23. တဲတော်တောင်ဘက်၌ကာရန် ပျဉ်ပြားနှစ်ဆယ်ကိုလုပ်၍၊
24. ထိုပျဉ်ပြားနှစ်ဆယ်တွင်၊ တပြားတပြားအောက်၌ ခြေထောက်နှစ်ခုစီ စွပ်စရာဘို့ ငွေခြေစွပ်လေးဆယ်ကိုလုပ်လေ၏။
25. ထိုအတူ တဲတော်မြောက်ဘက်၌ကာရန် ပျဉ်ပြားနှစ်ဆယ်ကိုလုပ်၍၊
26. ထိုပျဉ်ပြား၌လည်း ငွေခြေစွပ်လေးဆယ်၊ တပြားနှစ်ခုစီလုပ်လေ၏။
27. တဲတော်အနောက်ဘက်၌ကာရန် ပျဉ်ပြားခြောက်ပြားကို၎င်း၊
28. ထောင့်တဘက်တချက်၌ကာရန် ပျဉ်ပြားနှစ်ပြားကို၎င်း လုပ်လေ၏။
29. အထက်၌၎င်း၊ အောက်၌၎င်း၊ ကွင်းကိုတပ်၍စေ့စပ်လျက် ထောင့်နှစ်ခုပြီးလေ၏။
30. ပျဉ်ပြားရှစ်ပြား၊ ငွေခြေစွပ်ဆယ်ခြောက်ခု၊ တပြားနှစ်ခုစီရှိလေ၏။
31. တဲတော်၌ ကာရသောပျဉ်ပြားကိုလျှိုစရာဘို့ အကာရှသား ကန့်လန့်ကျင် တို့ကို၊ တဘက်ငါးချောင်းစီလုပ်လေ၏။
32. တဲတော်နောက်ဖေး၌ ကာရသောပျဉ်ပြားကိုလျှိုစရာဘို့၊ ကန့်လန့်ကျင် ငါးချောင်းကိုလည်းလုပ်လေ၏။
33. အလယ်ကန့်လန့်ကျင်ကို ထောင့်တဘက်တချက်၌ဆုံးစေ၏။
34. ပျဉ်ပြားတို့ကို ရွှေနှင့်မွမ်းမံလေ၏။ ကန့်လန့်ကျင်လျှိုဘို့ရာ ရွှေကွင်းကိုလည်းလုပ်၍ ကန့်လန့်ကျင်တို့ကို ရွှေနှင့်မွမ်းမံလေ၏။
35. တနည်းကား၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့်ပြီး၍၊ ခေရုဗိမ်အရုပ်နှင့်၊ ချယ်လှယ်သောကုလားကာတထည်ကို၎င်း၊