ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 1:20-26 Common Language Bible (BCL)

20. ဆာ​လံ​ကျမ်း​တွင်၊`သူ​၏​နေ​အိမ်​သည်​လူ​သူ​ဆိတ်​ညံ​ရာ​ဖြစ်​ပါ​စေ၊ထို​အိမ်​တွင်​အ​ဘယ်​သူ​မျှ​မ​နေ​ပါ​စေ​နှင့်။ထို​သူ​၏​ရာ​ထူး​ကို​လည်း​အ​ခြား​သူ​တစ်​ဦး​ယူ​ပါ​စေ'ဟူ​၍​ရေး​သား​ပါ​ရှိ​၏။

21-22. ``ထို့​ကြောင့်​သ​ခင်​ယေ​ရှု​အား ဘု​ရား​သ​ခင် ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ​ကြောင်း​ကို ငါ​တို့ နှင့်​အ​တူ​သက်​သေ​ခံ​ရန်​လူ​တစ်​ယောက်​ကို ရွေး​ချယ်​ရ​ကြ​မည်။ ထို​သူ​သည်​ယော​ဟန်​၏ ဗတ္တိ​ဇံ​ကို​သ​ခင်​ဘု​ရား​ခံ​တော်​မူ​ချိန်​မှ​စ ၍ ကောင်း​ကင်​ဘုံ​သို့​ဆောင်​ယူ​ခြင်း​ကို​ခံ​တော် မူ​ချိန်​အ​ထိ ငါ​တို့​နှင့်​အ​တူ​သွား​လာ​နေ​ထိုင် ခဲ့​သူ​တစ်​ဦး​ဖြစ်​ရ​မည်'' ဟု​ဆို​၏။

23. သို့​ဖြစ်​၍​တ​ပည့်​တော်​တို့​သည် လူ​နှစ်​ယောက်​မှ တစ်​ယောက်​ကို​ရွေး​ကောက်​ရန်​အ​ဆို​ပြု​ကြ​၏။ ထို​သူ​နှစ်​ယောက်​ကား​ဗာ​ရှ​ဗ (ခေါ်) ယုတ္တု​နာ​မည် သစ်​ကို​ရ​သူ​ယော​သပ်​နှင့်​မ​ဿိ​တို့​ဖြစ်​၏။-

24-25. ထို​နောက်​တ​ပည့်​တော်​တို့​သည်``အို သ​ခင်​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​လူ​အ​ပေါင်း​တို့​၏​စိတ်​နှ​လုံး ကို​သိ​တော်​မူ​ပါ​၏။ ယု​ဒ​သည်​မိ​မိ​နှင့်​ထိုက်​ရာ အ​ရပ်​သို့​လား​ရ​အံ့​သော​ငှာ တ​မန်​တော်​ရာ​ထူး ကို​စွန့်​လွှတ်​၍​သွား​ပါ​ပြီ။ ထို​ရာ​ထူး​တွင်​ဤ​သူ နှစ်​ယောက်​အ​နက် အ​ဘယ်​သူ​ကို​ကိုယ်​တော်​ရှင် ရွေး​ကောက်​ခန့်​ထား​တော်​မူ​သည်​ကို အ​ကျွန်ုပ်​တို့ အား​ဖော်​ပြ​တော်​မူ​ပါ'' ဟု​ဆု​တောင်း​ပတ္ထ​နာ ပြု​ကြ​၏။-

26. ထို​နောက်​မဲ​ချ​ကြ​ရာ​မ​ဿိ​ရ​ရှိ​သ​ဖြင့် သူ့​အား​တ​မန်​တော်​တစ်​ကျိပ်​တစ်​ပါး​တို့ နှင့်​အ​တူ တ​မန်​တော်​ဖြစ်​စေ​ရန်​ရွေး​ကောက် ခန့်​ထား​ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 1