ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 13:48-51 Common Language Bible (BCL)

48. လူ​မျိုး​ခြား​တို့​သည်​ထို​စ​ကား​ကို​ကြား​သော အ​ခါ ရွှင်​လန်း​ဝမ်း​မြောက်​ကာ​သ​ခင်​ဘု​ရား​၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို​ချီး​မွမ်း​ပြော​ဆို ကြ​၏။ ထာ​ဝ​ရ​အ​သက်​ရ​ရှိ​ရန်​ရွေး​ကောက် ခြင်း​ခံ​ရ​သူ​တို့​သည်​ယုံ​ကြည်​သူ​များ​ဖြစ် လာ​ကြ​၏။-

49. သို့​ဖြစ်​၍​သ​ခင်​ဘု​ရား​၏​တ​ရား​တော်​သည် ထို​ဒေ​သ​တစ်​ခု​လုံး​တွင်​နှံ့​ပြား​လေ​၏။-

50. သို့​သော်​လည်း​ယု​ဒ​အ​မျိုး​သား​တို့​သည် ဘု​ရား သ​ခင်​ကို​ကိုး​ကွယ်​သူ​အ​ထက်​တန်း​လွှာ​အ​မျိုး သ​မီး​များ​နှင့် မြို့​မျက်​နှာ​ဖုံး​အ​မျိုး​သား​များ ကို​လှုံ့​ဆော်​ကာ​ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​အား ညှဉ်း​ပန်း​နှိပ်​စက်​စေ​ကြ​၏။ သူ​တို့​သည်​ထို​သူ နှစ်​ဦး​အား​မိ​မိ​တို့​နယ်​မှ​နှင်​ထုတ်​လိုက်​ကြ​၏။-

51. ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​သည်​ထို​သူ​တို့​၏​စိတ် သ​ဘော​ကို​မ​နှစ်​သက်​သည့်​အ​နေ​ဖြင့် မိ​မိ တို့​ခြေ​မှ​မြေ​မှုန့်​ကို​ခါ​ချ​ခဲ့​ပြီး​လျှင် ဣ​ကော​နိ​မြို့​သို့​ထွက်​သွား​ကြ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 13