14. ထာဝရဘုရားအား ငှက်ကိုမီးရှို့ရာယဇ်ပြုလိုလျှင်၊ ခိုဖြစ်စေ၊ ချိုးကလေးဖြစ်စေ ဆောင်ခဲ့၍ ဆက်ရမည်။
15. ယဇ်ပုရောဟိတ်သည်၊ ယဇ်ပလ္လင်သို့ဆောင်ခဲ့၍၊ ခေါင်းကို လိမ်ဖြတ်ပြီးလျှင် ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ အသွေးကို ယဇ်ပလ္လင်နားမှာညှစ်ရမည်။
16. စာလုတ်မှစ၍ စာလုတ်၌ရှိသောအရာကို ချွတ်ပြီးလျှင်၊ ပြာစုထားရာအရပ်၊ ယဇ်ပလ္လင်အရှေ့ဘက်နား၌ ပစ်ထားရမည်။
17. အတောင်ပါလျက်ငှက်ကောင်ကိုခွဲဖွင့်၍၊ ယဇ်ပုရောဟိတ်သည်၊ ယဇ်ပလ္လင်ပေါ်၌ရှိသော ထင်းမီးအပေါ်မှာမီးရှို့ရမည်။ မီးရှို့သောယဇ်ဖြစ်သတည်း။ ထာဝရဘုရားအား မီးဖြင့်ဆက်ကပ်၍ မွှေးကြိုင်သောပူဇော်သက္ကာဖြစ်သတည်း။