ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 13:1-9 Common Language Bible (BCL)

1. အန္တိ​အုတ်​မြို့​အ​သင်း​တော်​တွင် ပ​ရော​ဖက်​များ နှင့်​ဆ​ရာ​များ​ရှိ​၏။ ထို​သူ​တို့​ကား​ဗာ​န​ဗ၊ နိ​ဂါ​ခေါ်​ရှုမောင်၊ ကု​ရေ​နေ​ပြည်​သား​လု​ကိ၊ (စော်​ဘွား​ဟေ​ရုဒ်​၏​ငယ်​သူ​ငယ်​ချင်း​ဖြစ်​သူ) မာ​နင်​နှင့်​ရှော​လု​တို့​တည်း။-

2. ထို​သူ​တို့​သည်​သ​ခင်​ဘု​ရား​၏​အ​မှု​တော် ကို​ဆောင်​ရွက်​၍ အ​စာ​ရှောင်​လျက်​နေ​ကြ​စဉ် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​က​သူ​တို့​အား ``ရှော​လု နှင့်​ဗာ​န​ဗ​တို့​ကို ငါ​၏​အ​မှု​တော်​ဆောင်​ရန် အ​တွက်​သီး​သန့်​ရွေး​ချယ်​ကြ​လော့'' ဟု​မိန့် တော်​မူ​၏။

3. ထို​အ​ခါ​သူ​တို့​သည်​အ​စာ​ရှောင်​၍​ဆု တောင်း​ပတ္ထ​နာ​ပြု​ပြီး​လျှင် ဗာ​န​ဗ​နှင့်​ရှော​လု တို့​၏​ဦး​ခေါင်း​ပေါ်​တွင်​မိ​မိ​တို့​လက်​ကို​တင် ကြ​၏။ ထို​နောက်​သူ​တို့​အား​အ​မှု​တော် ဆောင်​ရွက်​ရန်​စေ​လွှတ်​လိုက်​ကြ​၏။

4. ဗာ​န​ဗ​နှင့်​ရှော​လု​တို့​သည်​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​စေ​လွှတ်​တော်​မူ​သည်​အ​တိုင်း သေ​လု​ကိ​မြို့​သို့​သွား​ရောက်​၍​ထို​မြို့​မှ ကု​ပ​ရု​ကျွန်း​သို့​သင်္ဘော​လွှင့်​ကြ​၏။-

5. သူ​တို့​သည်​ရှာ​လ​မိ​မြို့​သို့​ရောက်​သော​အ​ခါ တ​ရား​ဇ​ရပ်​များ​တွင်​ဘု​ရား​သ​ခင်​၏​နှုတ် က​ပတ်​တ​ရား​တော်​ကို​ဟော​ပြော​ကြ​၏။ ယော​ဟန်​မာ​ကု​သည်​သူ​တို့​၏​လက်​ထောက် အ​ဖြစ်​ကူ​ညီ​ဆောင်​ရွက်​၏။

6. သူ​တို့​သည်​ထို​ကျွန်း​ကို​ဖြတ်​၍​ပါ​ဖု​မြို့ အ​ထိ​လျှောက်​သွား​ကြ​၏။ ထို​မြို့​တွင်​ယု​ဒ အ​မျိုး​သား​မိစ္ဆာ​ပ​ရော​ဖက်​ဖြစ်​သော​မှော် ဆ​ရာ​တစ်​ယောက်​ကို​တွေ့​ကြ​၏။ သူ​၏​နာ​မည် မှာ​ဗာ​ယေ​ရှု​ဖြစ်​၏။-

7. သူ​သည်​ဘု​ရင်​ခံ​သေ​ရ​ဂိ​ပေါ​လု​၏​မိတ်​ဆွေ ဖြစ်​၏။ ထို​ဘု​ရင်​ခံ​ကား​သ​တိ​ပ​ညာ​ရှိ​သူ တစ်​ယောက်​ဖြစ်​ပေ​သည်။ သူ​သည်​ဘု​ရား​သ​ခင် ၏​နှုတ်​က​ပတ်​တ​ရား​တော်​ကို​ကြား​နာ​လို​၍ ဗာ​န​ဗ​နှင့်​ရှော​လု​ကို​ပင့်​ဖိတ်​လေ​၏။-

8. သို့​ရာ​တွင် (ဂ​ရိ​ဘာ​သာ​အား​ဖြင့်​ဧ​လု​မ​ဟု နာ​မည်​ရှိ​သော) ထို​မှော်​ဆ​ရာ​သည်​ဘု​ရင်​ခံ အား​ယုံ​ကြည်​ခြင်း​လွဲ​မှား​စေ​ရန် ဗာ​န​ဗ နှင့်​ရှော​လု​တို့​ကို​အ​တိုက်​အ​ခံ​ပြု​လေ​၏။-

9. ထို​အ​ခါ​ပေါ​လု​ခေါ်​ရှော​လု​သည် သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​ဖြင့်​ပြည့်​ဝ​လျက် မှော် ဆ​ရာ​အား​စိုက်​ကြည့်​ပြီး​နောက်၊-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 13