1. လူတို့အထဲမှ ရွေးကောက်ခြင်းခံရသောယဇ်ပုရောဟိတ်မင်းမှန်သမျှသည် အပြစ်ဖြေရာယဇ်များနှင့်ပူဇော်သက္ကာများကို လူတို့၏ကိုယ်စား ဘုရားသခင်ထံပူဇော်ဆက်ကပ်ရန် ခန့်ထားခြင်းခံရ၏။
2. သူကိုယ်တိုင်လည်း အားနည်းခြင်းများရှိသည်ဖြစ်၍ အသိတရားကင်းမဲ့လျက် လမ်းလွဲသောသူတို့ကို စာနာထောက်ထားနိုင်၏။
3. ဤအကြောင်းကြောင့် သူသည် လူတို့အတွက်သာမက မိမိအတွက်ပါ အပြစ်ဖြေရာယဇ်ကိုပူဇော်ရ၏။
4. ထို့ပြင် ဤဂုဏ်သရေရှိသောအရိုက်အရာကို မည်သူမျှ မိမိကိုယ်တိုင်ခံယူရရှိနိုင်သည်မဟုတ်။ အာရုန်ကဲ့သို့ ဘုရားသခင်၏ခေါ်ယူတော်မူခြင်းအားဖြင့်သာခံယူရရှိနိုင်၏။