ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 1:1-2-13 Common Language Bible (BCL)

1-2. အို သော်​ဖိ​လု၊သ​ခင်​ယေ​ရှု​သည်​အ​မှု​တော်​ကို​စ​တင်​ဆောင်​ရွက် သည့်​နေ့​မှ​အ​စ​ပြု​၍ ကောင်း​ကင်​ဘုံ​သို့​ဆောင် ယူ​ခြင်း​ကို​ခံ​တော်​မူ​သည့်​နေ့​တိုင်​အောင် ပြု​မူ သွန်​သင်​တော်​မူ​သ​မျှ​တို့​ကို​ကျွန်ုပ်​၏​ပ​ထ​မ စာ​စောင်​တွင်​ရေး​သား​ဖော်​ပြ​ခဲ့​ပါ​ပြီ။ ကိုယ် တော်​သည်​ကောင်း​ကင်​ဘုံ​သို့​ဆောင်​ယူ​ခြင်း ကို​ခံ​တော်​မ​မူ​မီ ရွေး​ကောက်​ထား​တော် မူ​သော​တ​မန်​တော်​တို့​အား သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​၏​တန်​ခိုး​အား​ဖြင့်​ညွှန်​ကြား တော်​မူ​၏။-

3. ကိုယ်​တော်​သည်​အ​သေ​ခံ​တော်​မူ​ပြီး​နောက် အ​ရက်​လေး​ဆယ်​အ​တွင်း​တ​မန်​တော်​တို့ အား​အ​ကြိမ်​ပေါင်း​များ​စွာ​ကိုယ်​ထင်​ပြ​၍ မိ​မိ​အ​သက်​ရှင်​လျက်​ရှိ​တော်​မူ​ကြောင်း ခိုင်​လုံ​သော​အ​ထောက်​အ​ထား​များ​ကို​ပေး တော်​မူ​၏။ တ​မန်​တော်​တို့​သည်​ကိုယ်​တော် ကို​တွေ့​မြင်​ရ​ကြ​၏။ ကိုယ်​တော်​သည်​လည်း သူ​တို့​အား​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော် အ​ကြောင်း​ကို​ဟော​ပြော​သွန်​သင်​တော်​မူ​၏။-

4. သူ​တို့​သည်​စု​ရုံး​လာ​ကြ​သော​အ​ခါ​ကိုယ်​တော် က``ယေ​ရု​ရှ​လင်​မြို့​မှ​ထွက်​ခွာ​၍​မ​သွား​ကြ နှင့်။ ခ​မည်း​တော်​က​တိ​ထား​တော်​မူ​သည့်​ဆု ကျေး​ဇူး​ကို​စောင့်​မျှော်​လျက်​နေ​ကြ​လော့။ ထို ဆု​ကျေး​ဇူး​အ​ကြောင်း​ကို​ယ​ခင်​က​သင်​တို့ အား​ငါ​ဖော်​ပြ​ခဲ့​၏။-

5. ယော​ဟန်​သည်​ရေ​ဖြင့်​ဗတ္တိ​ဇံ​ကို​ပေး​၏။ သို့​ရာ တွင်​သင်​တို့​မူ​ကား​ရက်​အ​နည်း​ငယ်​အ​တွင်း​၌ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ဖြင့်​ဗတ္တိဇံ​ကို​ခံ​ယူ​ကြ ရ​လတ္တံ့'' ဟု​မိန့်​တော်​မူ​၏။

6. တ​မန်​တော်​တို့​သည်​စု​ဝေး​မိ​ကြ​သော​အ​ခါ ကိုယ်​တော်​အား``သ​ခင်​ဘု​ရား၊ ဤ​အ​ချိန်​ကား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား မိ​မိ​တို့​၏ နိုင်​ငံ​ကို​ကိုယ်​တော်​ရှင်​ပြန်​လည်​ပေး​အပ်​မည့် အ​ချိန်​ဖြစ်​ပါ​သ​လော'' ဟု​မေး​လျှောက်​ကြ​၏။

7. ကိုယ်​တော်​က``ခ​မည်း​တော်​၏​တန်​ခိုး​အာ​ဏာ အား​ဖြင့် စီ​ရင်​ပြ​ဋ္ဌာန်း​ထား​သည့်​အ​ချိန်​အ​ခါ ကို​သင်​တို့​သိ​ပိုင်​ခွင့်​မ​ရှိ။-

8. သို့​ရာ​တွင်​သင်​တို့​အ​ပေါ်​သို့​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​သက်​ရောက်​သော​အ​ခါ​၌ သင်​တို့ သည်​တန်​ခိုး​ကို​ခံ​ယူ​ရ​ရှိ​ကြ​လိမ့်​မည်။ ထို အ​ခါ​သင်​တို့​သည်​ယေ​ရု​ရှ​လင်​မြို့၊ ယု​ဒ ပြည်​တစ်​ပြည်​လုံး​နှင့်​ရှ​မာ​ရိ​ပြည်​မှ​စ​၍ ကမ္ဘာ​မြေ​ကြီး​အ​စွန်​အ​ဖျား​တိုင်​အောင် ငါ ၏​အ​ကြောင်း​ကို​သက်​သေ​ခံ​သူ​များ​ဖြစ် ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။-

9. ဤ​သို့​မိန့်​တော်​မူ​ပြီး​နောက်​တ​မန်​တော်​တို့ ကြည့်​လျက်​နေ​ကြ​စဉ် ကိုယ်​တော်​သည်​ကောင်း​ကင် ဘုံ​သို့​ဆောင်​ယူ​ခြင်း​ကို​ခံ​တော်​မူ​၏။ ထို​နောက် မိုး​တိမ်​သည်​ကိုယ်​တော်​ကို​ဖုံး​ကွယ်​လေ​၏။

10. ဤ​သို့​ကိုယ်​တော်​တက်​ကြွ​တော်​မူ​စဉ်​တ​မန်​တော် တို့​သည် မိုး​ကောင်း​ကင်​သို့​အာ​ရုံ​စိုက်​၍​ကြည့်​နေ ကြ​၏။ ထို​အ​ခါ​ဝတ်​ဖြူ​စင်​ကြယ်​နှင့်​လူ​နှစ်​ယောက် သည်​ရုတ်​တ​ရက်​သူ​တို့​အ​နီး​တွင်​ပေါ်​လာ​လေ​၏။-

11. ထို​သူ​တို့​က ``ဂါ​လိ​လဲ​ပြည်​သား​တို့၊ သင်​တို့ သည်​အ​ဘယ်​ကြောင့်​ရပ်​၍​မိုး​ကောင်း​ကင်​သို့ မျှော်​ကြည့်​နေ​ကြ​သ​နည်း။ သင်​တို့​ထံ​မှ ကောင်း​ကင်​ဘုံ​သို့​ယူ​ဆောင်​ခြင်း​ကို​ခံ​တော် မူ​သော​သ​ခင်​ယေ​ရှု​သည် အ​ဘယ်​သို့ ကောင်း​ကင်​ဘုံ​သို့​တက်​ကြွ​တော်​မူ​သည်​ကို သင်​တို့​မြင်​ရ​ကြ​၏။ ဤ​နည်း​အ​တိုင်း​ပင်​ထို အ​ရှင်​သည်​ပြန်​လည်​ကြွ​လာ​တော်​မူ​လတ္တံ့'' ဟု​ဆို​ကြ​၏။

12. ထို​နောက်​တ​မန်​တော်​တို့​သည်​သံ​လွင်​နာ​မည် တွင်​သော​တောင်​မှ ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​ကြ​၏။ သံ​လွင်​တောင်​သည်​ယေ​ရု​ရှ​လင်​မြို့​နှင့်​ခ​ရီး မိုင်​ဝက်​ခန့်​ဝေး​၏။-

13. သူ​တို့​သည်​မြို့​ထဲ​သို့​ဝင်​၍ မိ​မိ​တို့​တည်း​ခို​ရာ အိမ်​အ​ထက်​ခန်း​သို့​သွား​ကြ​၏။ ထို​သူ​တို့​ကား ပေ​တ​ရု၊ ယော​ဟန်၊ ယာ​ကုပ်၊ အန္ဒြေ၊ ဖိ​လိပ္ပု၊ သော​မ၊ ဗာ​သော​လ​မဲ၊ မ​ဿဲ၊ အာ​လ​ဖဲ​၏​သား​ယာ​ကုပ်၊ မျိုး​ချစ်​စိတ်​ထက်​သန်​သူ​ရှိ​မုန်​နှင့်​ယာ​ကုပ်​၏ သား​ယု​ဒ​တို့​ဖြစ်​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 1