ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ကော​လော​သဲ 3:21-25 Common Language Bible (BCL)

21. ဖ​ခင်​ဖြစ်​သူ​တို့၊ သား​သ​မီး​များ​ကို​စိတ်​ဆိုး အောင်​မ​ဆွ​နှင့်။ သို့​ပြု​ပါ​လျှင်​သူ​တို့​သည်​စိတ် အား​လျော့​ကြ​လိမ့်​မည်။

22. ကျွန်​ဖြစ်​သူ​တို့၊ သင်​တို့​ကို​ပိုင်​သော​သ​ခင်​များ ၏​စ​ကား​ကို​အ​ရာ​ရာ​တွင်​နား​ထောင်​ကြ​လော့။ သင်​တို့​သည်​မျက်​နှာ​ရ​ရန်​သူ​တို့​၏​ရှေ့​မှောက် ၌​သာ​လျှင်​သူ​တို့​၏​စ​ကား​ကို​နား​ထောင်​သည် မ​ဟုတ်၊ သ​ခင်​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ သော​အား​ဖြင့် သူ​တို့​၏​စ​ကား​ကို​ရိုး​ဖြောင့် သော​စိတ်​နှင့်​နား​ထောင်​ကြ​လော့။-

23. အ​ဘယ်​အ​မှု​ကို​ပြု​သည်​မ​ဆို​သင်​တို့​သည် လူ​၏​အ​လို​ကို​မ​ဟုတ်​ဘဲ သ​ခင်​ဘု​ရား​၏ အ​လို​ကို​ဆောင်​ရွက်​သ​ကဲ့​သို့​အ​စွမ်း​ရှိ သ​မျှ​ဖြင့်​လုပ်​ဆောင်​ကြ​လော့။-

24. မိ​မိ​၏​လူ​စု​တော်​အား​သ​ခင်​ဘု​ရား​က​တိ ထား​တော်​မူ​သော ဆု​လာဘ်​ကို​သင်​တို့​သည်​ရ မည်​ဖြစ်​ကြောင်း​နှ​လုံး​သွင်း​ကြ​လော့။ ခ​ရစ် တော်​သည်​သာ​လျှင်​သင်​တို့​၏​သ​ခင်​အ​စစ် အ​မှန်​ဖြစ်​တော်​မူ​၏။-

25. ဒု​စ​ရိုက်​သ​မား​သည်​ထိုက်​သင့်​သော​အ​ပြစ်​ဒဏ် ကို​ခံ​ရ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား သ​ခင်​သည်​တ​ရား​စီ​ရင်​ရာ​တွင်​မျက်​နှာ​ကြီး ငယ်​လိုက်​တော်​မ​မူ​သော​ကြောင့်​ဖြစ်​သည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ကော​လော​သဲ 3