ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 10:21-36 Common Language Bible (BCL)

21. သို့​ဖြစ်​၍​ပေ​တ​ရု​သည်​ထို​သူ​တို့​ထံ​သို့​ဆင်း သွား​ပြီး​လျှင် ``သင်​တို့​ရှာ​နေ​သူ​ကား​ငါ​ပင် ဖြစ်​သည်။ အ​ဘယ်​အ​ကြောင်း​ကြောင့်​သင်​တို့ ရောက်​လာ​ကြ​ပါ​သ​နည်း'' ဟု​မေး​၏။

22. ထို​သူ​တို့​က ``ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် တပ်​ခွဲ​မှူး​ကော်​နေ​လိ​အား​အ​ရှင့်​ကို​ခေါ်​ဖိတ် ၍ အ​ရှင်​၏​တ​ရား​စ​ကား​ကို​ကြား​နာ​ရန်​ညွှန် ကြား​ခဲ့​ပါ​သည်။ ကော်​နေ​လိ​သည်​လူ​ကောင်း တစ်​ယောက်​ဖြစ်​၍​ဘု​ရား​သခင်​ကို​ကြောက်​ရွံ့ ရို​သေ​သူ​ဖြစ်​ပါ​သည်။ ယု​ဒ​အ​မျိုး​သား အ​ပေါင်း​တို့​၏​ကြည်​ညို​လေး​စား​မှု​ကို လည်း​ခံ​ရ​သူ​ဖြစ်​ပါ​၏'' ဟု​ပြော​ကြား​၏။-

23. ပေ​တ​ရု​သည်​ထို​သူ​တို့​အား​အိမ်​ထဲ​သို့ ခေါ်​ဖိတ်​၍​ထို​ည​အိပ်​စေ​၏။နောက်​တစ်​နေ့​၌​သူ​သည်​ထို​သူ​တို့​နှင့်​အ​တူ ထွက်​ခွာ​သွား​သော​အ​ခါ ယုပ္ပေ​မြို့​မှ​ယုံ​ကြည်​သူ ညီ​အစ်​ကို​အ​ချို့​တို့​လည်း​လိုက်​ပါ​သွား​ကြ​၏။-

24. နောက်​တစ်​နေ့​၌​ပေ​တ​ရု​သည်​ကဲ​သ​ရိ​မြို့​သို့ ရောက်​လေ​သည်။ ထို​မြို့​တွင်​ကော်​နေ​လိ​သည် မိ​မိ​ဖိတ်​ခေါ်​ထား​သည့်​ဆွေ​မျိုး​သား​ချင်း များ၊ ရင်း​နှီး​သော​မိတ်​ဆွေ​များ​နှင့်​အ​တူ သူ့​အား​စောင့်​မျှော်​လျက်​နေ​ကြ​၏။-

25. ပေ​တ​ရု​ဝင်​လာ​သော​အ​ခါ ကော်​နေ​လိ​သည် ခ​ရီး​ဦး​ကြို​၍​သူ​၏​ခြေ​ရင်း​တွင်​ပျပ်​ဝပ် လေ​၏။-

26. သို့​ရာ​တွင်​ပေ​တ​ရု​က ``ထ​လော့၊ ငါ​ကိုယ်​တိုင် ပင်​လူ​သာ​မန်​ဖြစ်​ပါ​သည်'' ဟု​ဆို​၍ ကော်​နေ​လိ ကို​အ​ထ​ခိုင်း​၏။-

27. ထို​နောက်​ကော်​နေ​လိ​နှင့်​အ​တူ​စ​ကား​ပြော လျက်​အိမ်​ထဲ​သို့​ဝင်​သွား​သော​အ​ခါ လူ အ​မြောက်​အ​မြား​စု​ဝေး​လျက်​ရှိ​သည်​ကို တွေ့​မြင်​ရ​၏။-

28. ထို​သူ​တို့​အား​ပေ​တ​ရု​က ``ယု​ဒ​အ​မျိုး​သား သည်​လူ​မျိုး​ခြား​များ​နှင့်​မ​ပေါင်း​မ​သင်း​ရ ဟူ​၍​လည်း​ကောင်း၊ သူ​တို့​၏​ထံ​သို့​အ​လည် အ​ပတ်​မ​သွား​ရ​ဟူ​၍​လည်း​ကောင်း၊ ဘာ​သာ တ​ရား​က​တား​မြစ်​သည်​ကို​သင်​တို့​သိ​ကြ​၏။ သို့​သော်​မည်​သူ့​ကို​မျှ​ဘာ​သာ​ရေး​ထုံး​နည်း အ​ရ​ညစ်​ညမ်း​သူ​သို့​မ​ဟုတ် မ​သန့်​စင်​သူ ဟူ​၍​မ​ခေါ်​စေ​ရန် ဘု​ရား​သ​ခင်​သည်​ငါ့ အား​ဖော်​ပြ​တော်​မူ​ပြီ။-

29. ထို့​ကြောင့်​ငါ့​ကို​သင်​ခေါ်​ဖိတ်​သော​အ​ခါ ငါ​သည်​မ​ငြင်း​မ​ဆို​ဘဲ​လိုက်​လာ​ခဲ့​၏။ အ​ဘယ်​ကြောင့်​ငါ့​ကို​ခေါ်​ဖိတ်​ရ​ကြောင်း ပြော​ကြား​ပါ​လော့'' ဟု​ဆို​၏။

30. ကော်​နေ​လိ​က ``လွန်​ခဲ့​သော​သုံး​ရက်​က​မွန်း လွဲ​သုံး​နာ​ရီ​၌ အ​ကျွန်ုပ်​သည်​အိမ်​မှာ​ဆု​တောင်း လျက်​နေ​ပါ​၏။ ထို​အ​ခါ​တောက်​ပြောင်​သော အ​ဝတ်​ကို​ဝတ်​ဆင်​ထား​သူ​လူ​တစ်​ယောက် သည် အ​ကျွန်ုပ်​၏​ရှေ့​တွင်​ရုတ်​တ​ရက်​ရပ်​၍၊-

31. `ကော်​နေ​လိ၊ သင်​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​ဘု​ရား သ​ခင်​ကြား​တော်​မူ​ပြီ။ သင်​၏​စွန့်​ကြဲ​ပေး​ကမ်း မှု​ကို​လည်း​သိ​မှတ်​တော်​မူ​ပြီ။-

32. သို့​ဖြစ်​၍​ယုပ္ပေ​မြို့​သို့​လူ​လွှတ်​၍​ရှိ​မုန်​ပေ​တ​ရု ဟု​ခေါ်​သော​သူ​ကို​ပင့်​လော့။ သူ​သည်​ပင်​လယ်​ကမ်း အ​နီး​ရှိ​သား​ရေ​နယ်​သ​မား​ရှိ​မုန်​၏​အိမ်​တွင် တည်း​ခို​လျက်​နေ​၏' ဟု​မြွက်​ဆို​ပါ​၏။-

33. ထို​ကြောင့်​အ​ကျွန်ုပ်​သည်​ချက်​ချင်း​ပင်​အ​ရှင် ၏​ထံ​သို့​လူ​လွှတ်​ခဲ့​ပါ​သည်။ အ​ရှင်​ကြွ​လာ သည့်​အ​တွက်​ကျေး​ဇူး​ကြီး​လှ​ပါ​၏။ ကိုယ်​တော် အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ သော​စ​ကား​တော်​တို့​ကို​ကြား​နာ​ရန် အ​ကျွန်ုပ် တို့​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​သို့ ရောက်​ရှိ​နေ​ကြ​ပါ​ပြီ'' ဟု​ပြော​ဆို​၏။

34. ထို​အ​ခါ​ပေ​တ​ရု​က ``အ​ကယ်​စင်​စစ်​ဘု​ရား သ​ခင်​သည်​မျက်​နှာ​ကြီး​ငယ်​ထောက်​တော် မ​မူ​ကြောင်း​ကို ယ​ခု​ငါ​သိ​ရှိ​နား​လည်​လာ ၏။-

35. ကိုယ်​တော်​သည်​မိ​မိ​အား​ကြောက်​ရွံ့​ရို​သေ​၍ အ​မှန်​တ​ရား​ကို​ကျင့်​သုံး​သူ​မှန်​သ​မျှ​အား လူ​မျိုး​ခွဲ​ခြား​မှု​မ​ပြု​ဘဲ​နှစ်​သက်​လက်​ခံ တော်​မူ​၏။-

36. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​သို့​ပေး​ပို့​သော ဘု​ရား၊ လူ​ခပ်​သိမ်း​တို့​၏​အ​ရှင်​သ​ခင်​ဖြစ်​တော် မူ​သော​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ကြေ​ညာ တော်​မူ​သည့်​ရန်​ငြိမ်း​ခြင်း​ဆိုင်​ရာ​သ​တင်း ကောင်း​ကို​သင်​တို့​သိ​ကြ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 10