ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 13:9-23 Common Language Bible (BCL)

9. ထို​အ​ခါ​ပေါ​လု​ခေါ်​ရှော​လု​သည် သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​ဖြင့်​ပြည့်​ဝ​လျက် မှော် ဆ​ရာ​အား​စိုက်​ကြည့်​ပြီး​နောက်၊-

10. ``မာရ်​နတ်​၏​သား၊ လှည့်​စား​လိမ်​လည်​တတ်​သူ၊ အ​မှန်​တ​ရား​၏​ရန်​သူ၊ သင်​သည်​ထာ​ဝ​ရ ဘု​ရား​၏​ဖြောင့်​မှန်​သော​တ​ရား​လမ်း​ကို ကောက်​လိမ်​အောင်​ပြု​ပါ​သည်​တ​ကား။-

11. ယ​ခု​ပင်​လျှင်​ထာ​ဝ​ရ​ဘု​ရား​၏​လက်​တော် သည် သင့်​ပေါ်​သို့​ကျ​ရောက်​တော်​မူ​သ​ဖြင့် သင် သည်​မျက်​စိ​ကွယ်​လိမ့်​မည်။ ကာ​လ​အ​တန် အ​ကြာ​နေ​ကို​မြင်​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု မြွက်​ဆို​၏။ချက်​ချင်း​ပင်​မှော်​ဆ​ရာ​သည်​မျက်​စိ​မြှေး ယှက်​၍ မှောင်​အ​တိ​ကျ​ရောက်​လာ​သ​ကဲ့​သို့ ဖြစ်​သ​ဖြင့် လက်​ဆွဲ​၍​လမ်း​ပြ​ခေါ်​ဆောင်​ပေး မည့်​သူ​ကို​ရှာ​ရ​လေ​၏။-

12. ဘု​ရင်​ခံ​သည်​ထို​အ​ဖြစ်​အ​ပျက်​ကို​မြင်​လျှင် ယုံ​ကြည်​လာ​၏။ သူ​သည်​သ​ခင်​ဘု​ရား​၏​တ​ရား တော်​ကို​ကြား​သော​အ​ခါ​အံ့​သြ​မိန်း​မော​၍ နေ​၏။

13. ပေါ​လု​နှင့်​အ​ပေါင်း​ဖော်​များ​သည်​ပါ​ဖု​မြို့​မှ သင်္ဘော​လွှင့်​၍ ပံ​ဖု​လိ​ပြည်​ပေ​ရ​ဂေ​မြို့​သို့​ရောက် ကြ​၏။ ထို​အ​ခါ​ယော​ဟန်​မာ​ကု​သည်​သူ​တို့ နှင့်​ခွဲ​ခွာ​၍​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​လေ​၏။-

14. သူ​တို့​သည်​ပေ​ရ​ဂေ​မြို့​မှ​ထွက်​ခွာ​ကြ​ရာ ပိ​သိ​ဒိ​ပြည်​အန္တိ​အုတ်​မြို့​သို့​ရောက်​၍ ဥ​ပုသ် နေ့​၌​တ​ရား​ဇ​ရပ်​သို့​ဝင်​၍​ထိုင်​ကြ​၏။-

15. ပ​ညတ်​ကျမ်း​နှင့်​ပ​ရော​ဖက်​ကျမ်း​ကို​ဖတ်​ပြီး သော​အ​ခါ တ​ရား​ဇ​ရပ်​အ​မှု​ဆောင်​လူ​ကြီး များ​သည်​သူ​တို့​အား ``ညီ​အစ်​ကို​တို့၊ လူ​တို့ အား​တိုက်​တွန်း​အား​ပေး​စ​ကား​ပြော​ကြား ရန်​ရှိ​ပါ​လျှင်​ပြော​ကြ​ပါ'' ဟု​လူ​လွှတ်​၍ အ​ကြောင်း​ကြား​ကြ​၏။-

16. ပေါ​လု​သည်​နေ​ရာ​မှ​ထ​၍​လက်​ရိပ်​ပြ ပြီး​နောက် ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ဘု​ရား​သ​ခင်​အား​ကိုး​ကွယ်​သူ​အ​ခြား အ​မျိုး​သား​တို့၊ နား​ထောင်​ကြ​လော့။-

17. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် သည် ငါ​တို့​ဘိုး​ဘေး​များ​အီ​ဂျစ်​ပြည်​တွင် သူ​စိမ်း​တစ်​ရံ​ဆံ​အ​ဖြစ်​နှင့်​နေ​ထိုင်​ကြ​စဉ်၊ သူ​တို့​အား​ရွေး​ကောက်​၍ လူ​မျိုး​ကြီး​ဖြစ်​စေ တော်​မူ​၏။ မ​ဟာ​တန်​ခိုး​တော်​ဖြင့်​ထို​ပြည် မှ​ထုတ်​ဆောင်​သွား​တော်​မူ​ကာ၊-

18. တော​ကန္တာ​ရ​တွင်​အ​နှစ်​လေး​ဆယ်​ပတ်​လုံး သူ​တို့​အား​သည်း​ခံ​တော်​မူ​၏။-

19. ထို​နောက်​ခါ​နာန်​ပြည်​နေ​လူ​ခု​နစ်​မျိုး​တို့ ကို​ဖယ်​ရှား​ပြီး​လျှင်​ထို​ပြည်​ကို၊-

20. မိ​မိ​လူ​စု​တော်​အား​ပိုင်​ဆိုင်​ခွင့်​ကို​ပေး တော်​မူ​၏။ ဤ​အ​ဖြစ်​အ​ပျက်​အ​ထိ​နှစ် ပေါင်း​လေး​ရာ့​ငါး​ဆယ်​ကြာ​ခဲ့​၏။ထို​နောက်​ပ​ရော​ဖက်​ရှ​မွေ​လ​ပေါ်​ထွန်း​ချိန် အ​ထိ တ​ရား​သူ​ကြီး​များ​ကို​ပေါ်​ထွန်း​စေ တော်​မူ​၏။-

21. သူ​တို့​သည်​ရှင်​ဘု​ရင်​တစ်​ပါး​ခန့်​ပေး​ရန် ရှ​မွေ​လ​အား​တောင်း​ဆို​ကြ​သ​ဖြင့် ဘု​ရား သ​ခင်​သည်​ကိ​ရှ​၏​သား​ဗင်္ယာ​မိန်​အ​နွယ်​ဝင် ရှော​လု​ကို​ခန့်​ထား​တော်​မူ​၏။ ရှော​လု​သည် အ​နှစ်​လေး​ဆယ်​ပတ်​လုံး​နန်း​စံ​တော်​မူ သ​တည်း။-

22. ထို​နောက်​ဘု​ရား​သ​ခင်​သည်​ရှော​လု​ကို​ဖယ် ရှား​ပြီး​လျှင် ဒါ​ဝိဒ်​အား​ဣ​သ​ရေ​လ​ဘု​ရင် အ​ဖြစ်​ချီး​မြှောက်​တော်​မူ​၏။ ဘု​ရား​သ​ခင်​က `ယေ​ရှဲ​၏​သား​ဒါ​ဝိဒ်​သည်​ငါ​၏​စိတ်​တော်​နှင့် တွေ့​သူ၊ ငါ​ဆောင်​ရွက်​စေ​လို​သ​မျှ​တို့​ကို​ဆောင် ရွက်​မည့်​သူ​ဖြစ်​ကြောင်း​ငါ​တွေ့​ရှိ​ရ​ပြီ' ဟု ဒါ​ဝိဒ်​နှင့်​ပတ်​သက်​၍​မိန့်​တော်​မူ​၏။-

23. ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​က​တိ​တော်​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ဖို့​ကယ်​တင်​ရှင် ကို ထို​သူ​၏​သား​မြေး​များ​အ​ထဲ​မှ​ပေါ်​ထွန်း စေ​တော်​မူ​၏။ ထို​အ​ရှင်​ကား​သ​ခင်​ယေ​ရှု​ပင် ဖြစ်​သ​တည်း။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 13