ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 2:32-45 Common Language Bible (BCL)

32. ထို​သ​ခင်​ယေ​ရှု​အား​ဘု​ရား​သ​ခင်​ရှင်​ပြန် ထ​မြောက်​စေ​တော်​မူ​ကြောင်း​ကို ငါ​တို့​အား လုံး​ပင်​သက်​သေ​ဖြစ်​ကြ​၏။-

33. ကိုယ်​တော်​သည်​ဘု​ရား​သ​ခင်​၏​လက်​ယာ​တော် ဘက်​တွင်​စံ​ပယ်​ရန်​ချီး​မြှင့်​ခြင်း​ခံ​တော်​မူ​ပြီး နောက် ခ​မည်း​တော်​က​တိ​ထား​တော်​မူ​သည့်​သန့် ရှင်း​သော​ဝိညာဉ်​တော်​ကို​ခံ​ယူ​၍ သင်​တို့​ယ​ခု တွေ့​မြင်​ကြား​သိ​နေ​ကြ​သည့်​ဝိ​ညာဉ်​တော်​ကို ငါ​တို့​အ​ပေါ်​သို့​သွန်း​လောင်း​တော်​မူ​သ​တည်း။-

34-35. ဒါ​ဝိဒ်​မင်း​သည်​ကောင်း​ကင်​ဘုံ​သို့​တက်​ကြွ သည်​မ​ဟုတ်။ သို့​ရာ​တွင်​ဒါ​ဝိဒ်​မင်း​က၊`ငါ​၏​လက်​ယာ​ဘက်​၌​ထိုင်​နေ​လော့။သင်​၏​ရန်​သူ​များ​ကို​သင်​၏​ခြေ​တင်​ခုံ​ဖြစ် စေ​မည်​ဟုထာ​ဝ​ရ​ဘု​ရား​က​ငါ​၏​အ​ရှင်​အား​မိန့်​တော် မူ​၏'ဟူ​၍​ဖော်​ပြ​ခဲ့​၏။-

36. သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့၊ မေ​ရှိ​ယ​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ အ​ရှင် သ​ခင်​အ​ဖြစ်​ဖြင့်​လည်း​ကောင်း ဘု​ရား​သ​ခင် ခန့်​ထား​တော်​မူ​သော​သူ​ကား သင်​တို့​လက်​ဝါး ကပ်​တိုင်​တွင်​တင်​၍​သတ်​ကြ​သည့် ယေ​ရှု​ပင် ဖြစ်​ကြောင်း​အ​တပ်​ဧ​ကန်​သိ​မှတ်​ကြ​လော့'' ဟု​ဟော​လေ​၏။

37. ထို​စ​ကား​ကို​ကြား​ကြ​သော​အ​ခါ လူ​တို့​သည် လွန်​စွာ​ပူ​ပင်​သော​က​ရောက်​ကြ​လျက် ပေ​တ​ရု နှင့်​အ​ခြား​တ​မန်​တော်​တို့​အား``ညီ​အစ်​ကို​တို့၊ ငါ​တို့​အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း'' ဟု​မေး မြန်း​ကြ​၏။

38. ပေ​တ​ရု​က ``နောင်​တ​ရ​ကြ​လော့။ သင်​တို့​အ​ပြစ် များ​ပြေ​လွတ်​စေ​ရန် ယေ​ရှု​ခ​ရစ်​၏​နာ​မ​၌​လူ တိုင်း​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ခံ​လော့။ ထို​သို့​ပြု​လျှင် သင်​တို့​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​တည်း ဟူ​သော​ဆု​ကျေး​ဇူး​ကို​ရ​ရှိ​ကြ​လိမ့်​မည်။-

39. ထို​ဆု​ကျေး​ဇူး​ကို​ပေး​မည်​ဟူ​သော​ဘု​ရား သ​ခင်​၏​က​တိ​တော်​သည် သင်​တို့​အ​တွက်​လည်း ကောင်း၊ သင်​တို့​၏​သား​သ​မီး​များ​အ​တွက်​လည်း ကောင်း၊ ရပ်​ဝေး​ရှိ​သူ​တို့​အ​တွက်​လည်း​ကောင်း ဖြစ်​၏။ တစ်​နည်း​အား​ဖြင့်​ငါ​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ခေါ်​ယူ​တော်​မူ​သော​သူ​အ​ပေါင်း တို့​အ​တွက် ဖြစ်​၏'' ဟု​ဖြေ​ဆို​လေ​၏။

40. ပေ​တ​ရု​သည်​ဤ​မျှ​သာ​မ​က​အ​ခြား​တ​ရား စ​ကား​များ​အား​ဖြင့်​လည်း​တိုက်​တွန်း​ဟော​ပြော ၏။ ``သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​ဤ​ဆိုး​ယုတ် သော​လူ​တို့​ခံ​ကြ​ရ​မည့်​အ​ပြစ်​ဒဏ်​မှ​ကင်း လွတ်​စေ​ကြ​လော့'' ဟု​ထို​သူ​တို့​အား​တိုက် တွန်း​၏။-

41. လူ​အ​မြောက်​အ​မြား​ပင်​သူ​၏​တ​ရား​စ​ကား ကို​လက်​ခံ​ယုံ​ကြည်​ကာ ဗတ္တိ​ဇံ​မင်္ဂ​လာ​ခံ​ယူ ကြ​သ​ဖြင့် ထို​နေ့​၌​တ​ပည့်​တော်​အ​ရေ​အ​တွက် သုံး​ထောင်​မျှ​တိုး​လာ​၏။-

42. ထို​သူ​တို့​သည်​တ​မန်​တော်​တို့​၏​ဆုံး​မ​သြ​ဝါ​ဒ ကို​ခံ​ယူ​ခြင်း၊ စု​ပေါင်း​နေ​ထိုင်​စား​သောက်​ခြင်း၊ ပွဲ တော်​မင်္ဂ​လာ​ဝင်​ခြင်း၊ အ​တူ​တ​ကွ​ဆု​တောင်း​ပတ္ထ​နာ ပြု​ခြင်း​တို့​ဖြင့်​အ​ချိန်​ကို​ကုန်​လွန်​စေ​ကြ​၏။

43. တ​မန်​တော်​တို့​သည်​များ​စွာ​သော​အံ့​သြ​ဖွယ် ရာ​များ​နှင့်​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​ကြ သ​ဖြင့် လူ​အ​ပေါင်း​တို့​သည်​အံ့​သြ​ကြောက် လန့်​ကြ​ကုန်​၏။-

44. ခ​ရစ်​တော်​ကို​ယုံ​ကြည်​သူ​အ​ပေါင်း​တို့​သည် တစ် စု​တစ်​ဝေး​တည်း​နေ​ထိုင်​၍ မိ​မိ​တို့​ဥစ္စာ​ပစ္စည်း များ​ကို​ဝေ​မျှ​သုံး​ဆောင်​ကြ​လေ​သည်။-

45. သူ​တို့​သည်​မိ​မိ​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို ရောင်း​ချ​၍ ချို့​တဲ့​သူ​များ​အား​ချို့​တဲ့​မှု ပ​မာ​ဏ​အ​တိုင်း​ဝေ​မျှ​ကြ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 2