1. သက္ကရာဇ်သုံးဆယ်ပြည့်၊ ယေခါနိမင်းကြီး နန်းကျပဥ္စမနှစ်၊ စတုတ္ထလငါးရက်နေ့၌ ငါသည် သိမ်းသွားသော သူတို့တွင် ခေဗာမြစ်နားမှာရှိနေစဉ်၊
2. မိုဃ်းကောင်းကင်ပွင့်၍ ဘုရားသခင်၏ဗျာဒိတ် ရူပါရုံတို့ကို မြင်ရ၏။
3. ထိုအခါခါလဒဲပြည်၊ ခေဗာမြစ်နားမှာ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယဇ်ပုရောဟိတ် ဗုဇိသားယေဇကျေလ အမည်ရှိသော ငါဆီသို့ရောက်၍၊ ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်မှာ တင်လျက်ရှိ၏။
4. ငါကြည့်ရှု၍၊ ပြင်းစွာသော လေကြီးစွာသော မိုဃ်းတိမ်၊ ထွန်းလင်သော မီးစက်သည် မြောက်မျက်နှာမှ ပေါ်လာ၏။မီးစက်ထဲက ဟရှဓေလရွှေရောင် ထွက် လေ၏။
5. ထိုမီးစက်ထဲမှာ သတ္တဝါလေးပါးတို့သည် ထင်ရှားကြ၏။ ထိုသတ္တဝါတို့၏ အဆင်းသဏ္ဍာန်ဟူမူကား၊ လူ၏ပုံသဏ္ဍန်ကိုဆောင်၍၊
6. မျက်နှာလေးခုစီ၊ အတောင်လည်း လေးခုစီ ရှိကြ၏။
7. ခြေထောက်သည် ဖြောင့်သေည ခြေထောက်ဖြစ်၏။ ခြေဘဝါးသည် နွားသငယ်၏ ခြေဖဝါးကဲ့သို့ ဖြစ်၍ ဦးသစ်သော ကြေးဝါကဲ့သို့ တောက်လေ၏။ ကိုယ်လေးမျက်နျာအတောင်အောက်၌ လူလက်ရှိ၏။
8. ထိုလေးပါးတို့သည် မျက်နှာတို့နှင့်၎င်း၊ အတောင်တို့နှင့်၎င်း ပြည့်စုံကြ၏။
9. အတောင်ချင်းတခုနှင့်တခု စပ်လျက်ရှိ၍၊ ထိုသတ္တဝါတို့ သွားသောအခါတပါးမျှမလည်ဘဲ တည့်တည့်သွားတတ်ကြ၏။
10. မျက်နှာအဆင်းသဏ္ဍာန်ဟူမူကား၊ သတ္တဝါ လေးပါးတို့သည် လက်ျာဘက်၌ လူမျက်နှာ၊ ခြင်္သေ့ မျက်နှာနှင့်၎င်း၊ လက်ဝဲဘက်၌နွားမျက်နှာ၊ ရွှေလင်းတမျက်နှာနှင့်၎င်း ပြည့်စုံကြ၏။