ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 19:1-6 Common Language Bible (BCL)

1. ကော​ရိန္သု​မြို့​တွင်​အာ​ပေါ​လု​ရှိ​နေ​စဉ်​ပေါ​လု သည် အ​ထက်​ပါ​ဒေ​သ​တစ်​လျှောက်​သို့​လှည့်​လည် ပြီး​နောက် ဧ​ဖက်​မြို့​သို့​ရောက်​ရှိ​လာ​၏။ ထို​မြို့​တွင် တ​ပည့်​တော်​အ​ချို့​တို့​ကို​တွေ့​၍၊-

2. ``သင်​တို့​သည်​ယုံ​ကြည်​သူ​များ​ဖြစ်​လာ​ကြ သော​အ​ခါ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​ခံ ယူ​ရ​ကြ​ပါ​၏​လော'' ဟု​မေး​၏။ထို​သူ​တို့​က ``သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ရှိ တော်​မူ​ကြောင်း​ကို​ပင် ကျွန်ုပ်​တို့​မ​ကြား​ဘူး ပါ'' ဟု​ဆို​ကြ​၏။

3. ပေါ​လု​က ``ဤ​သို့​ဖြစ်​ပါ​မူ​သင်​တို့​သည် အ​ဘယ်​မည်​သော​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ခံ​ခဲ့ ကြ​ပါ​သ​နည်း'' ဟု​မေး​၏။သူ​တို့​က ``ယော​ဟန်​၏​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို ခံ​ခဲ့​ပါ​သည်'' ဟု​ဆို​ကြ​၏။

4. ပေါ​လု​က ``ယော​ဟန်​၏​ဗတ္တိ​ဇံ​မင်္ဂ​လာ​သည် နောင်​တ​ရ​သူ​တို့​အ​ဖို့​ဖြစ်​၏။ ယော​ဟန်​သည် မိ​မိ​၏​နောက်​တွင်​ကြွ​လာ​တော်​မူ​မည့်​အ​ရှင် ကို​ယုံ​ကြည်​ရ​မည်​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​ဟော​ပြော​ခဲ့​၏။ ထို​အ​ရှင်​ကား​သ​ခင် ယေ​ရှု​ပေ​တည်း'' ဟု​ဆို​၏။

5. ထို​စ​ကား​ကို​ကြား​လျှင်​သူ​တို့​သည် သ​ခင် ယေ​ရှု​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍​ဗတ္တိ​ဇံ မင်္ဂ​လာ​ခံ​ကြ​၏။-

6. ပေါ​လု​သည်​သူ​တို့​၏​ဦး​ခေါင်း​အ​ပေါ်​မှာ လက်​ကို​တင်​လိုက်​သော​အ​ခါ သန့်​ရှင်း​သော​ဝိ​ညာဉ် တော်​သည်​သူ​တို့​၏​အ​ပေါ်​သို့​သက်​ရောက်​တော် မူ​၏။ ထို​အ​ခါ​သူ​တို့​သည်​ထူး​ဆန်း​သော​ဘာ သာ​စ​ကား​များ​ကို​ပြော​ကြ​၏။ ဘု​ရား​သ​ခင် ၏​တ​ရား​တော်​ကို​လည်း​ဟော​ပြော​ကြေ​ညာ ကြ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 19