ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 2:12-27 Common Language Bible (BCL)

12. သူ​တို့​သည်​လွန်​စွာ​အံ့​သြ​တွေ​ဝေ​လျက် ``ဤ အ​မှု​အ​ရာ​ကား​အ​ဘယ်​သို့​သော​အ​မှု​အ​ရာ ဖြစ်​သ​နည်း'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။

13. အ​ခြား​သော​သူ​တို့​မူ ``ဤ​သူ​တို့​သည်​သေ သောက်​မူး​ယစ်​နေ​သူ​များ​ဖြစ်​ကြ​၏'' ဟု ကဲ့​ရဲ့​ပြော​ဆို​ကြ​၏။

14. ပေ​တ​ရု​သည်​တစ်​ကျိပ်​တစ်​ပါး​တို့​နှင့်​အ​တူ ရပ်​လျက်​အ​သံ​ကျယ်​စွာ​ဖြင့် ``ယု​ဒ​အ​မျိုး​သား များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​သား​အ​ပေါင်း​တို့​ငါ့ စ​ကား​ကို​နား​ထောင်​ကြ​လော့။ ဤ​အ​မှု​အ​ရာ အ​ကြောင်း​ကို​ငါ​ရှင်း​ပြ​မည်။-

15. ဤ​သူ​တို့​သည်​သင်​တို့​ထင်​မှတ်​သည်​အ​တိုင်း မူး​ယစ်​နေ​သူ​များ​မ​ဟုတ်။ ယ​ခု​နံ​နက်​ကိုး နာ​ရီ​မျှ​သာ​ရှိ​သေး​၏။-

16. ဤ​အ​မှု​အ​ရာ​ကား​ပ​ရော​ဖက်​ယော​လ ဟော​ကြား​ခဲ့​သည့်​အ​မှု​အ​ရာ​ပင်​ဖြစ်​၏။ ထို ပ​ရော​ဖက်​က၊

17. `အ​ဆုံး​စွန်​သော​နေ့​များ​၌​ငါ​သည်​လူ​မျိုး အ​ပေါင်း​တို့ အ​ပေါ်​သို့​ငါ​၏​ဝိ​ညာဉ်​တော်​ကို​သွန်း​လောင်း မည်။သင်​တို့​၏​သား​သ​မီး​များ​သည်​ငါ​၏​နှုတ်​က​ပတ် တ​ရား​တော်​ကို​ဟော​ပြော​ကြ​လိမ့်​မည်။လူ​ပျို​လူ​ရွယ်​တို့​သည်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​ကို မြင်​ကြ​လိမ့်​မည်။လူ​အို​တို့​သည်​အိပ်​မက်​များ​မြင်​မက်​ကြ​လိမ့်​မည်။

18. ထို​နေ့​ရက်​ကာ​လ​၌​ငါ​၏​အ​စေ​ခံ​သူ​ယောကျာ်း၊မိန်း​မ​များ​အ​ပေါ်​သို့​ငါ​၏​ဝိ​ညာဉ်​တော်​ကို သွန်း​လောင်း​မည်။သူ​တို့​သည်​ငါ​၏​နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟော​ပြော​ကြ​လိမ့်​မည်။

19. အ​ထက်​အ​ရပ်​ကောင်း​ကင်​တွင်​နိ​မိတ် လက္ခ​ဏာ​များ​ကို​လည်း​ကောင်း၊အောက်​အ​ရပ်​မြေ​ကြီး​ပေါ်​တွင်​အံ့​သြ​ဖွယ်​သော အ​ရာ​များ​ကို​လည်း​ကောင်း​ငါ​ပြ​မည်။သွေး၊မီး​လျှံ၊မီး​ခိုး​တည်း​ဟူ​သော ပုပ္ပ​နိ​မိတ်​များ​ကို​ငါ​ပြ​မည်။

20. ထာ​ဝ​ရ​ဘု​ရား​၏​နေ့​ထူး​နေ့​မြတ်​ကြီး​မ​ကျ ရောက်​မီ နေ​သည်​မှောင်​အ​တိ​ဖြစ်​လိမ့်​မည်။လ​သည်​လည်း​သွေး​ကဲ့​သို့​နီ​လိမ့်​မည်။

21. ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို အ​မှီ​ပြု​၍၊ ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​သူ​အ​ပေါင်း​တို့​သည်ကယ်​တင်​တော်​မူ​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်'ဟူ​၍​ဟော​ပြော​ခဲ့​သ​တည်း။

22. ``အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ငါ့​စ​ကား ကို​နား​ထောင်​ကြ​လော့။ ဘု​ရား​သ​ခင်​သည်​ထူး ဆန်း​အံ့​သြ​ဖွယ်​ရာ​များ​နှင့်​နိ​မိတ်​လက္ခ​ဏာ များ​ကို နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​အား​ဖြင့်​ပြ တော်​မူ​ခဲ့​၏။ သို့​ဖြစ်​၍​ထို​အ​ရှင်​သည်​ဘု​ရား သ​ခင်​၏​တန်​ခိုး​အာ​ဏာ​တော်​နှင့်​ပြည့်​ဝ​သူ ဖြစ်​ကြောင်း​သိ​သာ​ထင်​ရှား​ပေ​သည်။ ထို​အ​ဖြစ် အ​ပျက်​များ​မှာ​သင်​တို့​ရှေ့​မှောက်​တွင်​ဖြစ်​ပျက် ခဲ့​သ​ဖြင့် ယင်း​တို့​ကို​သင်​တို့​ကိုယ်​တိုင်​သိ​ရှိ ကြ​သည်။-

23. ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​ရည်​ရွယ်​ပြ​ဋ္ဌာန်း​ချက် နှင့်​အ​ညီ သ​ခင်​ယေ​ရှု​ကို​ရန်​သူ​လက်​သို့​ပေး အပ်​တော်​မူ​၏။ သင်​တို့​သည်​အ​ပြစ်​ကူး​သူ​တို့ လက်​ဖြင့် ထို​အ​ရှင်​ကို​လက်​ဝါး​ကပ်​တိုင်​တွင် တင်​၍​သတ်​ခဲ့​ကြ​၏။-

24. သို့​ရာ​တွင်​ထို​အ​ရှင်​ကို​သေ​မင်း​သည်​အ​စဉ် အ​မြဲ​ချုပ်​နှောင်​ထား​ရန်​မ​ဖြစ်​နိုင်။ ထို့​ကြောင့် ဘု​ရား​သ​ခင်​သည် သူ့​အား​သေ​ခြင်း​၏​တန်​ခိုး မှ​လွတ်​မြောက်​စေ​၍​ရှင်​ပြန်​ထ​မြောက်​စေ​တော် မူ​၏။-

25. ထို​အ​ရှင်​နှင့်​ပတ်​သက်​၍​ဒါ​ဝိဒ်​မင်း​က၊`ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​အ​စဉ်​မ​ပြတ် ဖူး​မြင်​ရ​၏။ငါ​သည်​စိတ်​တုန်​လှုပ်​ခြင်း​နှင့်​ကင်း​စေ​ရန် ကိုယ်​တော်​သည်​ငါ့​အ​နီး​တွင်​ရှိ​တော်​မူ​၏။

26. သို့​ဖြစ်​၍​ငါ​၏​စိတ်​နှ​လုံး​သည်​ရွှင်​လန်း​လျက်၊ငါ​၏​နှုတ်​သည်​ရွှင်​ပြ​သော​စ​ကား​များ​ဖြင့် ပြည့်​လျက်​ရှိ​ပါ​၏။ငါ​သည်​သေ​မျိုး​ပင်​ဖြစ်​သော်​လည်း​မျှော်​လင့်​လျက် ငြိမ်​ဝပ်​စိတ်​ချ​စွာ​နေ​ပါ​မည်။

27. အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရှင်​သည်ကျွန်​တော်​မျိုး​ကို​မ​ရ​ဏာ​နိုင်​ငံ​တွင် စွန့်​ပစ်​၍​ထား​တော်​မူ​မည်​မ​ဟုတ်၊ကိုယ်​တော်​ရှင်​၏​သစ္စာ​ကို​စောင့်​သိ​သော​အ​စေ​ခံ​အားသင်္ချိုင်း​တွင်​ပုပ်​ပျက်​စေ​တော်​မူ​မည် မ​ဟုတ်​သော​ကြောင့်​တည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 2