ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 11:15-30 Common Language Bible (BCL)

15. ထို​နောက်​ငါ​သည်​စ​၍​စ​ကား​ပြော​သော​အ​ခါ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည်​အ​ထက်​က​ငါ တို့​အ​ပေါ်​သို့​သက်​ရောက်​တော်​မူ​သည်​နည်း​တူ ထို​သူ​တို့​အ​ပေါ်​သို့​လည်း​သက်​ရောက်​တော် မူ​၏။-

16. ထို​အ​ခါ `ယော​ဟန်​သည်​ရေ​ဖြင့်​ဗတ္တိ​ဇံ​မင်္ဂ​လာ ကို​ပေး​၏။ သို့​ရာ​တွင်​သင်​တို့​သည်​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ဖြင့်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ခံ​ရ​ကြ​လိမ့် မည်' ဟူ​သော​သ​ခင်​ဘု​ရား​၏​စ​ကား​တော် ကို​ငါ​သည်​ပြန်​၍​သ​တိ​ရ​၏။-

17. ဘု​ရား​သ​ခင်​သည်​သ​ခင်​ယေ​ရှု​ကို​ယုံ​ကြည်​သူ ငါ​တို့​အား​ပေး​သ​နား​တော်​မူ​သော​ဆု​ကျေး​ဇူး ကို ထို​လူ​မျိုး​ခြား​တို့​အား​လည်း​ပေး​တော်​မူ ကြောင်း​ထင်​ရှား​၏။ သို့​ဖြစ်​၍​ငါ​သည်​အ​ဘယ် သို့​သော​သူ​ဖြစ်​၍​ဘု​ရား​သ​ခင်​ကို​ဆီး​တား နိုင်​ပါ​မည်​နည်း'' ဟု​ဆို​၏။

18. ထို​စ​ကား​ကို​ကြား​သော​အ​ခါ ထို​သူ​တို့​သည် ပြစ်​တင်​ဝေ​ဖန်​မှု​ကို​မ​ပြု​ကြ​တော့​ဘဲ ``ဘု​ရား သ​ခင်​သည်​လူ​မျိုး​ခြား​တို့​အား​လည်း နောင်​တ​ရ ၍​အ​သက်​ရှင်​ခွင့်​ကို​ပေး​တော်​မူ​ပါ​သည်​တ​ကား'' ဟု​ဆို​၍​ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး ကြ​၏။

19. သ​ခင်​ယေ​ရှု​ကို​ယုံ​ကြည်​သူ​တို့​သည် သ​တေ​ဖန် အ​သတ်​ခံ​ရ​ချိန်​၌​ဖြစ်​ပေါ်​လာ​သော​နှိပ်​စက် ညှဉ်း​ဆဲ​မှု​ကြောင့် အ​ရပ်​ရပ်​သို့​ကွဲ​လွင့်​သွား ကြ​၏။ ထို​သူ​အ​ချို့​တို့​သည်​ဖိ​နိတ်​ပြည်၊ ကု​ပ​ရု​ကျွန်း၊ အန္တိ​အုတ်​မြို့​သို့​တိုင်​အောင် ရောက်​ရှိ​ကြ​၏။ သူ​တို့​သည်​ဘုရား​သခင်​၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို​ယု​ဒ​အ​မျိုး သား​တို့​အား​သာ​ဟော​ပြော​ကြ​၏။-

20. သို့​ရာ​တွင်​သူ​တို့​အ​ထဲ​တွင်​သ​ခင်​ယေ​ရှု ကို​ယုံ​ကြည်​သူ ကု​ပ​ရု​ပြည်​သား​နှင့်​ကု​ရေ နေ​ပြည်​သား​အ​ချို့​ပါ​၏။ သူ​တို့​သည်​အန္တိ အုတ်​မြို့​သို့​သွား​၍ လူ​မျိုး​ခြား​တို့​အား​လည်း သ​ခင်​ယေ​ရှု​၏​အ​ကြောင်း​သ​တင်း​ကောင်း ကို​ဟော​ပြော​ကြေ​ညာ​ကြ​၏။-

21. သူ​တို့​သည်​သ​ခင်​ဘု​ရား​၏​တန်​ခိုး​တော် ကို​ခံ​ယူ​ရ​သ​ဖြင့် လူ​အ​မြောက်​အ​မြား ပင်​ယုံ​ကြည်​၍​သ​ခင်​ဘု​ရား​ထံ​ပြောင်း​လဲ လာ​ကြ​၏။

22. ဤ​သ​တင်း​ကို​ယေ​ရု​ရှ​လင်​မြို့​ရှိ​အ​သင်း တော်​ကြား​လျှင် ဗာ​န​ဗ​အား​အန္တိ​အုတ်​မြို့ သို့​စေ​လွှတ်​ကြ​၏။-

23. သူ​သည်​ထို​မြို့​သို့​ရောက်​၍​လူ​တို့​အား ဘု​ရား သ​ခင်​အ​ဘယ်​သို့​ကောင်း​ချီး​ပေး​တော်​မူ​သည် ကို​မြင်​သော​အ​ခါ ရွှင်​လန်း​ဝမ်း​မြောက်​သ​ဖြင့် သ​ခင်​ဘု​ရား​အား​စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ယုံ​ကြည်​ကိုး​စား​၍ သစ္စာ​စောင့်​ကြ​ရန်​တိုက် တွန်း​နှိုး​ဆော်​လေ​သည်။-

24. ဗာ​န​ဗ​သည်​သူ​တော်​ကောင်း​ဖြစ်​၍​သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ ယုံ​ကြည် ခြင်း​နှင့်​လည်း​ကောင်း​ပြည့်​ဝ​သ​ဖြင့်​များ​စွာ သော​သူ​တို့​အား​သ​ခင်​ဘု​ရား​ကို​ယုံ​ကြည် စေ​၏။

25. ထို​နောက်​ဗာ​န​ဗ​သည်​ရှော​လု​ကို​ရှာ​ရန် တာ​ရှု​မြို့​သို့​သွား​၏။-

26. သူ့​ကို​တွေ့​လျှင်​အန္တိ​အုတ်​မြို့​သို့​ခေါ်​ခဲ့​၏။ သူ​တို့ နှစ်​ဦး​သည်​တစ်​နှစ်​ပတ်​လုံး​အ​သင်း​တော်​ဝင်​တို့ နှင့်​တွေ့​ဆုံ​၍ များ​စွာ​သော​လူ​ပ​ရိ​သတ်​တို့​ကို သွန်​သင်​ကြ​၏။ တ​ပည့်​တော်​တို့​သည်​ပ​ထ​မ​ဆုံး အ​ကြိမ်​ခ​ရစ်​ယာန်​ဟု​ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ခံ ကြ​ရ​သည့်​အ​ရပ်​မှာ​အန္တိ​အုတ်​မြို့​ဖြစ်​သ​တည်း။

27. ထို​အ​ခါ​ကာ​လ​၌​ပ​ရော​ဖက်​အ​ချို့​တို့​သည် ယေ​ရု​ရှ​လင်​မြို့​မှ​အန္တိ​အုတ်​မြို့​သို့​လာ​ကြ​၏။-

28. ထို​သူ​တို့​အ​နက်​အာ​ဂ​ဗု​နာ​မည်​ရှိ​သော​သူ​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​နှိုး​ဆော်​ချက်​အ​ရ ထ​၍ ကမ္ဘာ​တစ်​ဝှမ်း​လုံး​တွင်​အ​စား​အ​စာ​ငတ် မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ကြီး​သင့်​လိမ့်​မည်​ဟု ဟော​ပြော​လေ​၏။ (ဧ​က​ရာဇ်​ဘု​ရင်​က​လော​ဒိ လက်​ထက်​၌ အ​ကယ်​ပင်​ဤ​သို့​ငတ်​မွတ်​ခေါင်း ပါး​ခဲ့​သ​တည်း။)-

29. တ​ပည့်​တော်​တို့​သည်​အ​သီး​သီး​တတ်​နိုင်​သ​မျှ အ​တိုင်း ယု​ဒ​ပြည်​ရှိ​ညီ​အစ်​ကို​များ​အား​ကူ​ညီ ထောက်​ပံ့​ရန်​ဆုံး​ဖြတ်​ကြ​၏။-

30. ဤ​သို့​ဆုံး​ဖြတ်​ကြ​ပြီး​နောက်​ထောက်​ပံ့​ငွေ များ​ကို​ဗာ​န​ဗ​နှင့်​ရှော​လု​မှ​တစ်​ဆင့် ယေ​ရု ရှ​လင်​မြို့​အ​သင်း​တော်​လူ​ကြီး​များ​ထံ​သို့ ပေး​ပို့​ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 11