ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 10:3-14 Common Language Bible (BCL)

3. မွန်း​လွဲ​သုံး​နာ​ရီ​ခန့်​အ​ချိန်​၌​ဘု​ရား​သ​ခင် ၏​ကောင်း​ကင်​တ​မန်​သည်​သူ့​ထံ​သို့​လာ​၍ ``ကော် နေ​လိ'' ဟု​ခေါ်​သည်​ကို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင် အ​ထင်​အ​ရှား​မြင်​ရ​၏။

4. သူ​သည်​ထိတ်​လန့်​လျက်​ကောင်း​ကင်​တ​မန်​ကို စိုက်​ကြည့်​ပြီး​လျှင် ``အ​ရှင်၊ အ​ဘယ်​အ​မှု အ​ခင်း​ရှိ​ပါ​သ​နည်း'' ဟု​မေး​လျှောက်​၏။ကောင်း​ကင်​တ​မန်​က​လည်း ``သင်​၏​ဆု​တောင်း ပတ္ထ​နာ​နှင့်​စွန့်​ကြဲ​ပေး​ကမ်း​မှု​ကို ဘု​ရား​သ​ခင် နှစ်​သက်​တော်​မူ​သ​ဖြင့်​သင့်​အား​သိ​မှတ်​တော် မူ​လေ​ပြီ။-

5. ယ​ခု​ပင်​ယုပ္ပေ​မြို့​သို့​လူ​လွှတ်​၍​ပေ​တ​ရု​ခေါ် ရှိ​မုန်​ဆို​သူ​ကို​ပင့်​ခေါ်​လော့။-

6. သူ​သည်​သား​ရေ​နယ်​သ​မား​ရှိ​မုန်​၏​အိမ်​တွင် တည်း​ခို​လျက်​နေ​၏။ ထို​အိမ်​ကား​ပင်​လယ်​ကမ်း အ​နီး​တွင်​ရှိ​၏'' ဟု​မြွက်​ဆို​၏။-

7. ထို​ကောင်း​ကင်​တ​မန်​ထွက်​ခွာ​သွား​သော​အ​ခါ ကော်​နေ​လိ​သည် မိ​မိ​၏​အ​စေ​ခံ​နှစ်​ယောက်​နှင့် ဘု​ရား​ဝတ်​၌​မွေ့​လျော်​သော​အ​ပါး​တော်​မြဲ စစ်​သား​တစ်​ယောက်​ကို​ခေါ်​ကာ၊-

8. အ​ကြောင်း​အ​လုံး​စုံ​ကို​ပြော​ပြ​ပြီး​လျှင် ယုပ္ပေ​မြို့​သို့​စေ​လွှတ်​လေ​သည်။

9. ထို​သူ​တို့​သည်​ခ​ရီး​ပြု​ကြ​ရာ​နောက်​တစ်​နေ့ ၌​ယုပ္ပေ​မြို့​အ​နီး​သို့​ရောက်​ကြ​၏။ မွန်း​တည့် ချိန်​ခန့်​တွင်​ပေ​တ​ရု​သည် ဆု​တောင်း​ရန်​အိမ် အ​မိုး​ပေါ်​သို့​တက်​လေ​သည်။-

10. သူ​သည်​ဆာ​လောင်​မွတ်​သိပ်​သ​ဖြင့်​အ​စား အ​စာ​ကို​တောင့်​တ​၏။ သူ​၏​အ​တွက်​အ​စား အ​စာ​များ​ပြင်​ဆင်​နေ​ကြ​စဉ်​သူ​သည်​ဗျာ ဒိတ်​ရူ​ပါ​ရုံ​ကို​မြင်​ရ​လေ​သည်။-

11. ထို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​မိုး​ကောင်း​ကင်​ကွဲ​ဟ သည်​ကို​လည်း​ကောင်း၊ ထောင့်​လေး​ထောင့်​မှ​ချုပ် ကိုင်​ထား​သော​ရွက်​ထည်​ကြီး​နှင့်​တူ​သည့် အ​ရာ​မြေ​သို့​ကျ​လာ​သည်​ကို​လည်း​ကောင်း တွေ့​မြင်​ရ​၏။-

12. ထို​အ​ရာ​ထဲ​တွင်​ခြေ​လေး​ချောင်း​သတ္တဝါ မျိုး၊ တွား​တတ်​သည့်​သတ္တ​ဝါ​အ​မျိုး​မျိုး​နှင့် ကောင်း​ကင်​ငှက်​အ​မျိုး​မျိုး​တို့​ဖြင့်​ပါ​ရှိ​၏။-

13. ``ပေ​တ​ရု၊ ထ​လော့၊ သတ်​၍​စား​လော့'' ဟူ​သော အ​သံ​ကို​သူ​ကြား​ရ​၏။

14. ပေ​တ​ရု​က``အ​ရှင်​ဘု​ရား၊ အ​ဘယ်​နည်း​နှင့်​မျှ မ​ဖြစ်​နိုင်​ပါ။ အ​ကျွန်ုပ်​သည်​ညစ်​ညမ်း​သော​အ​ရာ သို့​မ​ဟုတ်​မ​သန့်​စင်​သည့်​အ​ရာ​ကို အ​ဘယ် အ​ခါ​၌​မျှ​မ​စား​ဘူး​ပါ'' ဟု​လျှောက်​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 10