ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 14:1-16 Common Language Bible (BCL)

1. ဣ​ကော​နိ​မြို့​တွင်​လည်း​ပေါ​လု​နှင့်​ဗာ​န​ဗ သည် ယု​ဒ​အ​မျိုး​သား​တို့​၏​တ​ရား​ဇ​ရပ်​သို့ ဝင်​၍​ဟော​ပြော​သွန်​သင်​ကြ​ရာ ယု​ဒ​အ​မျိုး သား​နှင့်​လူ​မျိုး​ခြား​အ​မြောက်​အ​မြား​သည် ယုံ​ကြည်​ကြ​၏။-

2. သို့​သော်​မ​ယုံ​ကြည်​သည့်​ယု​ဒ​အ​မျိုး​သား များ​သည် လူ​မျိုး​ခြား​တို့​အား​ညီ​အစ်​ကို​တို့ ကို​မ​နာ​လို​စိတ်​ရှိ​စေ​ရန်​ဆွ​ပေး​ကြ​၏။-

3. တ​မန်​တော်​တို့​သည်​ထို​အ​ရပ်​တွင်​ကြာ​မြင့်​စွာ နေ​ထိုင်​လျက် သ​ခင်​ဘု​ရား​၏​အ​ကြောင်း​ကို ရဲ​ရင့်​စွာ​ဟော​ပြော​ကြ​၏။ ကိုယ်​တော်​သည်​ထို သူ​တို့​ဟော​ပြော​သည့်​ကျေး​ဇူး​တော်​ဆိုင်​ရာ တ​ရား​မှန်​ကန်​ကြောင်း​သက်​သေ​ပြ​ရန် သူ​တို့ အား​အံ့​သြ​ဖွယ်​ရာ​များ​နှင့်​နိ​မိတ်​လက္ခ​ဏာ များ​ပြ​နိုင်​သော​တန်​ခိုး​ကို​ပေး​တော်​မူ​၏။-

4. မြို့​သူ​မြို့​သား​တို့​သည်​နှစ်​စု​ကွဲ​ကြ​၏။ တစ်​စု က​ယု​ဒ​အ​မျိုး​သား​တို့​ဘက်​သို့​ပါ​၍ အ​ခြား တစ်​စု​က​တ​မန်​တော်​တို့​ဘက်​သို့​ပါ​ကြ​၏။

5. ယု​ဒ​အ​မျိုး​သား​နှင့်​လူ​မျိုး​ခြား​အ​ချို့​တို့ သည် တ​မန်​တော်​တို့​ကို​ညှဉ်း​ဆဲ​ရန်​နှင့်​ခဲ​ဖြင့် ပေါက်​ရန် မိ​မိ​တို့​ခေါင်း​ဆောင်​များ​နှင့်​ကြံ​စည် အား​ထုတ်​ကြ​၏။-

6. ထို​အ​ကြောင်း​ကို​တ​မန်​တော်​တို့​ကြား​သိ ကြ​သော​အ​ခါ လု​ကော​နိ​ပြည်​ရှိ​လုတ္တ​ရ​မြို့၊ ဒေ​ရ​ဗေ​မြို့​နှင့်​အ​နီး​ရှိ​ဒေ​သ​သို့​ထွက်​ပြေး ၍၊-

7. သ​တင်း​ကောင်း​ကို​ဟော​ပြော​ကြ​၏။

8. လုတ္တ​ရ​မြို့​တွင်​အ​ဘယ်​အ​ခါ​က​မျှ​လမ်း​မ လျှောက်​နိုင်​ခဲ့​သူ၊ မွေး​စ​က​ပင်​ခြေ​မ​စွမ်း​မ​သန် ခဲ့​သူ​လူ​တစ်​ယောက်​ရှိ​၏။-

9. သူ​သည်​ပေါ​လု​ဟော​ပြော​သည်​ကို​နား​ထောင် လျက်​နေ​၏။ ပေါ​လု​သည်​သူ့​အား​စိုက်​ကြည့် လိုက်​သော​အ​ခါ ရော​ဂါ​ပျောက်​ကင်း​စေ​နိုင် လောက်​အောင်​သူ့​မှာ​ယုံ​ကြည်​မှု​ရှိ​ကြောင်း ကို​သိ​မြင်​လျှင်၊-

10. ``ထ​၍​မတ်​မတ်​ရပ်​လော့'' ဟု​ထို​သူ​အား အ​သံ​ကျယ်​စွာ​ဆို​၏။ ထို​အ​ခါ​သူ​သည် ခုန်​၍​ထ​ပြီး​လျှင်​လမ်း​လျှောက်​လေ​၏။-

11. လူ​ပရိသတ်​တို့​သည်​ပေါ​လု​ပြု​သော​အ​မှု အ​ရာ​ကို​မြင်​လျှင် ``နတ်​ဘု​ရား​တို့​သည်​လူ့ အ​သွင်​ကို​ဆောင်​၍ ငါ​တို့​ထံ​သို့​သက်​ဆင်း လာ​လေ​ပြီ'' ဟု​မိ​မိ​တို့​လု​ကော​နိ​ဘာ​သာ စ​ကား​ဖြင့်​ကြွေး​ကြော်​ကြ​၏။-

12. သူ​တို့​သည်​ဗာ​န​ဗ​အား​ဇု​သ​ဟု​ခေါ်​ကြ​၏။ ခေါင်း​ဆောင်​၍​ဟော​ပြော​သူ​ဖြစ်​သော​ကြောင့် ပေါ​လု အား​ဟေ​ရ​မေ​ဟု​ခေါ်​ကြ​၏။-

13. ဇု​သ​နတ်​ဘု​ရား​၏​ဗိ​မာန်​သည်​မြို့​အ​ပြင်​တွင် ရှိ​ရာ ထို​နတ်​ဘု​ရား​၏​ယဇ်​ပု​ရော​ဟိတ်​သည် နွား လား​များ​နှင့်​ပန်း​ကုံး​များ​ကို​မြို့​တံ​ခါး​ဝ​သို့ ယူ​ဆောင်​လာ​၏။ သူ​နှင့်​တ​ကွ​လူ​ပ​ရိ​သတ်​တို့ သည် တ​မန်​တော်​တို့​အား​ယဇ်​ပူ​ဇော်​ပ​သ​လို ကြ​၏။

14. ထို​သို့​ပူ​ဇော်​ပ​သ​မည့်​အ​ကြောင်း​ကို​ဗာ​န​ဗ နှင့်​ပေါ​လု​တို့​ကြား​ကြ​သော​အ​ခါ မိ​မိ​တို့​၏ အ​ဝတ်​များ​ကို​ဆုတ်​ဖြဲ​၍​လူ​တို့​ထံ​သို့​ပြေး သွား​ပြီး​လျှင်၊-

15. အ​ချင်း​လူ​တို့၊ သင်​တို့​သည်​အ​ဘယ်​ကြောင့်​ဤ သို့​ပြု​ကြ​သ​နည်း။ ငါ​တို့​သည်​လည်း​သင်​တို့​ကဲ့ သို့​ပင်​လူ​သာ​မန်​များ​သာ​ဖြစ်​ကြ​၏။ သင်​တို့ သည်​ဤ​သို့​အ​ကျိုး​မ​ရှိ​သည့်​အ​မှု​အ​ရာ​များ ကို​စွန့်​ပစ်​၍ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား သ​ခင်​အား​ဆည်း​ကပ်​ကြ​စေ​ရန် ငါ​တို့​သည် သင်​တို့​အား​သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရန် ရောက်​ရှိ​လာ​ကြ​၏။ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​သည်​မိုး​မြေ​ကို​လည်း​ကောင်း ပင်​လယ်​နှင့်​အ​ရပ်​ခပ်​သိမ်း​တွင်​ရှိ​လေ​သ​မျှ သော​အ​ရာ​တို့​ကို​လည်း​ကောင်း​ဖန်​ဆင်း​တော် မူ​၏။-

16. လွန်​ခဲ့​သော​ခေတ်​ကာ​လ​များ​က​ကိုယ်​တော် သည်​လူ​မျိုး​တ​ကာ​တို့​အား မိ​မိ​တို့​အ​လို ဆန္ဒ​ရှိ​သည်​အ​တိုင်း​ပြု​ကျင့်​ခွင့်​ကို​ပေး​တော် မူ​ခဲ့​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 14