယ်​ရှင်း​လော့။ သူ့​အား​သတ် လော့။ သူ​သည်​အ​သက်​ရှင်​ရန်​မ​သင့်'' ဟု အ​သံ​ကုန်​ဟစ်​အော်​ကြ​၏။-

23. သူ​တို့​သည်​ဝတ်​လုံ​များ​ကို​ဝှေ့​ရမ်း​ကာ​မြေ မှုန့်​ကို မိုး​ကောင်း​ကင်​သို့​ပစ်​လွှင့်​လျက်​အော် ဟစ်​ကြ​၏။-

24. ထို​အ​ခါ​ရော​မ​တပ်​မှူး​သည်​ပေါ​လု​ကို​တပ် စ​ခန်း​ရဲ​တိုက်​ထဲ​သို့​ခေါ်​ဆောင်​သွား​ရန်​နှင့် အ​ဘယ်​ကြောင့်​ဤ​သို့​လူ​တို့​ဆူ​ပူ​ဟစ်​အော်​ရ ကြောင်း​ကို​ပေါ​လု​အား​ရိုက်​၍​စစ်​ဆေး​ရန် အ​မိန့်​ပေး​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 22