ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 20:20-38 Common Language Bible (BCL)

20. လူ​ပ​ရိ​သတ်​ရှေ့​တွင်​လည်း​ကောင်း၊ သင်​တို့ အိမ်​များ​တွင်​လည်း​ကောင်း ငါ​ဟော​ပြော​သွန် သင်​သော​အ​ခါ​သင်​တို့​အား​အ​ကျိုး​ရှိ​စေ မည့်​စ​ကား​များ​ကို​အ​ဘယ်​အ​ခါ​၌​မျှ ချန်​လှပ်​၍​မ​ထား​ခဲ့။-

21. နောင်​တ​ရ​၍​ဘု​ရား​သ​ခင်​ထံ​တော်​သို့​ချဉ်း ကပ်​ကြ​စေ​ရန်​နှင့် ငါ​တို့​၏​သ​ခင်​ယေ​ရှု​ကို ယုံ​ကြည်​ကြ​စေ​ရန် ငါ​သည်​ယု​ဒ​အ​မျိုး​သား များ​အား​လည်း​ကောင်း၊ ဂ​ရိ​အ​မျိုး​သား​အား လည်း​ကောင်း​လေး​နက်​စွာ​သ​တိ​ပေး​ခဲ့​၏။-

22. ယ​ခု​မှာ​ငါ​သည်​ဝိ​ညာဉ်​တော်​၏​အ​မိန့်​ကို နာ​ခံ​၍ ယေ​ရု​ရှ​လင်​မြို့​သို့​သွား​ရ​မည်။ ထို မြို့​တွင်​အ​ဘယ်​သို့​ဖြစ်​မည်​ကို​ငါ​မ​သိ။-

23. သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​က `သင်​သည်​ချည် နှောင်​ခြင်း​နှင့်​ဆင်း​ရဲ​ဒုက္ခ​ကို​ခံ​ရ​လိမ့်​မည်' ဟူ ၍​မြို့​တိုင်း​တွင် ငါ့​အား​ကြို​တင်​သ​တိ​ပေး သည်​ကို​သာ​လျှင်​ငါ​သိ​၏။-

24. သို့​သော်​ငါ့​အ​တွက်​သတ်​မှတ်​ထား​သည့်​အ​လုပ် တာ​ဝန်​ကို​လည်း​ကောင်း၊ သ​ခင်​ယေ​ရှု​ပေး​အပ် တော်​မူ​သည့်​အ​မှု​တော်​ကို​လည်း​ကောင်း၊ ပြီး​ဆုံး အောင်​ဆောင်​ရွက်​နိုင်​မှု​သာ​လျှင်​ပ​ဋ္ဌာ​န​ဖြစ် သ​ဖြင့် ငါ​သည်​မိ​မိ​၏​အ​သက်​ကို​နှ​မြော ခြင်း​မ​ရှိ။ ကိုယ်​တော်​ပေး​အပ်​တော်​မူ​သည့် အ​မှု​တော်​ကား ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​အ​ကြောင်း​သ​တင်း​ကောင်း​ကို​ကြေ​ညာ ရန်​ပင်​ဖြစ်​သ​တည်း။''

25. ``ငါ​သည်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​အ​ကြောင်း ကို သင်​တို့​ထံ​သို့​လှည့်​လည်​ဟော​ပြော​ကြေ​ညာ ခဲ့​၏။ သို့​ရာ​တွင်​သင်​တို့​အ​နက်​အ​ဘယ်​သူ​မျှ ငါ့​မျက်​နှာ​ကို​နောက်​တစ်​ဖန်​မြင်​ရ​ကြ​လိမ့် မည်​မ​ဟုတ်​ကြောင်း​ကို​ငါ​သိ​၏။-

26. သို့​ဖြစ်​၍​သင်​တို့​အ​နက်​တစ်​ဦး​တစ်​ယောက် သည် အ​သက်​ဝိ​ညာဉ်​ဆုံး​ရှုံး​ပါ​မူ​ငါ​၏​တာ​ဝန် မ​ဟုတ်​ကြောင်း ယ​နေ့​သင်​တို့​ကို​အ​လေး​အ​နက် ငါ​ပြော​၏။-

27. အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​ဘု​ရား​သ​ခင် ၏​အ​ကြံ​အ​စည်​တော်​ကို သင်​တို့​အား​အ​ကုန် အ​စင်​ဖော်​ပြ​ပြီး​သော​ကြောင့်​ဖြစ်​၏။-

28. သို့​ဖြစ်​၍​သင်​တို့​သည်​မိ​မိ​တို့​ကို​ကိုယ်​လည်း ကောင်း၊ သင်​တို့​လက်​သို့ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ပေး​အပ်​ထား​သည့်​သိုး​စု​ကို​လည်း​ကောင်း​စောင့် ရှောက်​ကြည့်​ရှု​ကြ​လော့။ ဘု​ရား​သ​ခင်​၏​အ​သင်း တော်​ကို​သိုး​ထိန်း​သ​ဖွယ်​စောင့်​ထိန်း​ကြည့်​ရှု​ကြ လော့။ ကိုယ်​တော်​သည်​မိ​မိ​သား​တော်​အ​သေ​ခံ သော​အား​ဖြင့် ထို​အ​သင်း​တော်​ကို​မိ​မိ​ပိုင်​ဆိုင် ရာ​ဖြစ်​စေ​တော်​မူ​သည်။-

29. ငါ​မ​ရှိ​သည့်​နောက်​လူ​အ​ချို့​တို့​သည်​သင်​တို့ ထံ​သို့​ဝင်​ရောက်​၍ ရက်​စက်​ကြမ်း​ကြုတ်​သော ဝံ​ပု​လွေ​များ​ကဲ့​သို့​သိုး​များ​ကို​မ​ညှာ​ဘဲ ပြု​မူ​ကြ​မည်​ဖြစ်​ကြောင်း​ကို​ငါ​သိ​၏။-

30. သင်​တို့​အ​ထဲ​မှ​အ​ချို့​သော​သူ​တို့​သည်​လိမ် လည်​ပြော​ဆို​ကာ​ယုံ​ကြည်​သူ​များ​ကို သူ​တို့ နောက်​သို့​ဆွဲ​ဆောင်​သွား​သည့်​အ​ချိန်​ကာ​လ ရောက်​ရှိ​လာ​လိမ့်​မည်။-

31. သို့​ဖြစ်​၍​သ​တိ​နှင့်​နေ​ကြ​လော့။ ငါ​သည်​သင် တို့​အ​ပေါင်း​အား​သုံး​နှစ်​ပတ်​လုံး​နေ့​ည​မ​ပြတ် မျက်​ရည်​ကျ​လျက်​ဆုံး​မ​သွန်​သင်​ခဲ့​သည်​ကို သ​တိ​ရ​ကြ​လော့။''

32. ``ယ​ခု​သင်​တို့​အား​ဘု​ရား​သ​ခင်​၏​လက် တော်​သို့​လည်း​ကောင်း၊ ကျေး​ဇူး​တော်​တ​ရား သို့​လည်း​ကောင်း​ငါ​အပ်​နှံ​ပါ​၏။ ထို​ကျေး​ဇူး တော်​တ​ရား​သည်​သင်​တို့​ကို​တည်​ဆောက်​၍ ကိုယ်​တော်​၏​လူ​စု​တော်​ဝင်​အ​ပေါင်း​တို့​အ​တွက် လျာ​ထား​သည့်​ကောင်း​ချီး​မင်္ဂ​လာ​များ​ကို​သင် တို့​အား​ခံ​စား​စေ​လိမ့်​မည်။-

33. ငါ​သည်​သူ​တစ်​ပါး​၏​ရွှေ​ငွေ​အ​ဝတ်​အ​စား ကို​လို​ချင်​တပ်​မက်​ခြင်း​မ​ရှိ​ခဲ့။-

34. ငါ​သည်​ဤ​လက်​များ​ဖြင့်​အ​လုပ်​လုပ်​၍ ငါ နှင့်​အ​ပေါင်း​ဖော်​များ​၏​လို​အပ်​သည်​များ ကို​ဖြည့်​တင်း​ခဲ့​ကြောင်း​သင်​တို့​ကိုယ်​တိုင် သိ​ကြ​၏။-

35. ငါ​၏​နည်း​တူ​သင်​တို့​သည်​လည်း​ခပ်​သိမ်း​သော အ​ခြေ​အ​နေ​တွင် အ​လုပ်​ကို​ကြိုး​စား​၍​လုပ် ပြီး​လျှင် နွမ်း​ပါး​သူ​တို့​ကို​ကူ​ညီ​မ​စ​ကြ​ရန် ငါ​ပြ​သ​ခဲ့​ပြီ။ သ​ခင်​ယေ​ရှု​က `စွန့်​ကြဲ​ခြင်း သည်​အ​စွန့်​ကြဲ​ခံ​ခြင်း​ထက်​ပို​၍​မင်္ဂ​လာ​ရှိ​၏' ဟု​မိန့်​တော်​မူ​ခဲ့​သည်​ကို​သ​တိ​ရ​ကြ​လော့'' ဟု​ဆို​၏။

36. ထို​နောက်​ပေါ​လု​သည်​ဒူး​ထောက်​၍​ထို​သူ​တို့ နှင့်​အ​တူ​ဆု​တောင်း​လေ​သည်။-

37. သူ​တို့​သည်​ပေါ​လု​ကို​ဖက်​ယမ်း​လျက် ငို​ယို ကာ​နမ်း​ရှုပ်​၍​နှုတ်​ဆက်​ကြ​၏။-

38. ပေါ​လု​သည်​မိ​မိ​အား​နောက်​တစ်​ဖန်​တွေ့​မြင် ရ​တော့​မည်​မ​ဟုတ်​ဟု​ဆို​သ​ဖြင့် ထို​သူ​တို့​သည် အ​ထူး​ဝမ်း​နည်း​ကြ​၏။ ထို့​နောက်​ပေါ​လု​အား သင်္ဘော​သို့​လိုက်​ပို့​ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 20