ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 11:9-23 Common Language Bible (BCL)

9. ထို​နောက်​ကောင်း​ကင်​အ​သံ​တော်​က`ဘု​ရား​သ​ခင် သန့်​စင်​သည်​ဟု​ဆို​သည့်​အ​ရာ​ကို သင်​သည်​ညစ် ညမ်း​သည်​ဟု​မ​ဆို​ရ' ဟူ​၍​မိန့်​တော်​မူ​၏။-

10. ဤ​သို့​သုံး​ကြိမ်​တိုင်​တိုင်​ဖြစ်​ပျက်​ပြီး​နောက် ထို​အ​ရာ​ခပ်​သိမ်း​တို့​ကို​မိုး​ကောင်း​ကင်​သို့ ပြန်​လည်​ရုပ်​သိမ်း​သွား​လေ​၏။-

11. ထို​နောက်​ငါ​ရှိ​ရာ​အိမ်​သို့​လူ​သုံး​ယောက် ရုတ်​တ​ရက်​ရောက်​ရှိ​လာ​၏။ သူ​တို့​သည် ကဲ​သ​ရိ​မြို့​မှ​ငါ့​ထံ​သို့​စေ​လွှတ်​လိုက် သူ​များ​ဖြစ်​၏။-

12. ဝိ​ညာဉ်​တော်​က​ထို​သူ​တို့​နှင့်​အ​တူ​မ​ဆိုင်း မ​တွ​လိုက်​သွား​ရန် ငါ့​အား​အ​မိန့်​ရှိ​တော်​မူ​၏။ ယုပ္ပေ​မြို့​မှ​ညီ​အစ်​ကို​ခြောက်​ယောက်​တို့​သည်​လည်း ငါ​နှင့်​အ​တူ​လိုက်​ခဲ့​ကြ​၏။ ငါ​တို့​အား​လုံး ပင်​ကော်​နေ​လိ​၏​အိမ်​သို့​ဝင်​ကြ​၏။-

13. ကော်​နေ​လိ​က​မိ​မိ​၏​အိမ်​တွင်​ကောင်း​ကင် တ​မန်​တစ်​ပါး​ရပ်​လျက်`ယုပ္ပေ​မြို့​သို့​လူ​လွှတ် ၍​ရှိ​မုန်​ပေ​တ​ရု​ဟု​ခေါ်​သော​သူ​ကို​ပင့် ဖိတ်​လော့။-

14. ထို​သူ​သည်​သင်​နှင့်​အိမ်​သူ​အိမ်​သား​များ​အား ကယ်​တင်​ခြင်း​ရ​ရာ​ရ​ကြောင်း​တရား​စ​ကား များ​ကို​ဟော​ပြော​လိမ့်​မည်' ဟူ​၍​မြွက်​ဆို ကြောင်း​ကို​ငါ​တို့​အား​ပြော​ကြ​၏။-

15. ထို​နောက်​ငါ​သည်​စ​၍​စ​ကား​ပြော​သော​အ​ခါ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည်​အ​ထက်​က​ငါ တို့​အ​ပေါ်​သို့​သက်​ရောက်​တော်​မူ​သည်​နည်း​တူ ထို​သူ​တို့​အ​ပေါ်​သို့​လည်း​သက်​ရောက်​တော် မူ​၏။-

16. ထို​အ​ခါ `ယော​ဟန်​သည်​ရေ​ဖြင့်​ဗတ္တိ​ဇံ​မင်္ဂ​လာ ကို​ပေး​၏။ သို့​ရာ​တွင်​သင်​တို့​သည်​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ဖြင့်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ခံ​ရ​ကြ​လိမ့် မည်' ဟူ​သော​သ​ခင်​ဘု​ရား​၏​စ​ကား​တော် ကို​ငါ​သည်​ပြန်​၍​သ​တိ​ရ​၏။-

17. ဘု​ရား​သ​ခင်​သည်​သ​ခင်​ယေ​ရှု​ကို​ယုံ​ကြည်​သူ ငါ​တို့​အား​ပေး​သ​နား​တော်​မူ​သော​ဆု​ကျေး​ဇူး ကို ထို​လူ​မျိုး​ခြား​တို့​အား​လည်း​ပေး​တော်​မူ ကြောင်း​ထင်​ရှား​၏။ သို့​ဖြစ်​၍​ငါ​သည်​အ​ဘယ် သို့​သော​သူ​ဖြစ်​၍​ဘု​ရား​သ​ခင်​ကို​ဆီး​တား နိုင်​ပါ​မည်​နည်း'' ဟု​ဆို​၏။

18. ထို​စ​ကား​ကို​ကြား​သော​အ​ခါ ထို​သူ​တို့​သည် ပြစ်​တင်​ဝေ​ဖန်​မှု​ကို​မ​ပြု​ကြ​တော့​ဘဲ ``ဘု​ရား သ​ခင်​သည်​လူ​မျိုး​ခြား​တို့​အား​လည်း နောင်​တ​ရ ၍​အ​သက်​ရှင်​ခွင့်​ကို​ပေး​တော်​မူ​ပါ​သည်​တ​ကား'' ဟု​ဆို​၍​ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး ကြ​၏။

19. သ​ခင်​ယေ​ရှု​ကို​ယုံ​ကြည်​သူ​တို့​သည် သ​တေ​ဖန် အ​သတ်​ခံ​ရ​ချိန်​၌​ဖြစ်​ပေါ်​လာ​သော​နှိပ်​စက် ညှဉ်း​ဆဲ​မှု​ကြောင့် အ​ရပ်​ရပ်​သို့​ကွဲ​လွင့်​သွား ကြ​၏။ ထို​သူ​အ​ချို့​တို့​သည်​ဖိ​နိတ်​ပြည်၊ ကု​ပ​ရု​ကျွန်း၊ အန္တိ​အုတ်​မြို့​သို့​တိုင်​အောင် ရောက်​ရှိ​ကြ​၏။ သူ​တို့​သည်​ဘုရား​သခင်​၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို​ယု​ဒ​အ​မျိုး သား​တို့​အား​သာ​ဟော​ပြော​ကြ​၏။-

20. သို့​ရာ​တွင်​သူ​တို့​အ​ထဲ​တွင်​သ​ခင်​ယေ​ရှု ကို​ယုံ​ကြည်​သူ ကု​ပ​ရု​ပြည်​သား​နှင့်​ကု​ရေ နေ​ပြည်​သား​အ​ချို့​ပါ​၏။ သူ​တို့​သည်​အန္တိ အုတ်​မြို့​သို့​သွား​၍ လူ​မျိုး​ခြား​တို့​အား​လည်း သ​ခင်​ယေ​ရှု​၏​အ​ကြောင်း​သ​တင်း​ကောင်း ကို​ဟော​ပြော​ကြေ​ညာ​ကြ​၏။-

21. သူ​တို့​သည်​သ​ခင်​ဘု​ရား​၏​တန်​ခိုး​တော် ကို​ခံ​ယူ​ရ​သ​ဖြင့် လူ​အ​မြောက်​အ​မြား ပင်​ယုံ​ကြည်​၍​သ​ခင်​ဘု​ရား​ထံ​ပြောင်း​လဲ လာ​ကြ​၏။

22. ဤ​သ​တင်း​ကို​ယေ​ရု​ရှ​လင်​မြို့​ရှိ​အ​သင်း တော်​ကြား​လျှင် ဗာ​န​ဗ​အား​အန္တိ​အုတ်​မြို့ သို့​စေ​လွှတ်​ကြ​၏။-

23. သူ​သည်​ထို​မြို့​သို့​ရောက်​၍​လူ​တို့​အား ဘု​ရား သ​ခင်​အ​ဘယ်​သို့​ကောင်း​ချီး​ပေး​တော်​မူ​သည် ကို​မြင်​သော​အ​ခါ ရွှင်​လန်း​ဝမ်း​မြောက်​သ​ဖြင့် သ​ခင်​ဘု​ရား​အား​စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ယုံ​ကြည်​ကိုး​စား​၍ သစ္စာ​စောင့်​ကြ​ရန်​တိုက် တွန်း​နှိုး​ဆော်​လေ​သည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 11