1. တဖန်မောရှေအား ထာဝရဘုရားက၊
2. သင်သည် ဣသရေလအမျိုးသားတို့အားဆင့်ဆိုရမည်မှာ၊ ငါသည် သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်၏။
3. သင်တို့နေဘူးသော အဲဂုတ္တုပြည်၏အကျင့်ကို၎င်း၊ သင်တို့ကို ငါပို့ဆောင်လတံ့သော ခါနာန်ပြည်၏အကျင့်ကို၎င်း၊ သင်တို့သည်မကျင့်၊ သူတို့ တရားလမ်းသို့မလိုက်ရကြ။