ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 13:22-38-39 Common Language Bible (BCL)

22. ထို​နောက်​ဘု​ရား​သ​ခင်​သည်​ရှော​လု​ကို​ဖယ် ရှား​ပြီး​လျှင် ဒါ​ဝိဒ်​အား​ဣ​သ​ရေ​လ​ဘု​ရင် အ​ဖြစ်​ချီး​မြှောက်​တော်​မူ​၏။ ဘု​ရား​သ​ခင်​က `ယေ​ရှဲ​၏​သား​ဒါ​ဝိဒ်​သည်​ငါ​၏​စိတ်​တော်​နှင့် တွေ့​သူ၊ ငါ​ဆောင်​ရွက်​စေ​လို​သ​မျှ​တို့​ကို​ဆောင် ရွက်​မည့်​သူ​ဖြစ်​ကြောင်း​ငါ​တွေ့​ရှိ​ရ​ပြီ' ဟု ဒါ​ဝိဒ်​နှင့်​ပတ်​သက်​၍​မိန့်​တော်​မူ​၏။-

23. ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​က​တိ​တော်​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ဖို့​ကယ်​တင်​ရှင် ကို ထို​သူ​၏​သား​မြေး​များ​အ​ထဲ​မှ​ပေါ်​ထွန်း စေ​တော်​မူ​၏။ ထို​အ​ရှင်​ကား​သ​ခင်​ယေ​ရှု​ပင် ဖြစ်​သ​တည်း။-

24. ထို​အ​ရှင်​အ​မှု​တော်​ကို​စ​တင်​၍​ဆောင်​ရွက် တော်​မ​မူ​မီ​ယော​ဟန်​သည် ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​တို့​အား `နောင်​တ​ရ​၍​ဗတ္တိ​ဇံ မင်္ဂ​လာ​ကို​ခံ​ကြ​လော့' ဟု​ဟော​ပြော​၏။-

25. မိ​မိ​ဆောင်​ရွက်​ရ​မည့်​အ​မှု​ပြီး​ဆုံး​ချိန်​နီး သော​အ​ခါ ယော​ဟန်​က `ငါ​သည်​သင်​တို့​စောင့် မျှော်​နေ​သည့်​အ​ရှင်​မ​ဟုတ်။ ထို​အ​ရှင်​သည် ငါ့​နောက်​တွင်​ပေါ်​ထွန်း​လိမ့်​မည်။ ငါ​သည်​ထို အ​ရှင်​၏​ဖိ​နပ်​ကို​မျှ​မ​ချွတ်​ထိုက်' ဟု​ဆို​၏။

26. ``အာ​ဗြ​ဟံ​၏​သား​မြေး​ဖြစ်​သူ​ငါ့​ညီ​အစ်​ကို တို့​နှင့် ဘု​ရား​သ​ခင်​ကို​ကိုး​ကွယ်​သူ​အ​ခြား အ​မျိုး​သား​တို့၊ ဤ​ကယ်​တင်​ခြင်း​ဆိုင်​ရာ တ​ရား​ကို​ငါ​တို့​ထံ​သို့​ရောက်​ရှိ​လာ​စေ​၏။-

27. ယေ​ရု​ရှ​လင်​မြို့​သား​များ​နှင့်​သူ​တို့​၏​ခေါင်း ဆောင်​များ​ကား ထို​အ​ရှင်​သည်​ကယ်​တင်​ရှင် ဖြစ်​သည်​ကို​မ​သိ​မ​မြင်​ကြ။ ဥ​ပုသ်​နေ့​တိုင်း မိ​မိ​တို့​ဖတ်​ကြ​သည့်​ပ​ရော​ဖက်​ကျမ်း​စ​ကား ကို​လည်း​နား​မ​လည်​ကြ။ သို့​သော်​ထို​သူ​တို့ သည်​ပ​ရော​ဖက်​များ​၏​ဟော​ကြား​ချက်​အ​တိုင်း ဖြစ်​ပျက်​စေ​ရန် ထို​အ​ရှင်​ကို​သေ​ဒဏ်​စီ​ရင် ကြ​၏။-

28. ဤ​သို့​သေ​ဒဏ်​စီ​ရင်​ထိုက်​သော​အ​ပြစ်​တစ်​စုံ တစ်​ရာ​ကို​မျှ​မ​တွေ့​သော်​လည်း သေ​ဒဏ်​ပေး ရန်​ပိ​လတ်​မင်း​အား​တောင်း​ဆို​ကြ​၏။-

29. သူ​တို့​သည်​ထို​အ​ရှင်​နှင့်​ပတ်​သက်​၍ ကျမ်း​စာ တော်​တွင်​ဖော်​ပြ​ပါ​ရှိ​သ​မျှ​သော​အ​ရာ​တို့ ကို​ပြု​ကြ​ပြီး​နောက် ထို​အ​ရှင်​၏​တ​ပည့်​တို့ သည်​အ​လောင်း​တော်​ကို​လက်​ဝါး​ကပ်​တိုင်​မှ ချ​၍​သင်္ချိုင်း​ဂူ​တွင်​သင်္ဂြိုဟ်​ကြ​၏။-

30. သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည် ထို​အ​ရှင်​ကို သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ​၏။-

31. ထို​နောက်​ထို​အ​ရှင်​သည်​ယ​ခင်​က​မိ​မိ​နှင့်​အ​တူ ဂါ​လိ​လဲ​ပြည်​မှ​ယေ​ရု​ရှ​လင်​မြို့​သို့​လိုက်​ပါ ကြ​သူ​တို့​အား ရက်​ပေါင်း​များ​စွာ​ကိုယ်​ထင်​ပြ တော်​မူ​၏။ သူ​တို့​သည်​ယ​ခု​အ​ခါ​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား ကိုယ်​တော်​၏​အ​ကြောင်း​ကို သက်​သေ​ခံ​လျက်​ရှိ​ကြ​၏။-

32-33. ဒု​တိ​ယ​ဆာ​လံ​တွင်၊`သင်​သည်​ငါ​၏​သား​တော် ဖြစ်​၏။ ယ​နေ့​ပင်​သင့်​အား​သား​တော်​အ​ရာ​ကို ငါ​ပေး​ပြီ' ဟု​ဖော်​ပြ​ပါ​ရှိ​သည်​နှင့်​အ​ညီ ဘု​ရား​သ​ခင်​သည်​ယေ​ရှု​ကို​သေ​ခြင်း​မှ​ရှင် ပြန်​ထ​မြောက်​စေ​တော်​မူ​သ​ဖြင့် ငါ​တို့​ဘိုး​ဘေး များ​အား​ထား​တော်​မူ​သော​က​တိ​တော်​ကို​သူ တို့​၏​သား​မြေး​ဖြစ်​သူ ငါ​တို့​အ​တွက်​အ​ကောင် အ​ထည်​ဖော်​တော်​မူ​ပြီ။ ငါ​တို့​သည်​ဤ​သ​တင်း ကောင်း​ကို​သင်​တို့​အား​ကြား​ပြော​ရန်​ဤ​အ​ရပ် သို့​ရောက်​ရှိ​နေ​ကြ​ခြင်း​ဖြစ်​၏။-

34-35. နောက်​တစ်​ဖန်​သင်္ချိုင်း​တွင်​မ​ပုပ်​ပျက်​ဘဲ​သေ​ခြင်း မှ ရှင်​ပြန်​ထ​မြောက်​ခြင်း​အ​ကြောင်း​နှင့်​ပတ် သက်​၍​ဘု​ရား​သ​ခင်​က၊`ဒါ​ဝိဒ်​အား​ကောင်း​ချီး​ပေး​ရန်​က​တိ​ပြု​ခဲ့​သည့် နည်း​တူ၊သင်​တို့​အား​လည်း​ယုံ​ကြည်​စိတ်​ချ​ရ​သည့် မြတ်​သော​ကောင်း​ချီး​ပေး​ရန်​ငါ​ပေး​မည်'ဟူ​၍​မိန့်​တော်​မူ​သည်။အ​ခြား​ဆာ​လံ​တွင်၊`ကိုယ်​တော်​သည်​မိ​မိ​အား​သစ္စာ​စောင့်​သည့် အ​စေ​ခံ​ကိုသင်္ချိုင်း​တွင်​ပုပ်​ပျက်​စေ​တော်​မူ​လိမ့်​မည်​မ​ဟုတ်'ဟု​ပါ​ရှိ​၏။-

36. ဒါ​ဝိဒ်​သည်​မိ​မိ​အ​သက်​ရှင်​စဉ်​ကာ​လ​၌ ဘု​ရား သ​ခင်​အ​ကြံ​အ​စည်​တော်​ရှိ​သည်​အ​တိုင်း လိုက်​လျှောက်​ဆောင်​ရွက်​ပြီး​နောက်​သေ​လွန်​၍ ဘိုး​ဘေး​များ​၏​သင်္ချိုင်း​တွင်​သင်္ဂြိုဟ်​ခြင်း​ကို ခံ​ရ​၏။ သူ​၏​ကိုယ်​ခန္ဓာ​သည်​သင်္ချိုင်း​တွင်​ပုပ် ပျက်​သွား​ရ​၏။-

37. သို့​ရာ​တွင်​သေ​ခြင်း​မှ​ဘု​ရား​သ​ခင်​ရှင်​ပြန် ထ​မြောက်​စေ​တော်​မူ​သော​အ​ရှင်​၏​ကိုယ်​ခန္ဓာ ကား​ထို​သို့​ပုပ်​ပျက်​ခြင်း​မ​ရှိ။-

38-39. ညီ​အစ်​ကို​တို့၊ ထို​အ​ရှင်​ကို​အ​မှီ​ပြု​၍​အ​ပြစ် ပြေ​လွှတ်​ခြင်း​အ​ကြောင်း​ကို သင်​တို့​အား​ငါ ပြော​ကြား​လျက်​ရှိ​သည်​ကို​လည်း​ကောင်း၊ ထို အ​ရှင်​ကို​ယုံ​ကြည်​သူ​အ​ပေါင်း​တို့​သည် မော​ရှေ​၏​ပ​ညတ်​တ​ရား​က မ​ဖြေ​မ​လွှတ် နိုင်​သည့်​အ​ပြစ်​ဟူ​သ​မျှ​မှ​ပြေ​လွတ်​နိုင် ကြောင်း​ကို​လည်း​ကောင်း​သိ​မှတ်​ကြ​လော့။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 13