37. ကိုယ်တော်သည် ဘုန်းပွင့်တော်မူသောအခါ အကျွန်ုပ်တို့သည် လက်ျားဘက်၌တယောက်၊ လက်ဝဲတော်ဘက်၌ တယောက်တိုင်ရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်ကြ၏။
38. ယေရှုကလည်း၊ သင်တို့သည် အဘယ်သို့တောင်းပန်သည်ကို သင်တို့မသိကြ။ ငါသောက်သောခွက်ကို သောက်ခြင်းငှါ၎င်း၊ ငါခံသောဗတ္တိဇံကိုခံခြင်းငှါ၎င်း၊ သင်တို့သည် တတ်စွမ်းနိုင်သလောဟု မေးတော်မူလျှင်၊
39. အကျွန်ုပ်တို့သည် တတ်စွမ်းနိုင်ပါ၏ဟု လျှောက်ကြသော်၊ ယေရှုက၊ ငါသောက်သောခွက်ကို သင်တို့သည် သောက်ရကြလိမ့်မည်။ ငါခံသောဗတ္တိဇံကိုလည်း သင်တို့သည်ခံရကြလိမ့်မည်။
40. သို့သော်လည်း ငါလက်ျာဘက်လက်ဝဲဘက်မှာ ထိုင်ရသောအခွင့်ကိုကား အကြင်သူတို့အဘို့အလိုငှါ ပြင်ဆင်၏၊ ထိုသူတို့အားသာ ငါပေးပိုင်သည်ဟု မိန့်တော်မူ၏။
41. အခြားသော တပည့်တော်တကျိပ်တို့သည်ကြားသိလျှင်၊ ယာကုပ်နှင့်ယောဟန်တို့ကို အမျက်ထွက်ကြ၏။
42. ယေရှုသည် ထိုသူတို့ကိုခေါ်တော်မူ၍၊ သင်တို့သိသည်အတိုင်း လောကီမင်းတို့သည် အစိုးတရပြုတတ်ကြ၏။ အကဲအမှုးတို့သည် အာဏာထားတတ်ကြ၏။
43. သင်တိုမူကား၊ ထိုသို့မပြုကြနှင့်။ သင်တို့တွင် အကဲအမှူးပြုလိုသောသူသည် သင်တို့အစေခံဖြစ်ရမည်။
44. သင်တို့တွင် အထွဋ်အမြတ်လုပ်ချင်သောသူသည်လည်း အလုံးစုံတို့၏စေခိုင်းရာ ကျွန်ဖြစ်ရမည်။
45. အကြောင်းမူကား၊ လူသားသည် သူတပါးကို စေစားခြင်းငှါမလာ၊ သူတပါးအစေကို ခံခြင်းငှါ၎င်း၊ မိမိအသက်ကိုစွန့်၍ လူများကို ရွေးခြင်းငှါ၎င်း၊ ကြွလာသတည်းဟု မိန့်တော်မူ၏။
46. ယေရိခေါမြို့သို့ရောက်ကြလျှင်၊ တပည့်တော်တို့မှစ၍ များစွားသောလူအပေါင်းတို့နှင့်တကွ ထိုမြို့မှ ထွက်ကြွတော်မူစဉ်တွင်၊ တိမဲ၏သား ဗာတိမဲအမည်ရှိသော လူကန်းသည် လမ်းနားမှာထိုင်၍ တောင်းစားလေ ၏။
47. နာဇရက်မြို့သား ယေရှုရှိကြောင်းကို ကြားရလျှင်၊ ဒါဝိဒ်၏သားတော်ယေရှု၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါဟု ဟစ်ကြော်လေ၏။