17. မိမိ၏ကောက်နယ်တလင်းကိုလည်း အကုန်အစင်ရှင်းလင်းပြီး ဂျုံဆန်ကို မိမိ၏ကျီ၌စုသိမ်းရန် လက်တော်၌ ဆန်ကောကိုကိုင်ထားတော်မူ၏။ အဖျင်းကိုကား မငြိမ်းနိုင်သောမီးဖြင့် ရှို့တော်မူလိမ့်မည်”ဟု လူအပေါင်းတို့အားပြန်ပြောလေ၏။
18. ထိုသို့ ယောဟန်သည် အခြားသောအကြောင်းအရာအမျိုးမျိုးတို့ဖြင့် တိုက်တွန်းနှိုးဆော်ကာ လူတို့အား ကောင်းမြတ်သောသတင်းကိုဟောပြောလေ၏။
19. သို့ရာတွင် နယ်စားဟေရုဒ်သည် မိမိအစ်ကို၏ဇနီး ဟေရောဒိနှင့်ပတ်သက်၍လည်းကောင်း၊ မိမိကျူးလွန်ခဲ့သော မကောင်းမှုအလုံးစုံတို့နှင့်ပတ်သက်၍လည်းကောင်း ယောဟန်၏ဆိုဆုံးမခြင်းကိုခံရသောအခါ
20. ယောဟန်ကို ထောင်ထဲ၌ပိတ်လှောင်ထားခြင်းအားဖြင့် သူ၏မကောင်းမှုအလုံးစုံတို့အပေါ် ဤမကောင်းမှုကိုလည်း ထပ်ဆင့်၍ပြုလေ၏။
21. လူအပေါင်းတို့သည် ဗတ္တိဇံခံကြသောအခါ ယေရှုသည်လည်း ဗတ္တိဇံခံတော်မူပြီး ဆုတောင်းလျက်နေစဉ် ကောင်းကင်သည်ပွင့်၍