5. အကျွန်ုပ်တို့ကို ကယ်တင်တော်မူသော ဘုရား၊ အကျွန်ုပ်တို့၏ ပဌနာကို နားထောင်၍ အံ့ဘွယ်သော အမှုတို့ကို တရားတော်နှင့်အညီ ပြတော်မူ၏။ ကိုယ်တော်သည် ဝေးစွာသော မြေကြီးစွန်းနှင့်၊ ပင်လယ်စွန်းတို့၌ နေသောသူတို့၏ ကိုးစားရာ ဖြစ်တော်မူ၏။
6. ကိုယ်တော်သည် တန်ခိုးနှင့် ပြည့်စုံသဖြင့်၊ အားကြီး၍ တောင်များကို တည်စေတော်မူ၏။
7. သမုဒ္ဒရာမြည်သံ၊ လှိုင်းတံပိုးဟုန်းသံ၊ လူတို့ ရုန်းရင်းခတ်သံများကိုလည်း ငြိမ်းစေတော်မူ၏။
8. အဝေးဆုံးသော အရပ်တို့၌နေသော သူတို့သည် ကိုယ်တော်၏ နိမိတ်များကို မြင်၍ ကြောက်ရွံ့ကြ ပါ၏။ နေထွက်ရာအရပ်နှင့် နေဝင်ရာအရပ်တို့ကို ရွှင်လန်းစေတော်မူ၏။
9. မြေကြီးကို အကြည့်အရှုကြွလာ၍၊ မိုဃ်းကို များစွာ ရွာစေလျက်၊ ရေနှင့် ပြည့်သော ဘုရားသခင်၏ မြစ်အားဖြင့် အလွန်ကြွယ်ဝစေတော်မူ၏။ ထိုသို့ မြေကို ပြုပြင်ပြီးမှ၊ မြေသားတို့အဘို့ စပါးကို ပြုပြင်တော်မူ၏။