1. ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
2. ဘုရားတို့၏အရှင်၊ ဘုရားသခင်၏ ကရုဏာ တော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ်ကျေးဇူး တော်ကို ချီးမွမ်းကြလော့။
3. အရှင်တို့၏သခင်၊ ဘုရားရှင်၏ ကရုဏာတော် အစဉ်အမြဲ တည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
4. ကရုဏာတော် အစဉ်အမြဲတည်သည်ဖြစ်၍၊ အံ့ဘွယ်သောအမှုတို့ကို တပါးတည်းသာပြုတော် မူထသော၊
5. ကရုဏာတော်အစဉ်အမြဲ တည်သည်ဖြစ်၍၊ ပညာတရားအတိုင်း ကောင်းကင်ကို ဖန်ဆင်းတော်မူ ထသော၊