ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 16:19-29 Common Language Bible (BCL)

19. သူ​ငယ်​မ​၏​သ​ခင်​ဖြစ်​သူ​တို့​သည် မိ​မိ​တို့ ငွေ​ဝင်​ပေါက်​ပိတ်​သွား​ကြောင်း​သိ​ရှိ​ကြ​သော အ​ခါ ပေါ​လု​နှင့်​သိ​လ​တို့​ကို​ဖမ်း​ဆီး​၍ အာ​ဏာ​ပိုင်​များ​ရှိ​ရာ​မြို့​တွင်း​မြေ​ကွက် လပ်​သို့​ဆွဲ​ခေါ်​သွား​ကြ​၏။-

20. ရော​မ​အ​ရာ​ရှိ​တို့​၏​ရှေ့​သို့​ရောက်​သော​အ​ခါ ``ဤ​သူ​တို့​သည်​ယု​ဒ​အ​မျိုး​သား​များ​ဖြစ် ပါ​သည်။ ကျွန်​တော်​တို့​မြို့​တွင်​ဆူ​ပူ​မှု​ဖြစ် အောင်​ပြု​လျက်​နေ​ကြ​ပါ​သည်။-

21. ကျွန်​တော်​တို့​တ​ရား​ဥ​ပ​ဒေ​များ​နှင့် ဆန့်​ကျင် သော​ထုံး​တမ်း​စဉ်​လာ​များ​ကို​သွန်​သင်​နေ​ကြ ပါ​သည်။ ရော​မ​အ​မျိုး​သား​များ​အ​နေ​ဖြင့် ကျွန်ုပ်​တို့​သည် ထို​ထုံး​တမ်း​စဉ်​လာ​များ​ကို လက်​မ​ခံ​နိုင်၊ မ​ကျင့်​သုံး​နိုင်​ပါ'' ဟု​လျှောက် ထား​ကြ​၏။-

22. လူ​ပ​ရိ​သတ်​က​လည်း ပေါ​လု​နှင့်​သိ​လ​တို့ ကို​ဝိုင်း​၍​စွပ်​စွဲ​ကြ​၏။အ​ရာ​ရှိ​တို့​သည်​ထို​သူ​နှစ်​ဦး​၏​အ​ဝတ်​များ​ကို ဆွဲ​ဖြဲ​၍ ကြိမ်​ဒဏ်​ပေး​စေ​ရန်​အ​မိန့်​ချ​မှတ်​ကြ​၏။-

23. စစ်​သား​များ​သည်​လည်း​ပေါ​လု​နှင့်​သိ​လ​တို့​ကို ပြင်း​ထန်​စွာ​ကြိမ်​ဒဏ်​ပေး​ပြီး​လျှင်​ထောင်​ချ​ထား ကြ​၏။ သူ​တို့​အား​လုံ​ခြုံ​စွာ​ချုပ်​နှောင်​ထား​ရန် အ​မိန့်​အ​ရ၊-

24. ထောင်​မှူး​သည်​သူ​တို့​အား​အ​လုံ​ထောင်​သို့​သွင်း ပြီး​လျှင် ခြေ​များ​ကို​ထိတ်​ခတ်​၍​ထား​လေ​၏။

25. သန်း​ခေါင်​အ​ချိန်​ခန့်​၌​ပေါ​လု​နှင့်​သိ​လ​တို့​သည် ပတ္ထ​နာ​ပြု​ကာ​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကို​ချီး​မွမ်း​သီ​ဆို​လျက်​နေ​ကြ​၏။-

26. ထို​အ​ခါ​ရုတ်​တ​ရက်​မြေ​င​လျင်​ပြင်း​စွာ​လှုပ် သ​ဖြင့် အ​ကျဉ်း​ထောင်​၏​အုတ်​မြစ်​သည်​လှုပ်​ရှား သွား​၏။ ထောင်​တံ​ခါး​ရှိ​သ​မျှ​သည်​ချက်​ချင်း ပင်​ပွင့်​ထွက်​သွား​ကုန်​၏။ အ​ကျဉ်း​သား​အ​ပေါင်း တို့​သည် သံ​ကြိုး​အ​နှောင်​အ​ဖွဲ့​မှ​လွတ်​မြောက် ကြ​ကုန်​၏။-

27. ထောင်​မှူး​သည်​အိပ်​ရာ​မှ​နိုး​၍​ထောင်​တံ​ခါး များ​ပွင့်​လျက်​နေ​သည်​ကို​မြင်​လျှင် အ​ကျဉ်း သား​များ​ထွက်​ပြေး​ကြ​ပြီ​ဟု​ထင်​မှတ်​သ​ဖြင့် ဋ္ဌား​ကို​ဆွဲ​ထုတ်​ပြီး​လျှင်​မိ​မိ​ကိုယ်​ကို​သတ် မည်​ပြု​၏။-

28. သို့​ရာ​တွင်​ပေါ​လု​က ``သင်​၏​ကိုယ်​ကို​အန္တ​ရာယ် မ​ပြု​နှင့်။ ငါ​တို့​အား​လုံး​ဤ​နေ​ရာ​တွင်​ရှိ​နေ ကြ​သည်'' ဟု​ကျယ်​စွာ​ဟစ်​အော်​၍​ပြော​၏။

29. ထောင်​မှူး​သည်​မီး​တိုင်​ကို​တောင်း​ယူ​ပြီး​လျှင် ပြေး​ဝင်​၍​လာ​၏။ သူ​သည်​တုန်​လှုပ်​လျက် ပေါ​လု​နှင့်​သိ​လ​တို့​၏​ခြေ​ရင်း​တွင်​ပျပ်​ဝပ်​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 16