ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 15:36-41 Common Language Bible (BCL)

36. ရက်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​ပေါ​လု​က ဗာ​န​ဗ​အား ``သ​ခင်​ဘု​ရား​၏​နှုတ်​က​ပတ် တ​ရား​တော်​ကို​ငါ​တို့​ဟော​ပြော​ခဲ့​သည့်​မြို့ တိုင်း ရှိ​ညီ​အစ်​ကို​များ​ထံ​သို့​ပြန်​သွား​၍ သူ တို့​၏​အ​ခြေ​အ​နေ​ကို​လေ့​လာ​ကြ​ကုန်​အံ့'' ဟု​ဆို​၏။-

37. ထို​အ​ခါ​ဗာ​န​ဗ​သည်​မာ​ကု​ခေါ်​ယော​ဟန် ကို​ခေါ်​ဆောင်​သွား​ရန်​အ​လို​ရှိ​၏။-

38. သို့​သော်​ပေါ​လု​က​မိ​မိ​တို့​နှင့်​သာ​သ​နာ ပြု​ခ​ရီး​အ​ဆုံး​တိုင်​အောင်​မ​လိုက်​ဘဲ ပံ​ဖု​လိ ပြည်​တွင်​မိ​မိ​တို့​ထံ​မှ​ထွက်​ခွာ​သွား​ခဲ့​သူ ကို​ခေါ်​ဆောင်​ရန်​မ​သင့်​လျော်​ဟု​ယူ​ဆ​၏။-

39. သူ​တို့​သည်​အ​ပြင်း​အ​ထန်​အ​ငြင်း​ပွား​ပြီး နောက်​လမ်း​ခွဲ​ခွာ​သွား​ကြ​၏။ ဗာ​န​ဗ​သည် မာ​ကု​ကို​ခေါ်​၍​ကု​ပ​ရု​ကျွန်း​သို့​သင်္ဘော လွှင့်​လေ​၏။-

40. ပေါ​လု​မူ​ကား​သိ​လ​ကို​ရွေး​ချယ်​၍​ထွက်​ခွာ သွား​လေ​သည်။ ယုံ​ကြည်​သူ​များ​သည်​ပေါ​လု အား​သ​ခင်​ဘု​ရား​၏​ကျေး​ဇူး​တော်​သို့​အပ်​နှံ ကြ​၏။-

41. ပေါ​လု​သည်​ထို​အ​ရပ်​မှ​ရှု​ရိ​ပြည်​နှင့်​ကိ​လိ ကိ​ပြည်​သို့​သွား​ရောက်​၍​အ​သင်း​တော်​ကို ခိုင်​ခံ့​စေ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 15