ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 2:9-19 Common Language Bible (BCL)

9. ငါ​တို့​သည်​ပါ​သိ​ပြည်၊ မေ​ဒိ​ပြည်၊ ဧ​လံ ပြည်၊ မေ​သော​ပေါ​တာ​မိ​ပြည်၊ ယု​ဒ​ပြည်၊ ကပ္ပ​ဒေါ​ကိ​ပြည်၊ ပုန္တု​ပြည်၊ အာ​ရှိ​ပြည်၊-

10. ဖြူ​ဂိ​ပြည်၊ ပမ်​ဖု​လိ​ပြည်၊ အီ​ဂျစ်​ပြည်​များ​မှ လည်း​ကောင်း၊ ကု​ရေ​နေ​မြို့​အ​နီး​လိ​ဗု​နယ်​ပယ် များ​မှ​လည်း​ကောင်း​လာ​ကြ​သူ​များ​ဖြစ်​၏။ အ​ချို့​သော​ငါ​တို့​သည်​ရော​မ​မြို့​မှ​ရောက် လာ​သော၊-

11. ယု​ဒ​အ​မျိုး​သား​များ​နှင့်​ယု​ဒ​ဘာ​သာ​သို့ ကူး​ပြောင်း​လာ​ကြ​သူ​များ​ဖြစ်​ကြ​၏။ အ​ချို့ သော​ငါ​တို့​သည်​က​ရေ​တေ​ပြည်​သား​နှင့်​အာ​ရပ် အ​မျိုး​သား​များ​ဖြစ်​ကြ​၏။ သို့​ရာ​တွင်​ငါ​တို့ သည်​ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ် အ​မှု​တော်​များ​ကို ငါ​တို့​ဘာ​သာ​စ​ကား​ဖြင့် ဟော​ပြော​ကြ​သည်​ကို​ကြား​ရ​ကြ​ပါ​သည် တ​ကား'' ဟု​ဆို​ကြ​၏။-

12. သူ​တို့​သည်​လွန်​စွာ​အံ့​သြ​တွေ​ဝေ​လျက် ``ဤ အ​မှု​အ​ရာ​ကား​အ​ဘယ်​သို့​သော​အ​မှု​အ​ရာ ဖြစ်​သ​နည်း'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။

13. အ​ခြား​သော​သူ​တို့​မူ ``ဤ​သူ​တို့​သည်​သေ သောက်​မူး​ယစ်​နေ​သူ​များ​ဖြစ်​ကြ​၏'' ဟု ကဲ့​ရဲ့​ပြော​ဆို​ကြ​၏။

14. ပေ​တ​ရု​သည်​တစ်​ကျိပ်​တစ်​ပါး​တို့​နှင့်​အ​တူ ရပ်​လျက်​အ​သံ​ကျယ်​စွာ​ဖြင့် ``ယု​ဒ​အ​မျိုး​သား များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​သား​အ​ပေါင်း​တို့​ငါ့ စ​ကား​ကို​နား​ထောင်​ကြ​လော့။ ဤ​အ​မှု​အ​ရာ အ​ကြောင်း​ကို​ငါ​ရှင်း​ပြ​မည်။-

15. ဤ​သူ​တို့​သည်​သင်​တို့​ထင်​မှတ်​သည်​အ​တိုင်း မူး​ယစ်​နေ​သူ​များ​မ​ဟုတ်။ ယ​ခု​နံ​နက်​ကိုး နာ​ရီ​မျှ​သာ​ရှိ​သေး​၏။-

16. ဤ​အ​မှု​အ​ရာ​ကား​ပ​ရော​ဖက်​ယော​လ ဟော​ကြား​ခဲ့​သည့်​အ​မှု​အ​ရာ​ပင်​ဖြစ်​၏။ ထို ပ​ရော​ဖက်​က၊

17. `အ​ဆုံး​စွန်​သော​နေ့​များ​၌​ငါ​သည်​လူ​မျိုး အ​ပေါင်း​တို့ အ​ပေါ်​သို့​ငါ​၏​ဝိ​ညာဉ်​တော်​ကို​သွန်း​လောင်း မည်။သင်​တို့​၏​သား​သ​မီး​များ​သည်​ငါ​၏​နှုတ်​က​ပတ် တ​ရား​တော်​ကို​ဟော​ပြော​ကြ​လိမ့်​မည်။လူ​ပျို​လူ​ရွယ်​တို့​သည်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​ကို မြင်​ကြ​လိမ့်​မည်။လူ​အို​တို့​သည်​အိပ်​မက်​များ​မြင်​မက်​ကြ​လိမ့်​မည်။

18. ထို​နေ့​ရက်​ကာ​လ​၌​ငါ​၏​အ​စေ​ခံ​သူ​ယောကျာ်း၊မိန်း​မ​များ​အ​ပေါ်​သို့​ငါ​၏​ဝိ​ညာဉ်​တော်​ကို သွန်း​လောင်း​မည်။သူ​တို့​သည်​ငါ​၏​နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟော​ပြော​ကြ​လိမ့်​မည်။

19. အ​ထက်​အ​ရပ်​ကောင်း​ကင်​တွင်​နိ​မိတ် လက္ခ​ဏာ​များ​ကို​လည်း​ကောင်း၊အောက်​အ​ရပ်​မြေ​ကြီး​ပေါ်​တွင်​အံ့​သြ​ဖွယ်​သော အ​ရာ​များ​ကို​လည်း​ကောင်း​ငါ​ပြ​မည်။သွေး၊မီး​လျှံ၊မီး​ခိုး​တည်း​ဟူ​သော ပုပ္ပ​နိ​မိတ်​များ​ကို​ငါ​ပြ​မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 2