ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 16:37-40 Common Language Bible (BCL)

37. သို့​ရာ​တွင်​ပေါ​လု​က ``ရော​မ​နိုင်​ငံ​သား​များ ဖြစ်​သော​ငါ​တို့​အား​စစ်​ကြော​စီ​ရင်​ခြင်း​မ ပြု​ဘဲ ငါ​တို့​ကို​လူ​ပ​ရိ​သတ်​ရှေ့​တွင်​ရိုက်​နှက် ၍​အ​ကျဉ်း​ချ​ထား​ခဲ့​ကြ​၏။ ယ​ခု​ငါ​တို့​ကို တိတ်​တ​ဆိတ်​လွှတ်​လို​ကြ​ပါ​သ​လော။ ထို​သို့ မ​ပြု​သင့်။ သူ​တို့​ကိုယ်​တိုင်​လာ​၍​ငါ​တို့​ကို ထောင်​မှ​ထုတ်​ကြ​ပါ​စေ'' ဟု​ရဲ​အ​ရာ​ရှိ တို့​အား​ပြော​၏။

38. ရဲ​အ​ရာ​ရှိ​တို့​သည်​လည်း​ဤ​အ​ကြောင်း​ကို အ​ရာ​ရှိ​တို့​အား​ပြန်​လည်​လျှောက်​ထား​ကြ ၏။ ပေါ​လု​နှင့်​သိ​လ​တို့​သည်​ရော​မ​နိုင်​ငံ​သား များ​ဖြစ်​ကြောင်း​ကို အ​ရာ​ရှိ​တို့​ကြား​သော အ​ခါ​ကြောက်​လန့်​ကြ​၏။-

39. သို့​ဖြစ်​၍​သူ​တို့​သည်​လာ​၍​ပေါ​လု​နှင့်​သိ​လ တို့​အား​ဖျောင်း​ဖျ​ပြော​ဆို​ကြ​၏။ ထို​နောက်​သူ တို့​ကို​ထောင်​မှ​ထုတ်​ပြီး​လျှင် ထို​မြို့​မှ​ထွက်​ခွာ သွား​ရန်​တောင်း​ပန်​ကြ​၏။-

40. သို့​ဖြစ်​၍​သူ​တို့​သည်​အ​ကျဉ်း​ထောင်​မှ​ထွက်​ခွာ ၍ လု​ဒိ​၏​အိမ်​သို့​သွား​ကြ​၏။ ထို​နောက်​ယုံ​ကြည် သူ​တို့​နှင့်​တွေ့​ဆုံ​ကာ​အား​ပေး​စ​ကား​ပြော ကြား​ပြီး​လျှင် ထို​မြို့​မှ​ထွက်​ခွာ​သွား​ကြ​လေ သည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 16