ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 16:1-12 Common Language Bible (BCL)

1. ပေါ​လု​သည်​ဒေ​ရ​ဗေ​မြို့​နှင့်​လုတ္တ​ရ​မြို့​သို့​ရောက် ရှိ​လာ​၏။ လုတ္တ​ရ​မြို့​တွင်​တိ​မော​သေ​နာ​မည်​ရှိ သော​တ​ပည့်​တော်​တစ်​ဦး​ရှိ​၏။ သူ​၏​မိ​ခင်​သည် ယုံ​ကြည်​သူ​ယု​ဒ​အ​မျိုး​သ​မီး​ဖြစ်​သော်​လည်း သူ​၏​ဖ​ခင်​မှာ​ဂရိ​အ​မျိုး​သား​ဖြစ်​၏။-

2. သူ​သည်​လုတ္တ​ရ​မြို့​နှင့်​ဣ​ကော​နိ​မြို့​ရှိ ညီ​အစ် ကို​တို့​၏​ချီး​မွမ်း​ခြင်း​ကို​ခံ​ရ​၏။-

3. ပေါ​လု​သည်​သူ့​ကို​မိ​မိ​နှင့်​အ​တူ​လိုက်​စေ​လို သ​ဖြင့် သူ့​အား​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ပေး​၏။ ဤ​သို့​ပြု​ရ​ခြင်း​အ​ကြောင်း​မှာ​တိ​မော​သေ​၏ ဖ​ခင်​သည်​ဂ​ရိ​အ​မျိုး​သား​ဖြစ်​ကြောင်း ထို အ​ရပ်​ရှိ​ယု​ဒ​အ​မျိုး​သား​တို့​သိ​ကြ​သော ကြောင့်​ဖြစ်​၏။-

4. သူ​တို့​သည်​မြို့​များ​ကို​ဖြတ်​၍​သွား​ကြ​သော အ​ခါ ယေ​ရု​ရှ​လင်​မြို့​၌​နေ​သော​တ​မန်​တော် များ​နှင့်​အ​သင်း​တော်​လူ​ကြီး​များ​ပြ​ဋ္ဌာန်း သော​ပ​ညတ်​များ​ကို​ရှင်း​လင်း​ပြော​ပြ​ကာ ယုံ​ကြည်​သူ​တို့​လိုက်​နာ​ကျင့်​သုံး​ရန်​ညွှန် ကြား​ကြ​၏။-

5. သို့​ဖြစ်​၍​အ​သင်း​တော်​တို့​၏​ယုံ​ကြည်​ခြင်း ပို​မို​ခိုင်​မြဲ​လာ​လျက် နေ့​စဉ်​နေ့​တိုင်း​အ​ရေ အ​တွက်​အား​ဖြင့်​တိုး​တက်​များ​ပြား​လား ၏။

6. သူ​တို့​သည်​ဖြု​ဂိ​ပြည်​နှင့်​ဂ​လာ​တိ​ပြည်​တို့ ကို​ဖြတ်​သွား​ကြ​၏။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် သည် သူ​တို့​အား​အာ​ရှ​ပြည်​၌​နှုတ်​က​ပတ်​တ​ရား တော်​ကို​ဟော​ပြော​ခွင့်​ပေး​တော်​မ​မူ။-

7. သူ​တို့​သည်​မု​သိ​ပြည်​နယ်​စပ်​သို့​ရောက်​ကြ​သော အ​ခါ ဗိ​သုန်​ပြည်​သို့​သွား​ရန်​ကြိုး​စား​ကြ​၏။ သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​၏​ဝိ​ညာဉ်​တော်​က​ခွင့် ပြု​တော်​မ​မူ​သ​ဖြင့်၊-

8. မု​သိ​ပြည်​ကို​ဖြတ်​၍​တ​ရော​မြို့​သို့​ရောက်​ကြ​၏။-

9. ပေါ​လု​သည်​ညဥ့်​အ​ခါ​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင် ``မာ​ကေ​ဒေါ​နိ​ပြည်​သို့​ဖြတ်​ကူး​၍​အ​ကျွန်ုပ် တို့​အား​ကူ​ညီ​မ​စ​ပါ'' ဟု​မာ​ကေ​ဒေါ​နိ ပြည်​သား​တစ်​ယောက်​သည်​ရပ်​လျက်​တောင်း​ပန် နေ​သည်​ကို​မြင်​ရ​၏။-

10. ဤ​သို့​ဗျာ​ဒိတ်​ရူပါ​ရုံ​ကို​ပေါ​လု​မြင်​ပြီး​နောက် ချက်​ချင်း​ပင်​ကျွန်ုပ်​တို့​သည်​မာ​ကေ​ဒေါ​နိ​ပြည် သို့​သွား​ရန်​ပြင်​ဆင်​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို သော်​မာ​ကေ​ဒေါ​နိ​ပြည်​သား​တို့​အား​သ​တင်း ကောင်း​ကို​ဟော​ပြော​ရန် ကျွန်ုပ်​တို့​အား​ဘု​ရား သ​ခင်​စေ​ခိုင်း​တော်​မူ​သည်​ဟု​ဆုံး​ဖြတ်​ချက် ချ​ကြ​ခြင်း​ကြောင့်​ဖြစ်​၏။

11. ကျွန်ုပ်​တို့​သည်​တ​ရော​မြို့​မှ​သာ​မော​သ​ရက် ကျွန်း​သို့ တည့်​တည့်​သင်္ဘော​လွှင့်​ကြ​ရာ​နောက် တစ်​နေ့​၌​နာ​ပေါ​လိ​မြို့​သို့​ရောက်​ကြ​၏။-

12. ထို​မြို့​မှ​ဖိ​လိပ္ပိ​မြို့​သို့​သွား​ကြ​၏။ ဖိ​လိပ္ပိ​မြို့ ကား​မာ​ကေ​ဒေါ​နိ​ပြည်​ပ​ထ​မ​နယ်​၏​မြို့​တစ် မြို့​ဖြစ်​၏။ ရော​မ​အ​မျိုး​သား​တို့​အ​ခြေ​စိုက် ရာ​မြို့​လည်း​ဖြစ်​၏။ ထို​မြို့​တွင်​ကျွန်ုပ်​တို့​သည် ရက်​ပေါင်း​များ​စွာ​နေ​ထိုင်​ကြ​ပြီး​သည့်​နောက်၊-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 16