43. ပသခါပွဲတရားဟူမူကား၊ တပါးအမျိုးသားမစားရ။
44. သို့ရာတွင် ငွေနှင့်ဝယ်သောကျွန်သည် အရေဖျားလှီးမင်္ဂလာကိုခံပြီးလျှင် စားရ၏။
45. တကျွန်းတနိုင်ငံသားဖြစ်စေ၊ အခစားသောကျွန်ဖြစ်စေ၊ မစားရ။
46. တအိမ်တည်း၌တကောင်ကိုစားရ၏။ အသားကိုအိမ်ပြင်သို့ယူမသွားရ။ အရိုးကိုလည်းမချိုးရ။
47. ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့သည် ထိုပွဲကိုခံရကြမည်။
48. သင်တို့ထံမှာတည်းခိုသော တပါးအမျိုးသားသည် ထာဝရဘုရားအဘို့ ပသခါပွဲကိုခံခြင်းငှာအလိုရှိလျှင်၊ သူ၌ရှိသောယောက်ျားအပေါင်းတို့သည် အရေဖျားလှီးမင်္ဂလာကိုခံကြစေ။ သို့ပြီးမှထိုသူသည် ပြည်သားကဲ့သို့ဖြစ်သောကြောင့်၊ ချဉ်း၍ထိုပွဲသို့ဝင်စေ။ အရေဖျားလှီးမင်္ဂလာကိုမခံသောသူမည်သည်ကား၊ ထိုပွဲ၌ဝင်၍ မစားရ။
49. အမျိုးသားချင်းဖြစ်သောသူ၊ သင်တို့တွင်တည်းခိုသော တပါးအမျိုးသားဖြစ်သောသူတို့သည်၊ တပါးတည်းသောတရားနှင့်ဆိုင်ကြ၏ဟု ထာဝရဘုရားသည် မောရှေနှင့်အာရုန်၌ ပညတ်ထားတော်မူ၏။
50. ထိုသို့ မောရှေနှင့်အာရုန်၌ ထာဝရဘုရားပညတ်ထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားအပေါင်းတို့သည် ပြုကြ၏။
51. ထိုနေ့ခြင်းတွင် ထာဝရဘုရားသည်၊ ဣသရေလအမျိုးသားဗိုလ်ခြေတို့ကို အဲဂုတ္တုပြည်မှဆောင်သွားတော်မူပြီးလျှင်၊