ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 10:12-23 Common Language Bible (BCL)

12. ထို​အ​ရာ​ထဲ​တွင်​ခြေ​လေး​ချောင်း​သတ္တဝါ မျိုး၊ တွား​တတ်​သည့်​သတ္တ​ဝါ​အ​မျိုး​မျိုး​နှင့် ကောင်း​ကင်​ငှက်​အ​မျိုး​မျိုး​တို့​ဖြင့်​ပါ​ရှိ​၏။-

13. ``ပေ​တ​ရု၊ ထ​လော့၊ သတ်​၍​စား​လော့'' ဟူ​သော အ​သံ​ကို​သူ​ကြား​ရ​၏။

14. ပေ​တ​ရု​က``အ​ရှင်​ဘု​ရား၊ အ​ဘယ်​နည်း​နှင့်​မျှ မ​ဖြစ်​နိုင်​ပါ။ အ​ကျွန်ုပ်​သည်​ညစ်​ညမ်း​သော​အ​ရာ သို့​မ​ဟုတ်​မ​သန့်​စင်​သည့်​အ​ရာ​ကို အ​ဘယ် အ​ခါ​၌​မျှ​မ​စား​ဘူး​ပါ'' ဟု​လျှောက်​၏။

15. ထို​အ​ခါ​ဗျာ​ဒိတ်​သံ​က ``ဘု​ရား​သ​ခင်​သန့်​စင် သည်​ဟု​ဆို​သည့်​အ​ရာ​ကို​သင်​က​ညစ်​ညမ်း​သည် ဟု​မ​ဆို​ရ'' ဟု​မိန့်​တော်​မူ​၏။-

16. ဤ​သို့​သုံး​ကြိမ်​တိုင်​တိုင်​ဖြစ်​ပျက်​ပြီး​နောက် ချက်​ချင်း​ပင်​ရွက်​ထည်​နှင့်​တူ​သော​အ​ရာ​သည် မိုး​ကောင်း​ကင်​သို့​ပြန်​လည်​ရုပ်​သိမ်း​ခြင်း​ကို ခံ​ရ​လေ​သည်။

17. ပေ​တ​ရု​သည်​ထို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​၏​အ​နက် အ​ဋ္ဌိပ္ပါယ်​ကို​ဆင်​ခြင်​စဉ်း​စား​လျက်​နေ​၏။ ထို အ​ချိန်​၌​ကော်​နေ​လိ​စေ​လွှတ်​လိုက်​သော​လူ တို့​သည် ရှိ​မုန်​၏​အိမ်​ကို​မေး​မြန်း​ရှာ​ဖွေ​၍ ယ​ခု​အိမ်​ရှေ့​သို့​ရောက်​ရှိ​လာ​ကြ​၏။-

18. ထို​သူ​တို့​က ``ပေ​တ​ရု​ခေါ်​ရှိ​မုန်​သည်​ဤ အိမ်​တွင်​ရှိ​ပါ​၏​လော'' ဟု​အော်​၍​မေး​မြန်း ကြ​၏။

19. ပေ​တ​ရု​သည်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​အ​ကြောင်း ကို​စဉ်း​စား​နေ​စဉ်​ဝိ​ညာဉ်​တော်​က ``လူ​သုံး ယောက်​တို့​သည်​သင့်​ကို​ရှာ​နေ​ကြ​၏။-

20. ထ​၍​ဆင်း​သွား​လော့။ ငါ​ပင်​သူ​တို့​ကို​စေ​လွှတ် လိုက်​သည်​ဖြစ်​၍ မ​ဆိုင်း​မ​တွ​ဘဲ​သူ​တို့​နှင့် အ​တူ​လိုက်​သွား​လော့'' ဟု​မိန့်​တော်​မူ​၏။-

21. သို့​ဖြစ်​၍​ပေ​တ​ရု​သည်​ထို​သူ​တို့​ထံ​သို့​ဆင်း သွား​ပြီး​လျှင် ``သင်​တို့​ရှာ​နေ​သူ​ကား​ငါ​ပင် ဖြစ်​သည်။ အ​ဘယ်​အ​ကြောင်း​ကြောင့်​သင်​တို့ ရောက်​လာ​ကြ​ပါ​သ​နည်း'' ဟု​မေး​၏။

22. ထို​သူ​တို့​က ``ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် တပ်​ခွဲ​မှူး​ကော်​နေ​လိ​အား​အ​ရှင့်​ကို​ခေါ်​ဖိတ် ၍ အ​ရှင်​၏​တ​ရား​စ​ကား​ကို​ကြား​နာ​ရန်​ညွှန် ကြား​ခဲ့​ပါ​သည်။ ကော်​နေ​လိ​သည်​လူ​ကောင်း တစ်​ယောက်​ဖြစ်​၍​ဘု​ရား​သခင်​ကို​ကြောက်​ရွံ့ ရို​သေ​သူ​ဖြစ်​ပါ​သည်။ ယု​ဒ​အ​မျိုး​သား အ​ပေါင်း​တို့​၏​ကြည်​ညို​လေး​စား​မှု​ကို လည်း​ခံ​ရ​သူ​ဖြစ်​ပါ​၏'' ဟု​ပြော​ကြား​၏။-

23. ပေ​တ​ရု​သည်​ထို​သူ​တို့​အား​အိမ်​ထဲ​သို့ ခေါ်​ဖိတ်​၍​ထို​ည​အိပ်​စေ​၏။နောက်​တစ်​နေ့​၌​သူ​သည်​ထို​သူ​တို့​နှင့်​အ​တူ ထွက်​ခွာ​သွား​သော​အ​ခါ ယုပ္ပေ​မြို့​မှ​ယုံ​ကြည်​သူ ညီ​အစ်​ကို​အ​ချို့​တို့​လည်း​လိုက်​ပါ​သွား​ကြ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 10