ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 15:28-41 Common Language Bible (BCL)

28. ရုပ်​တု​များ​အား​ပူ​ဇော်​ထား​သည့်​အ​စား အ​စာ​ကို​မ​စား​နှင့်။ သွေး​ကို​လည်း​မ​စား​နှင့်။-

29. လည်​ညှစ်​သား​ကို​မ​စား​နှင့်။ ကာ​မ​ဂုဏ်​လိုက်​စား မှု​ကို​မ​ပြု​နှင့်​ဟူ​သော​ပ​ညတ်​များ​မှ​တစ်​ပါး အ​ခြား​သော​ဝန်​ကို​သင်​တို့​အ​ပေါ်​မ​တင်​ရန် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​ကျွန်ုပ်​တို့​သ​ဘော တူ​ကြ​ပါ​၏။ ဤ​အ​ရာ​များ​ကို​ရှောင်​ကြဉ်​ကြ ပါ​က သင်​တို့​အ​တွက်​လုံ​လောက်​ပေ​ပြီ။ ကျန်း မာ​ရွှင်​လန်း​ကြ​ပါ​စေ'' ဟု​ဖော်​ပြ​ပါ​ရှိ​လေ သည်။

30. စေ​တ​မန်​တို့​အား​စေ​လွှတ်​သ​ဖြင့် သူ​တို့​သည် အန္တိ​အုတ်​မြို့​သို့​သွား​၍​ယုံ​ကြည်​သူ​အ​ပေါင်း တို့​အား စု​ဝေး​စေ​ပြီး​လျှင်​အ​မှာ​စာ​ကို​ပေး အပ်​ကြ​၏။-

31. ထို​စာ​ကို​ဖတ်​ပြ​ကြ​သော​အ​ခါ​သူ​တို့​သည် အား​ပေး​စ​ကား​များ​ကြောင့်​လွန်​စွာ​ဝမ်း မြောက်​ကြ​၏။-

32. ယု​ဒ​နှင့်​သိ​လ​တို့​သည်​လည်း​ပ​ရော​ဖက်​များ ဖြစ်​ကြ​သည့်​အ​လျောက် သူ​တို့​အား​အ​ချိန်​ကြာ မြင့်​စွာ​တိုက်​တွန်း​အား​ပေး​သ​ဖြင့်​သူ​တို့​အား ကြံ့​ခိုင်​စေ​ကြ​၏။-

33. သူ​တို့​သည်​ထို​အ​ရပ်​တွင်​ကာ​လ​အ​တန်​ကြာ နေ​ပြီး​နောက် ယုံ​ကြည်​သူ​တို့​အား​နှုတ်​ဆက်​၍ ပြန်​လွှတ်​လိုက်​ကြ​၏။-

34. သို့​သော်​လည်း​သိ​လ​သည်​နေ​ရစ်​ရန်​ဆုံး​ဖြတ်​၏။

35. ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​သည်​အန္တိ​အုတ်​မြို့​တွင် ဆက်​လက်​နေ​ထိုင်​၍ သ​ခင်​ဘု​ရား​၏​နှုတ်​က​ပတ် တော်​ကို​အ​ခြား​သူ​များ​နှင့်​အ​တူ​ဟော​ပြော သွန်​သင်​ကြ​၏။

36. ရက်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​ပေါ​လု​က ဗာ​န​ဗ​အား ``သ​ခင်​ဘု​ရား​၏​နှုတ်​က​ပတ် တ​ရား​တော်​ကို​ငါ​တို့​ဟော​ပြော​ခဲ့​သည့်​မြို့ တိုင်း ရှိ​ညီ​အစ်​ကို​များ​ထံ​သို့​ပြန်​သွား​၍ သူ တို့​၏​အ​ခြေ​အ​နေ​ကို​လေ့​လာ​ကြ​ကုန်​အံ့'' ဟု​ဆို​၏။-

37. ထို​အ​ခါ​ဗာ​န​ဗ​သည်​မာ​ကု​ခေါ်​ယော​ဟန် ကို​ခေါ်​ဆောင်​သွား​ရန်​အ​လို​ရှိ​၏။-

38. သို့​သော်​ပေါ​လု​က​မိ​မိ​တို့​နှင့်​သာ​သ​နာ ပြု​ခ​ရီး​အ​ဆုံး​တိုင်​အောင်​မ​လိုက်​ဘဲ ပံ​ဖု​လိ ပြည်​တွင်​မိ​မိ​တို့​ထံ​မှ​ထွက်​ခွာ​သွား​ခဲ့​သူ ကို​ခေါ်​ဆောင်​ရန်​မ​သင့်​လျော်​ဟု​ယူ​ဆ​၏။-

39. သူ​တို့​သည်​အ​ပြင်း​အ​ထန်​အ​ငြင်း​ပွား​ပြီး နောက်​လမ်း​ခွဲ​ခွာ​သွား​ကြ​၏။ ဗာ​န​ဗ​သည် မာ​ကု​ကို​ခေါ်​၍​ကု​ပ​ရု​ကျွန်း​သို့​သင်္ဘော လွှင့်​လေ​၏။-

40. ပေါ​လု​မူ​ကား​သိ​လ​ကို​ရွေး​ချယ်​၍​ထွက်​ခွာ သွား​လေ​သည်။ ယုံ​ကြည်​သူ​များ​သည်​ပေါ​လု အား​သ​ခင်​ဘု​ရား​၏​ကျေး​ဇူး​တော်​သို့​အပ်​နှံ ကြ​၏။-

41. ပေါ​လု​သည်​ထို​အ​ရပ်​မှ​ရှု​ရိ​ပြည်​နှင့်​ကိ​လိ ကိ​ပြည်​သို့​သွား​ရောက်​၍​အ​သင်း​တော်​ကို ခိုင်​ခံ့​စေ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 15