ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ကော​လော​သဲ 3:2-12 Common Language Bible (BCL)

2. လော​က​တွင်​ရှိ​သော​အ​ရာ​တို့​ကို​စိတ်​မ​စွဲ လမ်း​ဘဲ အ​ထက်​ဘုံ​၌​ရှိ​သော​အ​ရာ​တို့​ကို စိတ်​စွဲ​လမ်း​ကြ​လော့။-

3. အ​ဘယ်​ကြောင့်​ဆို​သော်​သေ​ပြီး​သော​သင်​တို့ အ​သက်​သည် ခ​ရစ်​တော်​နှင့်​အ​တူ​ဘု​ရား သ​ခင်​၌​ဝှက်​ထား​လျက်​ရှိ​သော​ကြောင့်​တည်း။-

4. သင်​တို့​အ​သက်​အ​စစ်​အ​မှန်​သည်​ခ​ရစ်​တော် ဖြစ်​သည်။ ကိုယ်​တော်​ထင်​ရှား​တော်​မူ​သော​အ​ခါ သင်​တို့​သည်​လည်း​ကိုယ်​တော်​နှင့်​အ​တူ​ဘုန်း အ​သ​ရေ​တော်​ကို​ခံ​စား​ရ​ကြ​လတ္တံ့။

5. သို့​ဖြစ်​၍​ကာ​မ​ဂုဏ်​လိုက်​စား​ခြင်း၊ ညစ်​ညမ်း​စွာ ကျင့်​ခြင်း၊ ပြင်း​ပြ​သော​တ​ဏှာ​ရမ္မက်၊ မ​ကောင်း​မှု ပြု​လုပ်​လို​သော​စိတ်​ရှိ​ခြင်း၊ လော​ဘ​လွန်​ကူး ခြင်း​အ​စ​ရှိ​သော​လော​ကီ​အာ​သာ​ရမ္မက်​များ ကို​သေ​စေ​ကြ​လော့။ (လော​ဘ​ကူး​ခြင်း​သည် ရုပ်​တု​ကိုး​ကွယ်​ခြင်း​တစ်​မျိုး​ပင်​ဖြစ်​၏။-)

6. ထို​ကဲ့​သို့​သော​အာ​သာ​ရမ္မက်​များ​ကြောင့်​ဘု​ရား သ​ခင်​၏​စ​ကား​ကို​မ​နာ​ခံ​သော​သူ​များ​သည် အ​မျက်​တော်​သင့်​ကြ​ပေ​အံ့။-

7. အ​ခါ​တစ်​ပါး​က​သင်​တို့​ကိုယ်​တိုင်​လည်း​ထို အ​ပြစ်​ဒု​စ​ရိုက်​များ​ကို​ကူး​လွန်​လျက် အ​သက်​ရှင်​နေ​ထိုင်​ခဲ့​ကြ​၏။

8. သို့​သော်​ယ​ခု​အ​ခါ​၌​သင်​တို့​သည်​အ​မျက် ထွက်​ခြင်း၊ စိတ်​ဆိုး​ခြင်း၊ မုန်း​တီး​ခြင်း၊ သူ​တစ် ပါး​အ​သ​ရေ​ကို​ဖျက်​ခြင်း၊ ညစ်​ညမ်း​သော စ​ကား​ကို​ပြော​ဆို​ခြင်း​စ​သည်​တို့​ကို​ပယ် ရှား​ကြ​လော့။-

9. တစ်ဦး​နှင့်​တစ်​ဦး​လိမ်​လည်​၍​မ​ပြော​ဆို​ကြ​နှင့်။ သင်​တို့​သည်​အ​ကျင့်​ဆိုး​များ​နှင့်​တ​ကွ​လူ ဟောင်း​ကို​ချွတ်​ပယ်​ကာ၊-

10. လူ​သစ်​ကို​ဝတ်​ဆင်​ကြ​လေ​ပြီ။ ဖန်​ဆင်း​တော်​မူ ရှင်​ဘု​ရား​သ​ခင်​သည် ထို​လူ​သစ်​အား​မိ​မိ​၏ ပုံ​သဏ္ဌာန်​တော်​နှင့်​အ​ညီ​အ​မြဲ​အ​သစ်​ပြု​ပြင် လျက်​နေ​တော်​မူ​၏။ ဤ​သို့​ပြု​တော်​မူ​ခြင်း​မှာ သင်​တို့​သည်​ကိုယ်​တော်​ကို​ပြည့်​ဝ​စုံ​လင်​စွာ သိ​ကျွမ်း​လာ​ကြ​စေ​ရန်​ပင်​ဖြစ်​ပေ​သည်။-

11. သို့​ဖြစ်​၍​ယု​ဒ​အ​မျိုး​သား၊ လူ​မျိုး​ခြား​ဟူ​၍ လည်း​ကောင်း၊ အ​ရေ​ဖျား​လှီး​ခံ​သူ​မ​ခံ​သူ​ဟူ ၍​လည်း​ကောင်း၊ မ​ယဉ်​ကျေး​သူ၊ လူ​ရိုင်း၊ ကျွန်၊ လွတ်​လပ်​သူ​ဟူ​၍​လည်း​ကောင်း​ကွဲ​ပြား​ခြား နား​မှု​မ​ရှိ​တော့​ချေ။ ခ​ရစ်​တော်​သည်​အ​လုံး စုံ​တို့​၌​ရှိ​၍​အ​လုံး​စုံ​ဖြစ်​တော်​မူ​သ​တည်း။

12. သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင်​များ ဖြစ်​ကြ​၏။ ကိုယ်​တော်​သည်​သင်​တို့​ကို​ချစ်​၍ မိ​မိ ပိုင်​ဆိုင်​သူ​များ​ဖြစ်​ရန်​ရွေး​ချယ်​တော်​မူ​သ​ဖြင့် က​ရု​ဏာ​ပြ​ခြင်း၊ သ​နား​ကြင်​နာ​ခြင်း၊ စိတ် နှိမ့်​ချ​ခြင်း၊ နူး​ညံ့​သိမ်​မွေ့​ခြင်း၊ စိတ်​ရှည်​ခြင်း တို့​ကို​ဝတ်​ဆင်​ကြ​လော့။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ကော​လော​သဲ 3