ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 22:1-12 Common Language Bible (BCL)

1. ``ညီ​အစ်​ကို​များ​နှင့်​ဖ​ခင်​တို့၊ ယ​ခု​အ​ကျွန်ုပ် ထု​ချေ​မည့်​စ​ကား​ကို​နား​ထောင်​ကြ​ပါ'' ဟု ဆို​၏။-

2. ထို​သို့​ဟေ​ဗြဲ​ဘာ​သာ​ဖြင့်​ပြော​ဆို​သည်​ကို ကြား​သော​အ​ခါ လူ​တို့​သည်​ပို​၍​ပင်​ဆိတ် ဆိတ်​နေ​ကြ​၏။

3. ပေါ​လု​က​ဆက်​လက်​၍ ``အ​ကျွန်ုပ်​သည်​ကိ​လိ​ကိ ပြည်၊ တာ​ရှု​မြို့​တွင်​မွေး​ဖွား​သူ​ယု​ဒ​အ​မျိုး​သား ဖြစ်​ပါ​၏။ ယေ​ရု​ရှ​လင်​မြို့​တွင်​ကြီး​ပြင်း​၍​ဘိုး ဘေး​တို့​လိုက်​လျှောက်​ကျင့်​သုံး​သည့်​ပ​ညတ်​တ​ရား တော်​ကို ဂါ​မ​လျေ​လ​၏​ခြေ​ရင်း​၌​တိ​ကျ​စွာ ဆည်း​ပူး​ခဲ့​ပါ​၏။ ယ​ခု​သင်​တို့​သည်​ဘု​ရား သ​ခင်​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​ရန်​စိတ်​အား ထက်​သန်​သ​ကဲ့​သို့ အ​ကျွန်ုပ်​သည်​လည်း​စိတ် အား​ထက်​သန်​ခဲ့​ပါ​၏။-

4. အ​ကျွန်ုပ်​သည်​ယေ​ရှု​၏​လမ်း​စဉ်​တော်​ကို​လိုက် လျှောက်​ကြ​သူ​များ​အား အ​သေ​သတ်​သည်​အ​ထိ ညှဉ်း​ဆဲ​နှိပ်​စက်​ခဲ့​ပါ​၏။ အ​မျိုး​သား၊ အ​မျိုး သ​မီး​များ​ကို​ဖမ်း​ဆီး​၍​ထောင်​ချ​ခဲ့​ပါ​၏။-

5. အ​ကျွန်ုပ်​ပြော​ဆို​သည်​အ​တိုင်း​မှန်​ကန်​ကြောင်း ကို ယဇ်​ပု​ရော​ဟိတ်​မင်း​နှင့်​တ​ကွ​ယု​ဒ​တ​ရား လွှတ်​တော်​အ​ဖွဲ့​ဝင်​အ​ပေါင်း​တို့​က​သက်​သေ ခံ​နိုင်​ကြ​ပါ​၏။ အ​ကျွန်ုပ်​သည်​ထို​သူ​တို့​ထံ မှ​ဒ​မာ​သက်​မြို့​နေ ယု​ဒ​ညီ​အစ်​ကို​ထံ​သို့ ရေး​ပေး​လိုက်​သည့်​အ​မှာ​စာ​များ​ကို​ရ​ယူ ၏။ ထို​နောက်​ထို​လမ်း​စဉ်​တော်​ကို​လိုက်​လျှောက် သူ​တို့​အား အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ငှာ​ဖမ်း​ဆီး ချည်​နှောင်​လျက် ယေ​ရု​ရှ​လင်​မြို့​သို့​ခေါ်​ဆောင် လာ​ရန်​ဒ​မာ​သက်​မြို့​သို့​ထွက်​ခွာ​သွား​ပါ ၏။

6. ``အ​ကျွန်ုပ်​သည်​ခ​ရီး​သွား​နေ​စဉ်​ဒ​မာ​သက် မြို့​အ​နီး​သို့​ရောက်​သော​အ​ခါ​မွန်း​တည့်​အ​ချိန် ခန့်​တွင် ကောင်း​ကင်​မှ​အ​လင်း​ရောင်​ကြီး​တစ်​ခု သည် ရုတ်​တ​ရက်​အ​ကျွန်ုပ်​ပတ်​လည်​တွင်​ထွန်း တောက်​သ​ဖြင့်၊-

7. အ​ကျွန်ုပ်​သည်​မြေ​ပေါ်​သို့​လဲ​ကျ​နေ​စဉ် `ရှော​လု၊ ရှော​လု၊ သင်​သည်​အ​ဘယ်​ကြောင့်​ငါ့​ကို​နှိပ်​စက် ညှဉ်း​ဆဲ​သ​နည်း' ဟူ​သော​အ​သံ​ကို​ကြား​ရ ပါ​၏။-

8. အ​ကျွန်ုပ်​က `အ​ရှင်၊ ကိုယ်​တော်​သည်​မည်​သူ​ဖြစ် ပါ​သ​နည်း' ဟု​မေး​လျှောက်​လျှင်​ကိုယ်​တော်​က `ငါ​သည်​သင်​နှိပ်​စက်​ညှဉ်း​ဆဲ​သော​နာ​ဇ​ရက် မြို့​သား​ယေ​ရှု​ပင်​ဖြစ်​၏' ဟု​မိန့်​တော်​မူ​၏။-

9. အကျွန်ုပ်​နှင့်​အ​တူ​ပါ​လာ​ကြ​သော​သူ​တို့ သည် ထို​အ​လင်း​ရောင်​ကို​မြင်​ရ​ကြ​သော် လည်း အ​ကျွန်ုပ်​အား​မိန့်​မှာ​တော်​မူ​သော​အ​ရှင် ၏​အ​သံ​ကို​မူ​မ​ကြား​ရ​ကြ။-

10. အ​ကျွန်ုပ်​က `အ​ရှင်၊ အ​ကျွန်ုပ်​သည်​အ​ဘယ်​သို့ ပြု​ရ​ပါ​မည်​နည်း' ဟု​မေး​လျှောက်​လျှင်​ကိုယ်​တော် က `ထ​လော့။ ဒ​မာ​သက်​မြို့​သို့​သွား​လော့။ သင် ဆောင်​ရွက်​ရန်​ခွဲ​ခန့်​သတ်​မှတ်​ထား​သည့်​အ​မှု အ​ရာ​ခပ်​သိမ်း​ကို ထို​မြို့​တွင်​သင့်​အား​ပြော မည်' ဟု​မိန့်​တော်​မူ​၏။-

11. အ​ကျွန်ုပ်​သည်​အ​လင်း​ရောင်​၏​တောက်​ပြောင်​မှု ကြောင့်​မျက်​စိ​ကွယ်​သွား​သ​ဖြင့် အ​ကျွန်ုပ်​နှင့် အ​တူ​ပါ​လာ​ကြ​သော​သူ​တို့​က အ​ကျွန်ုပ် ကို​လက်​ဆွဲ​၍​ဒ​မာ​သက်​မြို့​သို့​ပို့​ဆောင် ပေး​ရ​ကြ​ပါ​သည်။

12. အာ​န​နိ​ဆို​သူ​သည်​အ​ကျွန်ုပ်​၏​ထံ​သို့​လာ ပါ​၏။ သူ​သည်​ပ​ညတ်​တ​ရား​ကို​လိုက်​လျှောက် ကျင့်​သုံး​၍ ဘု​ရား​ဝတ်​၌​မွေ့​လျော်​သူ​ဖြစ်​၏။ ဒ​မာ​သက်​မြို့​ရှိ​ယု​ဒ​အ​မျိုး​သား​အ​ပေါင်း တို့​၏​ရို​သေ​လေး​စား​ခြင်း​ကို​လည်း​ခံ​ရ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 22