5. ချော်လဲလုသောသူကို ပစ်လိုက်သောမီးခွက်ကဲ့သို့ ကောင်းစားသောသူသည် မှတ်တတ်၏။
6. ထားပြလုပ်သောသူတို့၏နေရာသည် ကောင်းစားတတ်၏။ ဘုရားသခင်၏အာဏာတော်ကိုဆန်သော သူတို့သည် လုံခြုံစွာနေ၍၊ ဘုရားသခင်ပေးတော်မူသောစည်းစိမ်ကို ခံစားတတ်ကြ၏။
7. သားမျိုးနှင့် မိုဃ်းကောင်းကင်ငှက်တို့ကို မေးမြန်းလော့။ သူတို့သည် ဟောပြောသွန်သင်ကြလိမ့်မည်။
8. မြေကြီးနှင့် ပင်လယ်ငါးတို့ကို မေးမြန်းလော့။ သူတို့သည် ပြသ၍ ဥပဒေသပေးကြလိမ့်မည်။
9. ဤအမှုတို့ကို ထာဝရဘုရားစီရင်တော်မူကြောင်းကို၊ ထိုတိရစ္ဆာန်တကောင်မျှ မသိဘဲနေသလော။
10. အသက်ရှင်သောသတ္တဝါအပေါင်းတို့၏ ဇိဝအသက်နှင့် လူသတ္တဝါခပ်သိမ်းတို့၏ ထွက်သက်ဝင်သက်သည် ဘုရားသခင့်လက်တော်၌ ရှိ၏။