ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 14:7-14 Common Language Bible (BCL)

7. သ​တင်း​ကောင်း​ကို​ဟော​ပြော​ကြ​၏။

8. လုတ္တ​ရ​မြို့​တွင်​အ​ဘယ်​အ​ခါ​က​မျှ​လမ်း​မ လျှောက်​နိုင်​ခဲ့​သူ၊ မွေး​စ​က​ပင်​ခြေ​မ​စွမ်း​မ​သန် ခဲ့​သူ​လူ​တစ်​ယောက်​ရှိ​၏။-

9. သူ​သည်​ပေါ​လု​ဟော​ပြော​သည်​ကို​နား​ထောင် လျက်​နေ​၏။ ပေါ​လု​သည်​သူ့​အား​စိုက်​ကြည့် လိုက်​သော​အ​ခါ ရော​ဂါ​ပျောက်​ကင်း​စေ​နိုင် လောက်​အောင်​သူ့​မှာ​ယုံ​ကြည်​မှု​ရှိ​ကြောင်း ကို​သိ​မြင်​လျှင်၊-

10. ``ထ​၍​မတ်​မတ်​ရပ်​လော့'' ဟု​ထို​သူ​အား အ​သံ​ကျယ်​စွာ​ဆို​၏။ ထို​အ​ခါ​သူ​သည် ခုန်​၍​ထ​ပြီး​လျှင်​လမ်း​လျှောက်​လေ​၏။-

11. လူ​ပရိသတ်​တို့​သည်​ပေါ​လု​ပြု​သော​အ​မှု အ​ရာ​ကို​မြင်​လျှင် ``နတ်​ဘု​ရား​တို့​သည်​လူ့ အ​သွင်​ကို​ဆောင်​၍ ငါ​တို့​ထံ​သို့​သက်​ဆင်း လာ​လေ​ပြီ'' ဟု​မိ​မိ​တို့​လု​ကော​နိ​ဘာ​သာ စ​ကား​ဖြင့်​ကြွေး​ကြော်​ကြ​၏။-

12. သူ​တို့​သည်​ဗာ​န​ဗ​အား​ဇု​သ​ဟု​ခေါ်​ကြ​၏။ ခေါင်း​ဆောင်​၍​ဟော​ပြော​သူ​ဖြစ်​သော​ကြောင့် ပေါ​လု အား​ဟေ​ရ​မေ​ဟု​ခေါ်​ကြ​၏။-

13. ဇု​သ​နတ်​ဘု​ရား​၏​ဗိ​မာန်​သည်​မြို့​အ​ပြင်​တွင် ရှိ​ရာ ထို​နတ်​ဘု​ရား​၏​ယဇ်​ပု​ရော​ဟိတ်​သည် နွား လား​များ​နှင့်​ပန်း​ကုံး​များ​ကို​မြို့​တံ​ခါး​ဝ​သို့ ယူ​ဆောင်​လာ​၏။ သူ​နှင့်​တ​ကွ​လူ​ပ​ရိ​သတ်​တို့ သည် တ​မန်​တော်​တို့​အား​ယဇ်​ပူ​ဇော်​ပ​သ​လို ကြ​၏။

14. ထို​သို့​ပူ​ဇော်​ပ​သ​မည့်​အ​ကြောင်း​ကို​ဗာ​န​ဗ နှင့်​ပေါ​လု​တို့​ကြား​ကြ​သော​အ​ခါ မိ​မိ​တို့​၏ အ​ဝတ်​များ​ကို​ဆုတ်​ဖြဲ​၍​လူ​တို့​ထံ​သို့​ပြေး သွား​ပြီး​လျှင်၊-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 14