ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 11:1-14 Common Language Bible (BCL)

1. လူ​မျိုး​ခြား​များ​သည်​လည်း​ဘု​ရား​သ​ခင်​၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို​ခံ​ယူ​ကြ​ကြောင်း ယု​ဒ​ပြည်​ရှိ​တ​မန်​တော်​များ​နှင့်​ညီ​အစ်​ကို များ​ကြား​သိ​ကြ​၏။-

2. ယေ​ရု​ရှ​လင်​မြို့​သို့​ပေ​တ​ရု​ရောက်​လာ​သော အ​ခါ လူ​မျိုး​ခြား​တို့​အား​အ​ရေ​ဖျား​လှီး မင်္ဂ​လာ​ပေး​ခြင်း​ကို​လို​လား သူ​တို့​သည် ပေ​တ​ရု​နှင့်​ဆွေး​နွေး​ငြင်း​ခုံ​ကြ​၏။-

3. သူ​တို့​က ``သင်​သည်​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ ကို မ​ခံ​မ​ယူ​သူ​လူ​မျိုး​ခြား​များ​ထံ​လည် ပတ်​၍ သူ​တို့​နှင့်​အ​တူ​စား​သောက်​ပါ​သည် တ​ကား'' ဟု​ဆို​ကြ​၏။-

4. သို့​ဖြစ်​၍​ပေ​တ​ရု​သည်​သူ​တို့​အား ဖြစ်​ပျက် ခဲ့​သ​မျှ​သော​အ​ကြောင်း​အ​ရာ​တို့​ကို​အ​စ မှ​အ​ဆုံး​တိုင်​အောင်​ရှင်း​လင်း​ပြော​ပြ​၏။

5. ပေ​တ​ရု​က ``ငါ​သည်​ယုပ္ပေ​မြို့​တွင်​ဆု​တောင်း ပတ္ထ​နာ​ပြု​လျက်​နေ​စဉ် ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို မြင်​ရ​၏။ ရွက်​ထည်​ကြီး​နှင့်​တူ​သော​အ​ရာ တစ်​ခု​ကို​ထောင့်​လေး​ထောင့်​မှ​ကိုင်​၍ မိုး ကောင်း​ကင်​မှ​ချ​ပေး​သည်​ကို​မြင်​ရ​၏။-

6. ထို​အ​ရာ​သည်​ငါ့​အ​နီး​သို့​ရောက်​ရှိ​လာ​၏။ သေ​ချာ​စွာ​ကြည့်​ရှု​လိုက်​သော​အ​ခါ​ခြေ​လေး ချောင်း​သတ္တ​ဝါ​များ၊ သား​ရဲ​များ၊ တွား​တတ် သော​သတ္တ​ဝါ​များ​နှင့်​ကောင်း​ကင်​ငှက်​များ ကို​မြင်​ရ​၏။-

7. ထို​နောက် `ပေ​တ​ရု​ထ​လော့၊ သတ်​စား​လော့' ဟု ဆို​သော​အ​သံ​ကို​ငါ​ကြား​ရ​၏။-

8. သို့​ရာ​တွင်​ငါ​က `သ​ခင်​ဘု​ရား၊ အ​ဘယ်​နည်း နှင့်​မျှ​မ​ဖြစ်​နိုင်​ပါ။ အ​ကျွန်ုပ်​သည်​ညစ်​ညမ်း သော​အ​ရာ၊ သို့​မ​ဟုတ်​မ​သန့်​စင်​သော​အ​ရာ ကို​အ​ဘယ်​အ​ခါ​၌​မျှ​မ​စား​ဘူး​ပါ' ဟု ပြန်​၍​လျှောက်​၏။-

9. ထို​နောက်​ကောင်း​ကင်​အ​သံ​တော်​က`ဘု​ရား​သ​ခင် သန့်​စင်​သည်​ဟု​ဆို​သည့်​အ​ရာ​ကို သင်​သည်​ညစ် ညမ်း​သည်​ဟု​မ​ဆို​ရ' ဟူ​၍​မိန့်​တော်​မူ​၏။-

10. ဤ​သို့​သုံး​ကြိမ်​တိုင်​တိုင်​ဖြစ်​ပျက်​ပြီး​နောက် ထို​အ​ရာ​ခပ်​သိမ်း​တို့​ကို​မိုး​ကောင်း​ကင်​သို့ ပြန်​လည်​ရုပ်​သိမ်း​သွား​လေ​၏။-

11. ထို​နောက်​ငါ​ရှိ​ရာ​အိမ်​သို့​လူ​သုံး​ယောက် ရုတ်​တ​ရက်​ရောက်​ရှိ​လာ​၏။ သူ​တို့​သည် ကဲ​သ​ရိ​မြို့​မှ​ငါ့​ထံ​သို့​စေ​လွှတ်​လိုက် သူ​များ​ဖြစ်​၏။-

12. ဝိ​ညာဉ်​တော်​က​ထို​သူ​တို့​နှင့်​အ​တူ​မ​ဆိုင်း မ​တွ​လိုက်​သွား​ရန် ငါ့​အား​အ​မိန့်​ရှိ​တော်​မူ​၏။ ယုပ္ပေ​မြို့​မှ​ညီ​အစ်​ကို​ခြောက်​ယောက်​တို့​သည်​လည်း ငါ​နှင့်​အ​တူ​လိုက်​ခဲ့​ကြ​၏။ ငါ​တို့​အား​လုံး ပင်​ကော်​နေ​လိ​၏​အိမ်​သို့​ဝင်​ကြ​၏။-

13. ကော်​နေ​လိ​က​မိ​မိ​၏​အိမ်​တွင်​ကောင်း​ကင် တ​မန်​တစ်​ပါး​ရပ်​လျက်`ယုပ္ပေ​မြို့​သို့​လူ​လွှတ် ၍​ရှိ​မုန်​ပေ​တ​ရု​ဟု​ခေါ်​သော​သူ​ကို​ပင့် ဖိတ်​လော့။-

14. ထို​သူ​သည်​သင်​နှင့်​အိမ်​သူ​အိမ်​သား​များ​အား ကယ်​တင်​ခြင်း​ရ​ရာ​ရ​ကြောင်း​တရား​စ​ကား များ​ကို​ဟော​ပြော​လိမ့်​မည်' ဟူ​၍​မြွက်​ဆို ကြောင်း​ကို​ငါ​တို့​အား​ပြော​ကြ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 11