11. ငါ၌အမျက်တော်ကိုနှိုးဆော်၍၊ ငါ့ကိုရန်သူကဲ့သို့ မှတ်တော်မူ၏။
12. စစ်ချီလာ၍၊ စစ်သူရဲတော်တို့သည် ငါ့ရှေ့သို့ရောက်ခြင်းငှါ၊ ကျုံးတူး၍ ငါ့ပတ်လည်၌ တပ်ချကြ၏။
13. ငါ့ညီအစ်ကိုတို့ကို ငါနှင့်ကွာဝေးစေတော်မူ၏။ ငါ့အသိအကျွမ်းတို့သည် ငါ့ကိုမသိ၊ ရိုင်းသောသူဖြစ်ကြ၏။
14. ငါ့ပေါက်ဘော်တို့သည် ငါ့ကိုစွန့်၍၊ ငါ့သူငယ်ချင်းတို့သည် မေ့လျော့ကြ၏။
15. ငါ့ကျွန်မများ၊ ငါ့အိမ်သူအိမ်သားများတို့သည် ငါ့ကိုဧည့်သည်ကဲ့သို့၎င်း၊ တကျွန်းတနိုင်ငံသားကဲ့သို့၎င်း မှတ်ကြ၏။