ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 19:1-15 Common Language Bible (BCL)

1. ကော​ရိန္သု​မြို့​တွင်​အာ​ပေါ​လု​ရှိ​နေ​စဉ်​ပေါ​လု သည် အ​ထက်​ပါ​ဒေ​သ​တစ်​လျှောက်​သို့​လှည့်​လည် ပြီး​နောက် ဧ​ဖက်​မြို့​သို့​ရောက်​ရှိ​လာ​၏။ ထို​မြို့​တွင် တ​ပည့်​တော်​အ​ချို့​တို့​ကို​တွေ့​၍၊-

2. ``သင်​တို့​သည်​ယုံ​ကြည်​သူ​များ​ဖြစ်​လာ​ကြ သော​အ​ခါ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​ခံ ယူ​ရ​ကြ​ပါ​၏​လော'' ဟု​မေး​၏။ထို​သူ​တို့​က ``သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ရှိ တော်​မူ​ကြောင်း​ကို​ပင် ကျွန်ုပ်​တို့​မ​ကြား​ဘူး ပါ'' ဟု​ဆို​ကြ​၏။

3. ပေါ​လု​က ``ဤ​သို့​ဖြစ်​ပါ​မူ​သင်​တို့​သည် အ​ဘယ်​မည်​သော​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ခံ​ခဲ့ ကြ​ပါ​သ​နည်း'' ဟု​မေး​၏။သူ​တို့​က ``ယော​ဟန်​၏​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို ခံ​ခဲ့​ပါ​သည်'' ဟု​ဆို​ကြ​၏။

4. ပေါ​လု​က ``ယော​ဟန်​၏​ဗတ္တိ​ဇံ​မင်္ဂ​လာ​သည် နောင်​တ​ရ​သူ​တို့​အ​ဖို့​ဖြစ်​၏။ ယော​ဟန်​သည် မိ​မိ​၏​နောက်​တွင်​ကြွ​လာ​တော်​မူ​မည့်​အ​ရှင် ကို​ယုံ​ကြည်​ရ​မည်​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​ဟော​ပြော​ခဲ့​၏။ ထို​အ​ရှင်​ကား​သ​ခင် ယေ​ရှု​ပေ​တည်း'' ဟု​ဆို​၏။

5. ထို​စ​ကား​ကို​ကြား​လျှင်​သူ​တို့​သည် သ​ခင် ယေ​ရှု​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍​ဗတ္တိ​ဇံ မင်္ဂ​လာ​ခံ​ကြ​၏။-

6. ပေါ​လု​သည်​သူ​တို့​၏​ဦး​ခေါင်း​အ​ပေါ်​မှာ လက်​ကို​တင်​လိုက်​သော​အ​ခါ သန့်​ရှင်း​သော​ဝိ​ညာဉ် တော်​သည်​သူ​တို့​၏​အ​ပေါ်​သို့​သက်​ရောက်​တော် မူ​၏။ ထို​အ​ခါ​သူ​တို့​သည်​ထူး​ဆန်း​သော​ဘာ သာ​စ​ကား​များ​ကို​ပြော​ကြ​၏။ ဘု​ရား​သ​ခင် ၏​တ​ရား​တော်​ကို​လည်း​ဟော​ပြော​ကြေ​ညာ ကြ​၏။-

7. သူ​တို့​အ​ရေ​အ​တွက်​မှာ​တစ်​ဆယ့်​နှစ်​ယောက် မျှ​ရှိ​သ​တည်း။-

8. ပေါ​လု​သည်​သုံး​လ​တိုင်​တိုင်​တ​ရား​ဇ​ရပ်​တွင် အ​ချေ​အ​တင်​ဆွေး​နွေး​ကာ​ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​အ​ကြောင်း လူ​တို့​နား​လည်​သ​ဘော ပေါက်​လာ​စေ​ရန်​မ​ကြောက်​မ​ရွံ့​ဘဲ​ဟော ပြော​၏။-

9. သို့​ရာ​တွင်​လူ​အ​ချို့​တို့​သည်​ခေါင်း​မာ​၍​မ​ယုံ ကြည်​သ​ဖြင့် လူ​အ​ပေါင်း​တို့​ရှေ့​တွင်​သ​ခင်​ဘု​ရား ၏​လမ်း​စဉ်​တော်​ကို​ရှုတ်​ချ​ပြော​ဆို​ကြ​၏။ သို့ ဖြစ်​၍​ပေါ​လု​သည်​တ​ပည့်​တော်​တို့​ကို​ခေါ် ၍ ထို​သူ​တို့​ထံ​မှ​ထွက်​ခွာ​ပြီး​လျှင် တု​ရန္နု ၏​စာ​သင်​ခန်း​မ​ဆောင်​တွင်​နေ့​စဉ်​နေ့​တိုင်း ဆွေး​နွေး​ပွဲ​များ​ကို​ကျင်း​ပ​၏။-

10. ဤ​သို့​နှစ်​နှစ်​တိုင်​တိုင်​ကျင်း​ပ​ရာ​အာ​ရှ​ပြည် တွင် နေ​ထိုင်​သူ​ယု​ဒ​အ​မျိုး​သား​များ​နှင့်​ဂ​ရိ အ​မျိုး​သား​အ​ပေါင်း​တို့​သည် သ​ခင်​ဘု​ရား ၏​နှုတ်​က​ပတ်​တ​ရား​တော်​ကို​ကြား​နာ​ရ ကြ​၏။

11. ဘု​ရား​သ​ခင်​သည်​ပေါ​လု​အား​ဖြင့် အ​လွန် ထူး​ကဲ​သော​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​လျက် နေ​တော်​မူ​၏။-

12. လူ​တို့​သည်​ပေါ​လု​ကိုင်​တွယ်​အ​သုံး​ပြု​သည့် ပ​ဝါ၊ အ​ဝတ်​အ​ထည်​စ​သည်​တို့​ကို​ပင်​သူ​နာ များ​နှင့်​နတ်​မိစ္ဆာ​ပူး​ဝင်​သူ​များ​ထံ​ဆောင်​ယူ သွား​သ​ဖြင့် သူ​နာ​တို့​သည်​ရော​ဂါ​များ​ပျောက် ကင်း​၍​နတ်​မိစ္ဆာ​တို့​သည် မိ​မိ​တို့​ပူး​ဝင်​သူ​ထံ မှ​ထွက်​ခွာ​သွား​ကြ​၏။-

13. ယု​ဒ​အ​မျိုး​သား​နယ်​လှည့်​ပ​ယော​ဂ​ဆ​ရာ အ​ချို့​တို့​သည် သ​ခင်​ယေ​ရှု​၏​နာ​မ​တော်​အား ဖြင့်​နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​ရန်​ကြိုး​စား​ကြ ၏။ သူ​တို့​က ``ပေါ​လု​ဟော​ပြော​သော​ယေ​ရှု​၏ နာ​မ​ကို​တိုင်​တည်​၍​သင့်​ကို​ငါ​နှင်​ထုတ်​၏'' ဟု​လူ​ကို​ပူး​ဝင်​နေ​သော​နတ်​မိစ္ဆာ​အား​ဆို ကြ​၏။-

14. ဤ​ပ​ယော​ဂ​ဆ​ရာ​တို့​ကား​ယဇ်​ပု​ရော​ဟိတ် ကြီး​သ​ကေ​ဝ​၏​သား​ခု​နစ်​ယောက်​ဖြစ်​သ​တည်း။

15. သို့​ရာ​တွင်​နတ်​မိစ္ဆာ​က ``ယေ​ရှု​ကို​ငါ​သိ​၏။ ပေါ​လု​ကို​လည်း​ငါ​သိ​၏။ သို့​သော်​သင်​တို့​ကား မည်​သူ​များ​နည်း'' ဟု​သူ​တို့​အား​မေး​လေ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 19