ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 19:30-38 Common Language Bible (BCL)

30. ပေါ​လု​သည်​မိ​မိ​ကိုယ်​တိုင်​ထို​လူ​ပ​ရိ​သတ် နှင့်​ရင်​ဆိုင်​လို​၏။ သို့​သော်​တ​ပည့်​တော်​တို့​က ထို​သို့​မ​ပြု​ရန်​ဆီး​တား​ကြ​၏။-

31. ပေါ​လု​၏​အ​ဆွေ​ဖြစ်​သော​နယ်​အာ​ဏာ​ပိုင် အ​ချို့​တို့​က​လည်း မြို့​တော်​ခန်း​မ​ကြီး​ထဲ သို့​မ​ဝင်​ရန်​လူ​လွှတ်​၍​တောင်း​ပန်​ကြ​၏။-

32. ဤ​အ​တော​အ​တွင်း​၌​လူ​တို့​သည် အ​မျိုး​မျိုး ဟစ်​အော်​ကြ​လျက်​အုတ်​အုတ်​သဲ​သဲ​ဖြစ်​၍ နေ​၏။-

33. လူ​များ​စု​သည်​မိ​မိ​တို့​အ​ဘယ်​ကြောင့်​စု​ဝေး လျက်​နေ​ကြ​သည်​ကို​မ​သိ​ကြ။ ယု​ဒ​အ​မျိုး သား​တို့​သည်​အာ​လေ​ဇန္ဒြု​ကို​လူ​ပ​ရိ​သတ်​ရှေ့ သို့​သွား​စေ​သ​ဖြင့် လူ​ထု​အ​ထဲ​မှ​လူ​အ​ချို့ တို့​က​ထို​သူ​သည်​ဖြစ်​ပေါ်​လျက်​ရှိ​သည့်​အ​ရေး အ​ခင်း​နှင့်​ပတ်​သက်​သူ​ဖြစ်​မည်​ဟု​ယူ​ဆ ကြ​၏။ အာ​လေ​ဇန္ဒြု​သည်​ပ​ရိ​သတ်​အား ဆိတ်​ငြိမ်​ရန်​လက်​ရိပ်​ပြ​၏။ ချေ​ပ​ပြော​ဆို ရန်​ကြိုး​စား​၏။-

34. သို့​ရာ​တွင်​သူ​သည်​ယု​ဒ​အ​မျိုး​သား​ဖြစ်​သည် ကို လူ​တို့​သိ​ကြ​သော​အ​ခါ ``ဧ​ဖက်​မြို့​၏ အာ​တေ​မိ​နတ်​သ​မီး​သည်​ကြီး​မြတ်​ပေ​၏'' ဟု နှစ်​နာ​ရီ​ကြာ​မျှ​သံ​ပြိုင်​ကြွေး​ကြော်​ကြ​၏။

35. နောက်​ဆုံး​၌​မြို့​စာ​ရေး​သည်​လူ​ပ​ရိ​သတ်​တို့ အား ဆိတ်​ဆိတ်​နေ​စေ​ပြီး​လျှင် ``ဧဖက်​မြို့​သား တို့၊ ဧ​ဖက်​မြို့​တော်​သည်​ကြီး​မြတ်​သည့်​အာ တေ​မိ​နတ်​သ​မီး​၏​နတ်​ကွန်း​နှင့် ကောင်း​ကင် ဘုံ​မှ​ကျ​လာ​သည့်​ရုပ်​တု​တော်​တည်​ရှိ​ရာ ဌာ​န​တော်​ဖြစ်​ကြောင်း​ကို​လူ​တိုင်း​သိ​၏။-

36. ဤ​အ​ချက်​ကို​အ​ဘယ်​သူ​မျှ​မ​ငြင်း​ဆို​နိုင်။ သို့​ဖြစ်​၍​သင်​တို့​သည်​ဆိတ်​ဆိတ်​နေ​သင့်​ကြ​၏။ မ​ဆင်​ခြင်​ဘဲ​အ​ဘယ်​အ​မှု​ကို​မျှ​မ​ပြု​သင့်။-

37. သင်​တို့​သည်​ထို​သူ​တို့​ကို ဤ​နေ​ရာ​သို့​ခေါ်​ဆောင် ခဲ့​ကြ​၏။ သူ​တို့​သည်​ငါ​တို့​၏​ဗိ​မာန်​တော်​ထဲ​ဝင် ၍​လု​ယက်​ခြင်း​မ​ပြု။ ငါ​တို့​၏​နတ်​သ​မီး​ကို စော်​ကား​သော​စ​ကား​ကို​လည်း​မ​ပြော။-

38. သို့​ဖြစ်​၍​ဒေ​မေ​တ​ရိ​နှင့်​အ​ပေါင်း​ပါ​လက်​မှု ပ​ညာ​သည်​များ​သည် လူ​တစ်​စုံ​တစ်​ယောက်​အား တ​ရား​စွဲ​ဆို​လို​လျှင် တ​ရား​ရုံး​ဖွင့်​ရက်​များ နှင့်​အာ​ဏာ​ပိုင်​များ​ရှိ​သ​ဖြင့် ရုံး​တော်​တွင် တ​ရား​စွဲ​ဆို​နိုင်​ပါ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 19