ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ကော​လော​သဲ 4:1-10-11 Common Language Bible (BCL)

1. သ​ခင်​ဖြစ်​သူ​တို့၊ သင်​တို့​သည်​လည်း​ကောင်း​ကင် ဘုံ​တွင်​ရှိ​တော်​မူ​သော​သ​ခင်​၏​ကျွန်​များ​ဖြစ် ကြောင်း​ကို​သိ​မှတ်​လျက် မိ​မိ​တို့​၏​ကျွန်​များ ကို​တရား​မျှ​တ​စွာ​ဆက်​ဆံ​ကြ​လော့။

2. စွဲ​မြဲ​စွာ​ဆုတောင်း​ပတ္ထနာ​ပြု​ကြ​လော့။ ဆု​တောင်း ပတ္ထ​နာ​ပြု​ရာ​တွင်​နိုး​နိုး​ကြား​ကြား​ရှိ​လျက် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။-

3. ဆု​တောင်း​သည့်​အ​ခါ​ငါ​တို့​၏​အ​တွက်​လည်း ဆု​တောင်း​ကြ​လော့။ ခ​ရစ်​တော်​၏​နက်​နဲ​သည့် အ​ရာ​နှင့်​စပ်​ဆိုင်​သော​တ​ရား​တော်​ကို ဟော ပြော​နိုင်​သည့်​အ​ခွင့်​အ​လမ်း​ငါ​တို့​အား​ပေး တော်​မူ​ရန်​ဆု​တောင်း​ကြ​လော့။ ထို​တ​ရား တော်​ကြောင့်​ငါ​သည်​ယ​ခု​ထောင်​ကျ​လျက်​ရှိ​၏။-

4. သို့​ဖြစ်​၍​တ​ရား​တော်​ကို​ဟော​ပြော​အပ်​သည် နှင့်​အ​ညီ ငါ​သည်​ရှင်း​လင်း​ပြတ်​သား​စွာ​ဟော ပြော​နိုင်​ရန်​ဆု​တောင်း​ကြ​လော့။

5. သင်​တို့​ရ​ရှိ​သည့်​အ​ခွင့်​ကောင်း​မှန်​သ​မျှ​ကို အ​သုံး​ပြု​ကာ အ​ခြား​ဘာ​သာ​ဝင်​တို့​အား ပ​ညာ​သ​တိ​နှင့်​ဆက်​ဆံ​ကြ​လော့။-

6. သင်​တို့​ပြော​သော​စ​ကား​သည်​နား​ဝင်​ချို​၍ စိတ်​ဝင်​စား​ဖွယ်​ဖြစ်​စေ​ကြ​လော့။ စုံ​စမ်း​မေး မြန်း​သူ​တိုင်း​အား​အ​ဘယ်​သို့​လျောက်​ပတ် စွာ​ပြန်​လည်​ဖြေ​ကြား​ရ​မည်​ကို​သင်​တို့​လေ့ လာ​ထား​ကြ​လော့။

7. ငါ​တို့​ချစ်​သော​ညီ၊ သစ္စာ​ရှိ​သော​အ​မှု​တော် ဆောင်၊ သ​ခင်​ဘု​ရား​၏​အ​မှု​တော်​၌​ငါ​တို့​နှင့် လုပ်​ဖော်​ကိုင်​ဘက်​ဖြစ်​သူ​တု​ခိတ်​သည်​ငါ​နှင့်​ပတ် သက်​သည့်​သ​တင်း​အ​လုံး​စုံ​ကို​သင်​တို့​အား ပြော​ပြ​လိမ့်​မည်။-

8. ငါ​တို့​၏​အ​ခြေ​အ​နေ​ကို​သင်​တို့​အား​ပြော ပြ​ခြင်း​အား​ဖြင့်​သင်​တို့​ကို​အား​တက်​စေ​ရန် ငါ​သည်​သူ့​အား​သင်​တို့​ထံ​သို့​စေ​လွှတ်​လိုက် ခြင်း​ဖြစ်​ပေ​သည်။-

9. သူ​နှင့်​အ​တူ​သြ​နေ​သိမ်​လည်း​လိုက်​ပါ​လာ​ပါ လိမ့်​မည်။ သြ​နေ​သိမ်​သည်​ငါ​တို့​ချစ်​သော​ညီ၊ သစ္စာ​ရှိ​သော​သူ​ဖြစ်​၏။ သူ​သည်​သင်​တို့​အ​သိုင်း အ​ဝိုင်း​ထဲ​က​ဖြစ်​၏။ သူ​တို့​သည်​ဤ​အ​ရပ်​တွင် ဖြစ်​ပျက်​သ​မျှ​ကို​သင်​တို့​အား​ပြော​ပြ​လိမ့်​မည်။

10-11. ငါ​တို့​နှင့်​အ​တူ​အ​ကျဉ်း​ခံ​နေ​ရ​သူ​အာ​ရိတ္တာ​ခု၊ ဗာ​န​ဗ​၏​ညီ​ဝမ်း​ကွဲ​တော်​သူ​မာ​ကု​နှင့်​ယုတ္တု ခေါ်​ယော​ရှု​တို့​က​သင်​တို့​ကို​နှုတ်​ဆက်​လိုက် ကြ​၏။ (သင်​တို့​ထံ​မာ​ကု​ရောက်​ရှိ​လာ​သော အ​ခါ ကြို​ဆို​ကြ​ရန်​ညွှန်​ကြား​ချက်​များ​ကို သင်​တို့​ရ​ရှိ​ကြ​ပြီး​ဖြစ်​၏။) ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​အ​တွက်​ငါ​နှင့်​အ​တူ​လုပ်​ဆောင် လျက်​ရှိ​သော​ယု​ဒ​ယုံ​ကြည်​သူ​များ​မှာ ထို​သူ​သုံး​ဦး​သာ​လျှင်​ဖြစ်​ပေ​သည်။ ဤ​သူ တို့​သည်​ကား​ငါ့​အား​များ​စွာ​ကူ​ညီ​ကြ သူ​များ​ဖြစ်​သည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ကော​လော​သဲ 4