ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 1:15-19 Common Language Bible (BCL)

15. ရက်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​တစ်​ရာ့​နှစ်​ဆယ် ခန့်​သော​တ​ပည့်​တော်​ညီ​အစ်​ကို​တို့​သည်​စု​ဝေး လျက်​ရှိ​ကြ​၏။ ထို​အ​ချိန်​၌​ပေ​တ​ရု​သည်​ထ​၍၊-

16. ``ညီ​အစ်​ကို​တို့၊ သ​ခင်​ယေ​ရှု​ကို​ဖမ်း​ဆီး​သူ​တို့ ၏​လမ်း​ပြ​ဖြစ်​သူ ယု​ဒ​ရှ​ကာ​ရုတ်​ကို​ရည်​မှတ်​၍ ကျမ်း​စာ​တော်​တွင်​ဖော်​ပြ​ပါ​ရှိ​သည်​အ​တိုင်း​ဖြစ် ပျက်​ရ​မည်​သာ​တည်း။ ဤ​ကျမ်း​ချက်​ကို​သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​သည်​ဒါ​ဝိဒ်​မင်း​နှုတ်​အား​ဖြင့် ဟော​ကြား​ခဲ့​၏။-

17. ယု​ဒ​သည်​အ​မှု​တော်​ဆောင်​တစ်​ဦး​အ​ဖြစ် ရွေး​ချယ်​ခြင်း​ခံ​ရ​သူ​ဖြစ်​၍ ငါ​တို့​လူ​စု​တွင် အ​ပါ​အ​ဝင်​ဖြစ်​ခဲ့​၏။''

18. (သူ​သည်​မိ​မိ​ဆိုး​ညစ်​ယုတ်​မာ​မှု​ကြောင့်​ရ​ရှိ သည့်​ငွေ​ဖြင့်​လယ်​တစ်​ကွက်​ကို​ဝယ်​ပြီး​နောက် ထို​လယ်​မြေ​ပေါ်​တွင်​လဲ​ကျ​သေ​ဆုံး​လေ​သည်။ သူ​၏​ဝမ်း​ဗိုက်​သည်​ပေါက်​၍​အူ​များ​ထွက်​လာ​၏။-

19. ယေ​ရု​ရှ​လင်​မြို့​နေ​လူ​အ​ပေါင်း​တို့​သည် ဤ အ​ဖြစ်​အ​ပျက်​အ​ကြောင်း​ကို​ကြား​သိ​ကြ​၏။ သို့​ဖြစ်​၍​ထို​လယ်​ကို​မိ​မိ​တို့​ဘာ​သာ​စ​ကား ဖြင့် ``အ​ကေ​လ​ဒ​မ'' ဟု​ခေါ်​ဆို​ကြ​၏။ အ​ကေ​လ ဒ​မ​၏​အ​နက်​ကား``သွေး​လယ်'' ဟူ​၏။)

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 1