10. ထိုမုန့်ကို တနေ့တနေ့လျှင် အကျပ်နှစ်ဆယ်စီ ချိန်၍ စားရမည်။
11. ရေကိုလည်းတနေ့တနေ့လျှင် တဗတ်စီခြင်၍ သောက်ရမည်။
12. မုယောမုန့်ပြားကို စားသကဲ့သို့ စားအံ့သောငှါ၊ လူများရှေ့တွင် လူ၏မစင်နှင့်ဖုတ်ရမည်။
13. ထိုသို့ ငါနှင်ထုတ်ရာအရပ်၊ တပါးအမျိုးသားတို့ နေရာ၌၊ ဣသရေလအမျိုးတို့သည် ညစ်ညူးသောမုန့်ကို စားရကြမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။