1. ထိုနောက်၊ လူအာဒံသည် မယားဧဝနှင့် ဆက်ဆံသဖြင့်၊ ဧဝသည် ပဋိသန္ဓေစွဲယူ၍၊ ကာဣနကိုဘွားမြင်လျှင်၊ ထာဝရဘုရား၏လူကိုငါရပြီဟု ဆိုလေ၏။
2. တဖန်သူ့ညီအာဗေလေကို ဘွားမြင်လေ၏။ အာဗေလကား သိုးထိန်းဖြစ်၏။ ကာဣနကားလယ်လုပ်သောသူဖြစ်၏။
3. အချိန်စေ့သောအခါ၊ ကာဣနသည် ထာဝရဘုရားထံပူဇော်သက္ကာဘို့၊ မြေအသီးကိုဆောင်ခဲ့၏။
4. အာဗေလသည်လည်း မိမိသိုးစုတွင် အဦးဘွားသောသားအချို့နှင့်၊ သိုးဆီဥကိုဆောင်ခဲ့၏။ ထာဝရဘုရားသည် အာဗေလနှင့် သူ၏ပူဇော်သက္ကာကိုပမာဏ ပြုတော်မူ၏။
5. ကာဣနနှင့်သူ၏ ပူဇော်သက္ကာကိုပမာဏပြုတော်မမူ၊ ထိုကြောင့် ကာဣနသည်အလွန်စိတ်ဆိုး၍ မျက်နှာပျက်လေ၏။
6. ထာဝရဘုရားကလည်း သင်သည် အဘယ်ကြောင့်စိတ်ဆိုးသနည်း။ အဘယ်ကြောင့် မျက်နှာပျက်သနည်း။