ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ကော​လော​သဲ 3:6-16 Common Language Bible (BCL)

6. ထို​ကဲ့​သို့​သော​အာ​သာ​ရမ္မက်​များ​ကြောင့်​ဘု​ရား သ​ခင်​၏​စ​ကား​ကို​မ​နာ​ခံ​သော​သူ​များ​သည် အ​မျက်​တော်​သင့်​ကြ​ပေ​အံ့။-

7. အ​ခါ​တစ်​ပါး​က​သင်​တို့​ကိုယ်​တိုင်​လည်း​ထို အ​ပြစ်​ဒု​စ​ရိုက်​များ​ကို​ကူး​လွန်​လျက် အ​သက်​ရှင်​နေ​ထိုင်​ခဲ့​ကြ​၏။

8. သို့​သော်​ယ​ခု​အ​ခါ​၌​သင်​တို့​သည်​အ​မျက် ထွက်​ခြင်း၊ စိတ်​ဆိုး​ခြင်း၊ မုန်း​တီး​ခြင်း၊ သူ​တစ် ပါး​အ​သ​ရေ​ကို​ဖျက်​ခြင်း၊ ညစ်​ညမ်း​သော စ​ကား​ကို​ပြော​ဆို​ခြင်း​စ​သည်​တို့​ကို​ပယ် ရှား​ကြ​လော့။-

9. တစ်ဦး​နှင့်​တစ်​ဦး​လိမ်​လည်​၍​မ​ပြော​ဆို​ကြ​နှင့်။ သင်​တို့​သည်​အ​ကျင့်​ဆိုး​များ​နှင့်​တ​ကွ​လူ ဟောင်း​ကို​ချွတ်​ပယ်​ကာ၊-

10. လူ​သစ်​ကို​ဝတ်​ဆင်​ကြ​လေ​ပြီ။ ဖန်​ဆင်း​တော်​မူ ရှင်​ဘု​ရား​သ​ခင်​သည် ထို​လူ​သစ်​အား​မိ​မိ​၏ ပုံ​သဏ္ဌာန်​တော်​နှင့်​အ​ညီ​အ​မြဲ​အ​သစ်​ပြု​ပြင် လျက်​နေ​တော်​မူ​၏။ ဤ​သို့​ပြု​တော်​မူ​ခြင်း​မှာ သင်​တို့​သည်​ကိုယ်​တော်​ကို​ပြည့်​ဝ​စုံ​လင်​စွာ သိ​ကျွမ်း​လာ​ကြ​စေ​ရန်​ပင်​ဖြစ်​ပေ​သည်။-

11. သို့​ဖြစ်​၍​ယု​ဒ​အ​မျိုး​သား၊ လူ​မျိုး​ခြား​ဟူ​၍ လည်း​ကောင်း၊ အ​ရေ​ဖျား​လှီး​ခံ​သူ​မ​ခံ​သူ​ဟူ ၍​လည်း​ကောင်း၊ မ​ယဉ်​ကျေး​သူ၊ လူ​ရိုင်း၊ ကျွန်၊ လွတ်​လပ်​သူ​ဟူ​၍​လည်း​ကောင်း​ကွဲ​ပြား​ခြား နား​မှု​မ​ရှိ​တော့​ချေ။ ခ​ရစ်​တော်​သည်​အ​လုံး စုံ​တို့​၌​ရှိ​၍​အ​လုံး​စုံ​ဖြစ်​တော်​မူ​သ​တည်း။

12. သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင်​များ ဖြစ်​ကြ​၏။ ကိုယ်​တော်​သည်​သင်​တို့​ကို​ချစ်​၍ မိ​မိ ပိုင်​ဆိုင်​သူ​များ​ဖြစ်​ရန်​ရွေး​ချယ်​တော်​မူ​သ​ဖြင့် က​ရု​ဏာ​ပြ​ခြင်း၊ သ​နား​ကြင်​နာ​ခြင်း၊ စိတ် နှိမ့်​ချ​ခြင်း၊ နူး​ညံ့​သိမ်​မွေ့​ခြင်း၊ စိတ်​ရှည်​ခြင်း တို့​ကို​ဝတ်​ဆင်​ကြ​လော့။-

13. သင်​တို့​သည်​အ​ချင်း​ချင်း​အ​ပေါ်​တွင်​အ​ပြစ် တင်​စ​ရာ​ရှိ​ပါ​လျှင် သည်း​ခံ​လျက်​အ​ပြစ်​ဖြေ လွှတ်​ကြ​လော့။ သ​ခင်​ဘု​ရား​သည်​သင်​တို့ အား​အ​ပြစ်​ဖြေ​လွှတ်​တော်​မူ​သ​ကဲ့​သို့ သင် တို့​သည်​လည်း​အ​ချင်း​ချင်း​အား​အ​ပြစ်​ဖြေ လွှတ်​ရ​ကြ​မည်။-

14. ဤ​အ​ရည်​အ​သွေး​များ​ကို​မေတ္တာ​ဖြင့်​ဖြည့်​စွက် လော့။ မေတ္တာ​သည်​အ​ရာ​ခပ်​သိမ်း​ကို​စု​စည်း​၍ လုံး​ဝ​စည်း​လုံး​ညီ​ညွတ်​စေ​သ​တည်း။-

15. သင်​တို့​ကို​လမ်း​ပြ​ရန်​ခ​ရစ်​တော်​ထံ​မှ​ရ​ရှိ သည့်​ငြိမ်​သက်​ခြင်း​နှင့်​အ​ညီ သင်​တို့​ဆုံး​ဖြတ် ချက်​များ​ချ​မှတ်​ကြ​လော့။ ထို​ငြိမ်​သက်​ခြင်း ကို​သင်​တို့​ခံ​စား​နိုင်​ကြ​စေ​ရန်​ဘု​ရား​သ​ခင် သည်​သင်​တို့​ကို​တစ်​ခု​တည်း​သော​ကိုယ်​ခန္ဓာ အ​ဖြစ်​ခေါ်​ယူ​ရွေး​ကောက်​တော်​မူ​ခဲ့​၏။ သို့ ဖြစ်​၍​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။-

16. ခ​ရစ်​တော်​၏​ပြည့်​စုံ​ကြွယ်​ဝ​သည့်​တ​ရား တော်​အား သင်​တို့​၏​စိတ်​နှ​လုံး​ထဲ​တွင်​ကိန်း အောင်း​စေ​ကြ​လော့။ ဉာဏ်​ပ​ညာ​ရှိ​သ​မျှ​ဖြင့် အ​ချင်း​ချင်း​အား​သွန်​သင်​ဆုံး​မ​ခြင်း​ကို ပြု​ကြ​လော့။ ဆာ​လံ​သီ​ချင်း၊ အ​မျိုး​မျိုး သော​ဋ္ဌမ္မ​သီ​ချင်း​များ​ကို​ဘု​ရား​သ​ခင် အား​စိတ်​နှ​လုံး​ထဲ​တွင်​ကျေး​ဇူး​တင်​လျက် သီ​ဆို​ကြ​လော့။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ကော​လော​သဲ 3