ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 19:13-32 Common Language Bible (BCL)

13. ယု​ဒ​အ​မျိုး​သား​နယ်​လှည့်​ပ​ယော​ဂ​ဆ​ရာ အ​ချို့​တို့​သည် သ​ခင်​ယေ​ရှု​၏​နာ​မ​တော်​အား ဖြင့်​နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​ရန်​ကြိုး​စား​ကြ ၏။ သူ​တို့​က ``ပေါ​လု​ဟော​ပြော​သော​ယေ​ရှု​၏ နာ​မ​ကို​တိုင်​တည်​၍​သင့်​ကို​ငါ​နှင်​ထုတ်​၏'' ဟု​လူ​ကို​ပူး​ဝင်​နေ​သော​နတ်​မိစ္ဆာ​အား​ဆို ကြ​၏။-

14. ဤ​ပ​ယော​ဂ​ဆ​ရာ​တို့​ကား​ယဇ်​ပု​ရော​ဟိတ် ကြီး​သ​ကေ​ဝ​၏​သား​ခု​နစ်​ယောက်​ဖြစ်​သ​တည်း။

15. သို့​ရာ​တွင်​နတ်​မိစ္ဆာ​က ``ယေ​ရှု​ကို​ငါ​သိ​၏။ ပေါ​လု​ကို​လည်း​ငါ​သိ​၏။ သို့​သော်​သင်​တို့​ကား မည်​သူ​များ​နည်း'' ဟု​သူ​တို့​အား​မေး​လေ​၏။

16. ထို​နောက်​နတ်​မိစ္ဆာ​ပူး​ဝင်​နေ​သူ​သည် သူ​တို့ အား​အ​ပြင်း​အ​ထန်​သတ်​ပုတ်​တိုက်​ခိုက်​ရာ သူ​တို့​သည်​အ​ရေး​ရှုံး​နိမ့်​လျက်​အ​နာ​တ​ရ ဖြစ်​ပြီး​လျှင်​အ​ဝတ်​များ​စုတ်​ပြဲ​၍ ထို​အိမ် မှ​ထွက်​ပြေး​ရ​ကြ​လေ​သည်။-

17. ထို​အ​ဖြစ်​အ​ပျက်​အ​ကြောင်း​ကို​ဧ​ဖက်​မြို့ တွင်​နေ​ထိုင်​သူ ယု​ဒ​အ​မျိုး​သား​များ​နှင့် ဂ​ရိ​အ​မျိုး​သား​အ​ပေါင်း​တို့​ကြား​သိ​ကြ ၏။ သူ​တို့​သည်​ထိတ်​လန့်​တုန်​လှုပ်​လျက် သ​ခင် ယေ​ရှု​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ကြ​ကုန်​၏။-

18. ယုံ​ကြည်​သူ​အ​များ​ပင်​လာ​ရောက်​၍ မိ​မိ တို့​သည်​မှော်​အ​တတ်​ကို​အ​သုံး​ပြု​မိ​ခဲ့ ကြောင်း ပွင့်​လင်း​စွာ​ဖော်​ပြ​ဝန်​ခံ​ကြ​၏။-

19. မှော်​အ​တတ်​ကို​အ​သုံး​ပြု​ခဲ့​သူ​အ​များ​ပင် မိ​မိ​တို့​၏​ကျမ်း​စောင်​များ​ကို​စု​သိမ်း​ယူ​ဆောင် လာ​၍ လူ​ပုံ​အ​လယ်​တွင်​မီး​ရှို့​ကြ​၏။ ထို​စာ​အုပ် များ​၏​တန်​ဖိုး​ကို​တွက်​ချက်​ကြည့်​သော​အ​ခါ ငွေ​အ​သ​ပြာ​ငါး​သောင်း​မျှ​ရှိ​ကြောင်း​တွေ့ ရှိ​ကြ​၏။-

20. သို့​ဖြစ်​၍​သ​ခင်​ဘု​ရား​၏​တန်​ခိုး​တော်​အား ဖြင့် သာ​သ​နာ​တော်​သည်​ကြီး​ပွား​တိုး​တက် လျက်​နေ​၏။

21. ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​ပြီး​နောက် ပေါ​လု သည်​မာ​ကေ​ဒေါ​နိ​ပြည်​နှင့်​အ​ခါ​ယ​ပြည်​မှ တစ်​ဆင့် ယေ​ရု​ရှ​လင်​မြို့​သို့​သွား​ရန်​စိတ်​ပိုင်း ဖြတ်​၏။ သူ​က ``ထို​မြို့​သို့​ငါ​သွား​ပြီး​နောက် ရော​မ​မြို့​သို့​လည်း​သွား​ရ​မည်'' ဟု​ဆို​၏။-

22. သူ​သည်​မိ​မိ​၏​လက်​ထောက်​နှစ်​ယောက်​ဖြစ် သည့်​တိ​မော​သေ​နှင့်​ဧ​ရတ္တု​တို့​ကို​မာ​ကေ ဒေါ​နိ​ပြည်​သို့​စေ​လွှတ်​လိုက်​၏။ မိ​မိ​မူ​ကား အာရှ​ပြည်​တွင်​ကာ​လ​အ​နည်း​ငယ်​နေ​၏။

23. ထို​အ​ချိန်​၌​သ​ခင်​ဘု​ရား​လမ်း​စဉ်​တော်​၏ အ​တွက်​ကြောင့် ဧ​ဖက်​မြို့​တွင်​ဆူ​ပူ​လှုပ်​ရှား မှု​ကြီး​တစ်​ရပ်​ဖြစ်​ပေါ်​လာ​၏။-

24. ဒေ​မေ​တ​ရိ​နာ​မည်​ရှိ​သော​ငွေ​ပန်း​ထိမ်​ဆ​ရာ သည် အာ​တေ​မိ​နတ်​သ​မီး​၏​ငွေ​နတ်​ကွန်း​ပုံ​တူ က​လေး​များ​ကို​ပြု​လုပ်​ခြင်း​အား​ဖြင့် လက်​မှု ပ​ညာ​သည်​များ​အား​များ​စွာ​ငွေ​ဝင်​လမ်း​ဖြောင့် စေ​ခဲ့​၏။-

25. သူ​သည်​ထို​လုပ်​ငန်း​ဆိုင်​ရာ​အ​လုပ်​သ​မား​များ နှင့်​အ​လား​တူ လုပ်​ငန်း​ဆိုင်​ရာ​အ​ခြား​အ​လုပ် သ​မား​များ​ကို​စု​ရုံး​စေ​ပြီး​လျှင် ``အ​ချင်း​လူ တို့၊ ဤ​လုပ်​ငန်း​ဖြင့် ငါ​တို့​စီး​ပွား​လမ်း​ဖြောင့်​ခဲ့ ကြောင်း​ကို​သင်​တို့​သိ​ကြ​၏။-

26. ဤ​ပေါ​လု​ဆို​သူ​သည်​ဧ​ဖက်​မြို့​တွင်​သာ​မ​က အာ​ရှ​ပြည်​တစ်​ခု​လုံး​လို​လို​၌​ပင် `လူ့​လက်​ဖြင့် ပြု​လုပ်​သည့်​ဘု​ရား​များ​သည်​ဘု​ရား​လုံး​ဝ မ​ဟုတ်' ဟု​ဆို​၍​လူ​အ​မြောက်​အ​မြား​ကို ဖြား​ယောင်း​သွေး​ဆောင်​ကာ မှောက်​မှား​လမ်း​လွဲ စေ​သည်​ကို​သင်​တို့​ကိုယ်​တိုင်​ကြား​နိုင်​မြင် နိုင်​ကြ​၏။-

27. လူ​တို့​သည်​ငါ​တို့​၏​အ​တတ်​ကို​ကဲ့​ရဲ့​ပြော​ဆို မည်​သာ​မ​က​အာ​ရှ​ပြည်​နှင့်​တ​ကွ ကမ္ဘာ​တစ်​ဝန်း လုံး​ကိုး​ကွယ်​သည့်​အာ​တေ​မိ​နတ်​သ​မီး​ကြီး​၏ ဂုဏ်​အ​သ​ရေ​ညှိုး​နွမ်း​လျက် သူ​၏​နတ်​ကွန်း​သည် လည်း​မ​ရေ​မ​ရာ​ဖြစ်​ရ​တော့​မည့်​ဘေး​နှင့်​ရင် ဆိုင်​နေ​ရ​၏'' ဟု​ပြော​၏။

28. ထို​စ​ကား​ကို​ကြား​လျှင်​လက်​မှု​ပ​ညာ​သည် တို့​သည် ဒေါ​သ​အ​မျက်​ထွက်​ကာ ``ဧ​ဖက်​မြို့​၏ အာ​တေ​မိ​နတ်​သ​မီး​သည်​ကြီး​မြတ်​ပေ​၏'' ဟု​ကြွေး​ကြော်​ကြ​၏။-

29. တစ်​မြို့​လုံး​ဆူ​ဆူ​ညံ​ညံ​ဖြစ်​လျက်​လူ​တို့ သည် ပေါ​လု​၏​ခ​ရီး​သွား​ဖော်​များ​ဖြစ်​သည့် မာ​ကေ​ဒေါ​နိ​ပြည်​သား​ဂါ​ယု​နှင့်​အာ​ရိတ္တာ​ခု တို့​ကို​ဖမ်း​ဆီး​၍ မြို့​တော်​ခန်း​မ​ကြီး​သို့ အ​လျင်​အ​မြန်​ခေါ်​ဆောင်​သွား​ကြ​၏။-

30. ပေါ​လု​သည်​မိ​မိ​ကိုယ်​တိုင်​ထို​လူ​ပ​ရိ​သတ် နှင့်​ရင်​ဆိုင်​လို​၏။ သို့​သော်​တ​ပည့်​တော်​တို့​က ထို​သို့​မ​ပြု​ရန်​ဆီး​တား​ကြ​၏။-

31. ပေါ​လု​၏​အ​ဆွေ​ဖြစ်​သော​နယ်​အာ​ဏာ​ပိုင် အ​ချို့​တို့​က​လည်း မြို့​တော်​ခန်း​မ​ကြီး​ထဲ သို့​မ​ဝင်​ရန်​လူ​လွှတ်​၍​တောင်း​ပန်​ကြ​၏။-

32. ဤ​အ​တော​အ​တွင်း​၌​လူ​တို့​သည် အ​မျိုး​မျိုး ဟစ်​အော်​ကြ​လျက်​အုတ်​အုတ်​သဲ​သဲ​ဖြစ်​၍ နေ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 19